Military Coup Myanmar
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
  • mm Myanmar
  • en English
No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
No Result
View All Result
Military Coup Myanmar
No Result
View All Result

ရမ်းဗြဲမြို့ကို စစ်ကောင်စီလေတပ်က ဆက်တိုက်ဗုံးကြဲနေ

AA နှင့် တိုက်ပွဲပြင်းထန်နေသော ရခိုင်ပြည်နယ်တောင်ပိုင်း ရမ်းဗြဲမြို့ကို ၃ ရက်မြောက်နေ့အဖြစ် စစ်ကောင်စီလေတပ်၊ ရေတပ်တို့က တိုက်ခိုက်နေသည်ဟု မြို့ခံများက ပြောသည်။

February 9, 2024
in သတင်း
Reading Time:1 min read
Share on FacebookShare on Twitter

ရက္ခိုင့်တပ်တော် (AA) နှင့် တိုက်ပွဲပြင်းထန်နေသော ရခိုင်ပြည်နယ်တောင်ပိုင်း ရမ်းဗြဲမြို့ကို စစ်ကောင်စီလေတပ်က ယနေ့ (ဇန်နဝါရီ ၂၆) တွင် ၃ ရက်မြောက်နေ့အဖြစ် ဗုံးကြဲတိုက်ခိုက်နေသည်ဟု မြို့ခံများထံမှ သိရသည်။တိုက်ပွဲအတွင်း ရေတပ်ကလည်း ပစ်ခတ်နေသည်ဟု အသက် ၄၀ အရွယ် မြို့ခံတစ်ဦးက ပြောသည်။

“မနက် ၁၀ နာရီလောက်ကနေ ဗုံးကြဲတယ်။ ၁၁ နာရီလောက်မှာတော့ ရပ်တန့်သွားတယ်။ မြို့အခြေအနေ မီးလောင်တာတွေရှိတယ်။ ကျွန်တော်တို့ကတော့ မြို့ထဲကို ဝင်မရတော့ အဝေးက ကြည့်နေရတယ်။ မီးခိုးတွေ ထွက်နေတာ မြင်ရတယ်” ဟု ၎င်းက ဆိုသည်။

ရေပတ်လည်ဝိုင်းနေသည့် ရမ်းဗြဲမြို့တည်ရှိရာ ရမ်းဗြဲကျွန်းသည် မြန်မာနိုင်ငံ၏ အကြီးဆုံးကျွန်းမကြီးတစ်ခုဖြစ်ပြီး ကျောက်ဖြူ၊ မာန်အောင်၊ တောင်ကုတ်မြို့နယ်များကြားတွင် တည်ရှိသည်။၂၀၁၉ ခုနှစ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စာရင်းအရ ရမ်းဗြဲမြို့တွင် လူဦးရေ ၉၈၃၇၀ နေထိုင်သည်။ ရမ်းဗြဲမြို့တည်ရှိရာ ရမ်းဗြဲကျွန်းမှာ တရုတ်နှင့် ဆက်သွယ်ထားသည့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းစတင်သည့် နေရာဖြစ်ပြီး ပိုက်လိုင်းမှာ တရုတ်နယ်စပ်အထိ အရှည် ၇၀၀ ကီလိုမီတာကျော် ရှိသည်။

လက်နက်ကြီးပစ်ကူပေးနေသည့် ရေတပ်သင်္ဘောမှာ ကလိန်တောင်မြစ်တွင် ရှိနေသည်၊ ရပ်ကွက် ၆ ရပ်ကွက်ရှိသော ထိုမြို့တွင် နေအိမ်အများအပြား ပျက်စီးသွားပြီဖြစ်သည်ဟု ဆိုသည်။

“အခြားမြို့တွေကို ဒီလောက်ဗုံးကြဲတာ မတွေ့ဖူးဘူး။ ရမ်းဗြဲမြို့ကို ဘာလို့ ဒီလောက်ထိ ဗုံးကြဲနေလဲမသိဘူး” ဟု အထက်ပါ မြို့ခံက ပြောသည်။

ရမ်းဗြဲမြို့ကို ဇန်နဝါရီ ၂၄ တွင် လေကြောင်းဖြင့် ၃၃ ကြိမ်ထက်မနည်း ဆက်တိုက်ဗုံးကြဲခဲ့သည်၊ နောက်တစ်နေ့တွင် တိုက်ပွဲ ကြီးကြီးမားမားမရှိသော်လည်း Y-12 လေယာဉ်များဖြင့် ဗုံးကြဲသည့်အပြင် လက်နက်ကြီးဖြင့်လည်း ပစ်ခတ်ခဲ့သည်။

တိုက်ခိုက်မှုကြောင့် လူနေအိမ်၊ အဆောက်အအုံနှင့် ချောင်းကူးတံတားအချို့ ထိမှန်ပျက်စီးခဲ့သည်။

စစ်ကောင်စီ၏ တိုက်ခိုက်မှုကြောင့် ရမ်းဗြဲမြို့မရဲစခန်းအနောက်ဘက်ရှိ ရမ္မာဝတီစျေးဆိုင်တန်းမှ ဆိုင်ခန်း ၆ ခန်းကျော် မီးလောင်သွားသည်ဟု ညီနောင်မဟာမိတ်သုံးဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။တိုက်ပွဲများမှာ ရမ်းဗြဲ၊ ရသေ့တောင်၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော် စသည့် ရခိုင်ပြည်နယ်မှ မြို့နယ်များတွင် ပြင်းထန်စွာဖြစ်ပွားနေသည်။

ရသေ့တောင်အခြေစိုက် ခမရ ၅၃၆၊ ၅၃၇၊ ၅၃၈ မင်းပြားအခြေစိုက် ခမရ ၃၇၉၊ ၃၈၀၊ ၅၄၁၊ မြောက်ဦးအခြေစိုက် ခမရ ၃၇၇၊ ၃၇၈၊ ၅၄၀ ၊ ကျောက်တော်အခြေစိုက် ခမရ ၃၇၄၊ ၃၇၅၊ ၃၇၆ တို့နှင့် တိုက်ပွဲပြင်းထန်နေကြောင်း ညီနောင်မဟာမိတ်သုံးဖွဲ့က ဇန်နဝါရီ ၂၀ တွင် ထုတ်ပြန်ထားသည်။

ဒေသတွင်းတိုက်ပွဲအခြေအနေ အသေးစိတ်ကို Myanmar Now က စုံစမ်းနေဆဲဖြစ်ပြီး စစ်ကောင်စီက ရခိုင်ဒေသကို ဆက်သွယ်ရေးဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ဖြတ်တောက်ထားသဖြင့် ဒေသခံများနှင့် အဆက်အသွယ်ရရှိရန် ခက်ခဲနေသည်။

ဇန်နဝါရီလ ၂၁ ရက်နေ့က မင်းပြားမြို့သို့ စစ်အင်အားဖြည့်တင်းရန် လာရောက်သည်ဟု ယူဆရသည့် စစ်သင်္ဘော ၄ စီးသည် AA ၏ ကြားဖြတ်တိုက်ခိုက်ခံရမှုကြောင့် ယမန်နေ့ ဇန်နဝါရီ ၂၅ မွန်းလွဲ ၁၁ နာရီတွင် ပြန်လည်ဆုတ်ခွာသွားခဲ့ရသည်ဟု မင်းပြားဒေသခံတစ်ဦးက ပြောသည်။

အဲ့နေဗီ (သင်္ဘော) လေးစီးက ကျွန်တော်တို့ရွာဘက်က ဖြတ်ပြီး ဆုတ်သွားတယ်။ ရွာကိုတော့ လက်နက်ကြီးတွေနဲ့ ပစ်ခဲ့တယ်။ ရွာမှာတော့ အထိအခိုက်မရှိခဲ့ဘူး။ စစ်သားအလောင်းတွေကိုတော့ ကျားရဲပြင်ရွာထဲမှာ မြှုပ်ခဲ့ပါတယ်တဲ့။ အဲဒီ အလောင်းတွေကို အခု ရွာသားတွေ ပြန်ဖော်နေရတယ်” ဟု ၎င်းက ဆိုသည်။ကျားရဲပြင်ရွာသည် မင်းပြားမြို့နှင့် သုံးမိုင်ခန့်ဝေးကွာပြီး စစ်ကူရောက်ရှိလာသည့် စစ်သင်္ဘောများသည် ထိုရွာအနီး မြစ်တွင် ရပ်နားခဲ့ကြသည်။

မင်းပြားတိုက်ပွဲတွင် စစ်ကောင်စီသည် ကြည်း၊ ရေ၊ လေ တပ်များဖြင့် ခုခံ ကာကွယ်လျက်ရှိနေသည်။

စစ်မြေပြင်အနေအထားတွင် တစ်ပန်းသာနေသည့် AA က မင်းပြားသို့ စစ်ကူလာသည့် သင်္ဘောများကို ဟန့်တား တိုက်ခိုက်နိုင်ခဲ့သည်ဟု ညီနောင်မဟာမိတ်သုံးဖွဲ့က ယမန်နေ့က ထုတ်ပြန်သည်။

ယမန်နေ့က ထိုသင်္ဘောများက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သဖြင့် ဇီးပင်ကြီးရွာမှ ၁၃ နှစ်အရွယ် မိန်းကလေးငယ်အပါအဝင် မိသားစုဝင် ၃ ဦး ဒဏ်ရာရရှိသည်၊ ဇန်နဝါရီ ၂၄ ကလည်း မင်းပြားမြို့နယ်၊ ကြပ်စင်မြစ်ထဲရှိ စစ်သင်္ဘောက ပစ်ခတ်သောကြောင့် သဲတန်းရွာမှ အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရရှိသွားသည်ဟု ညီနောင်မဟာမိတ်သုံးဖွဲ့က ယမန်နေ့က ထုတ်ပြန်သည်။

စစ်ကောင်စီက တိုက်ပွဲသတင်းများ ထုတ်ပြန်ခြင်း မရှိပေ။ အရပ်သားသေဆုံးမှု၊ နေအိမ်မီးရှို့မှုများမှာ တော်လှန်ရေးအဖွဲ့များ၏ လက်ချက်ဖြစ်သည်ဟူသော ကြေညာချက်များကိုမူ နေ့စဉ် ထုတ်ပြန်နေသည်။

မြို့တော်စစ်တွေရှိ စစ်ကောင်စီခံစစ်

ပြည်နယ်စစ်ကောင်စီရုံးစိုက်ရာ စစ်တွေမြို့နှင့် ရေလမ်းခရီး ၁ နာရီခန့်သာ သွားရသည့် ပေါက်တောမြို့ကို AA က သိမ်းပိုက်လိုက်ရာ စစ်ကောင်စီတပ်သည် စစ်တွေမြို့ကို နည်းလမ်းမျိုးစုံဖြင့် ကာကွယ်နေရသည်ဟု ဒေသခံတစ်ဦးက ပြောသည်။စစ်ကောင်စီတပ်သည် မြို့အစွန်ရှိ တောကန်၊ ရဲရုပ်​ပြင်ကဲ့သို့ရွာများကိဖျက်ဆီးသည့်နည်းဖြင့်ဒေသခံများမနေနိုင်စေရန်လုပ်ဆောင်နေသည်၊ မြို့ပတ်ဝန်းကျင်တွင်လုံခြုံရေးထူထပ်စွာချထားသည်ဟု စစ်တွေမြို့ခံတစ်ဦးက ပြောသည်။

“စစ်တွေကို သူတို့ကာမယ်ပေါ့။ စစ်တွေမှာ သူတို့ဟာ တောကန်၊ ရွာဘို ရွာတွေကို ရှင်းပစ်တယ်။ အဲဒီနေရာတွေမှာ လူမနေအောင် လုပ်ပစ်တယ်။ ပါဒလိတ်၊ ကံ့ကော်ကျွန်းတို့ အဲဒီဘက်နေ သူတို့ကာပြီလေ။ ချောင်းတစ်ရိုး သူတို့ အားလုံးကာတယ်။ တောကန်ရွာကို သူတို့မီးရှို့လိုက်တယ်။ ပြီးတော့ ပါဒလိတ်တို့၊ ကျောက်တန်းဂိတ်တွေမှာ အင်အားတိုးချထားတယ်လို့ သိရတယ်” ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် စစ်တွေမြို့တွင် MPT ဖုန်းလိုင်းများ လုံးဝပြတ်တောက်နေကာ အခြားဆက်သွယ်ရေးလိုင်းများကိုလည်း အင်တာနက်ဆက်သွယ်မှု ဖြတ်တောက်ထားကြောင်း၊ စစ်ကောင်စီပိုင်ဘဏ်များမှလွဲပြီး တခြားပုဂ္ဂလိကဘဏ်များလည်း ငွေလွှဲ၊ ငွေထုတ် ဝန်ဆောင်မှုပေးနိုင်ခြင်းမရှိသဖြင့် ဘဏ်များပိတ်ထားရသည်ဟု ၎င်းက ပြောသည်။

“စစ်တွေကို သူတို့ထိန်းထားတဲ့သဘော။ စစ်တွေကို ထိန်းနိုင်အောင် လုပ်ထားတာ။ အခုဆိုရင် အင်တာနက်လိုင်းတွေဖြတ်၊ ဖုန်းလိုင်းတွေဖြတ်ထားတယ်။ အဆက်အသွယ်အားလုံး ဖြတ်တောက်နိုင်တဲ့သဘောပဲ” ဟု ၎င်းက ဆိုသည်။မြို့တွင်းတိုက်ပွဲများ ဖြစ်ပွားလာမည်ကို စိုးရိမ်၍ စစ်တွေဒေသခံများသည် ရန်ကုန်နှင့် ကျေးလက်ဒေသများသို့ ရွှေ့ပြောင်းနေကြသည်ဟု သိရသည်။

AA သည် ပလက်ဝမြို့၊ ပေါက်တောမြို့တို့ကို တိုက်ခိုက်သိမ်းပိုက်ထားပြီး ရခိုင်ဒေသတွင် ဆက်လက်ထိုးစစ်ဆင်နေသကဲ့သို့ ရှမ်းမြောက်ဒေသနှင့် စစ်ကိုင်းတိုင်း ထီးချိုင့်မြို့တို့တွင်လည်း စစ်ကောင်စီကို တိုက်ခိုက်နေသည်။

SOURCE – MYANMAR NOW

Related Posts

ဖားကန့်မြို့တွင် လက်နက်ကြီးကြောင့် အဘွားအို၊ သုံးနှစ်သားအပါအဝင် ကိုးဦး သေဆုံး မြို့အနောက်ဘက်ရှိ စစ်တပ်ကုန်းတစ်ခုကို KIA သိမ်းပြီးနောက် မြို့ပေါ်ရှိ စစ်တပ်က လက်နက်ကြီးများ နေ့စဉ်ပစ်ခတ်နေရာ ရက်ပိုင်းအတွင်း လူမမယ်ကလေးငယ်အပါအဝင် ကိုးဦး သေဆုံးကာ လူ ၃၀ ကျော် ဒဏ်ရာရသည်။
သတင်း

ဖားကန့်မြို့တွင် လက်နက်ကြီးကြောင့် အဘွားအို၊ သုံးနှစ်သားအပါအဝင် ကိုးဦး သေဆုံး မြို့အနောက်ဘက်ရှိ စစ်တပ်ကုန်းတစ်ခုကို KIA သိမ်းပြီးနောက် မြို့ပေါ်ရှိ စစ်တပ်က လက်နက်ကြီးများ နေ့စဉ်ပစ်ခတ်နေရာ ရက်ပိုင်းအတွင်း လူမမယ်ကလေးငယ်အပါအဝင် ကိုးဦး သေဆုံးကာ လူ ၃၀ ကျော် ဒဏ်ရာရသည်။

August 9, 2025

ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် စစ်တပ်၏ လက်နက်ကြီးပစ်ခတ်မှုများကြောင့် ယခုရက်ပိုင်း...

သက်ငယ်မုဒိမ်းမှု ကျူးလွန်သူထံက လာဘ်ငွေယူ အမှုပြောင်းပြီး ထောင် ၂ လသာချမှတ်
သတင်း

သက်ငယ်မုဒိမ်းမှု ကျူးလွန်သူထံက လာဘ်ငွေယူ အမှုပြောင်းပြီး ထောင် ၂ လသာချမှတ်

July 24, 2025

ဧရာဝတီတိုင်း၊ အိမ်မဲမြို့နယ်၊ ခြောက်အိမ်တန်းကျေးရွာမှာ ဦးလေးဖြစ်သူရဲ့ အဓမ္မပြုကျင့်တာ...

အိန္ဒိယစစ်တပ်က စစ်ကောင်စီတပ်ကို ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှုဆိုင်ရာ သင်တန်းပေး
သတင်း

အိန္ဒိယစစ်တပ်က စစ်ကောင်စီတပ်ကို ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှုဆိုင်ရာ သင်တန်းပေး

July 24, 2025

စစ်ကောင်စီတပ်နဲ့ အိန္ဒိယတပ်မတော်တို့ ပူးပေါင်းကာ  ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှုဆိုင်ရာ...

You can copy without credits to our site. We Need Freedom.

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • အဖွဲ့အစည်းများ (CDM)
  • mm Myanmar
  • en English