Military Coup Myanmar
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
  • mm Myanmar
  • en English
No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
No Result
View All Result
Military Coup Myanmar
No Result
View All Result

ဖေဖော်ဝါရီ ၀၈၊ ၂၀၂၄။ (ကြာသပတေး)

February 8, 2024
in အာဏာသိမ်း ဒိုင်ယာရီ
Reading Time:1 min read
Share on FacebookShare on Twitter

ရက္ခိုင်ပြည်နယ် မင်းပြား၊ ကျောက်တော်၊ မြောက်ဦးမြို့ (၃) မြို့ရှိ စစ်ကောင်စီ၏တပ်စခန်းများအားလုံးနီးပါး သိမ်းယူပြီးဖြစ်ကြောင်းအေအေကထုတ်ပြန်ကြေညာလိုက်တယ်။အဆိုပါမြို့သုံးမြို့ရှိစစ်ကောင်စီတပ်စခန်းများ အားလုံးသိမ်းနိုင်ရေး AAက တစ်လကျော်သာ တိုက်ခိုက်ခဲ့ရတယ်။

ထိုသုံးမြို့တွင် စစ်ကောင်စီ၏ အမှတ်(၉)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၉) တပ်ရင်း၁၀ ရင်း အခြေစိုက်ထားခြင်းဖြစ်ပြီးAAကတပ်ရင်း(၁၀)ရင်းလုံးကိုသိမ်းယူမည်ဟုအသိပေးကာအချိန်တိုအတွင်းသိမ်းပိုက်နိုင်လိုက်တာပါ။ဖေဖော်ဝါရီ ၆ရက်က မင်းပြားရှိ ခမရ(၃၇၉)၊ ခမရ(၅၄၁) တပ်ရင်းများနဲ့ ဇန်နဝါရီ ၂၈ရက်တွင် ခမရ(၃၈၀) တပ်ရင်းကိုသိမ်းပိုက်နိုင်ခဲ့တယ်။ မြောက်ဦး ရှိ စစ်ကောင်စီတပ်ရင်းများအနက် ဖေဖော်ဝါရီ ၇ရက်တွင် ခမရ(၃၇၇)တပ်ရင်း၊ ဖေဖော်ဝါရီ ၅ရက်တွင် ခမရ(၃၇၈)တပ်ရင်း၊ ဇန်နဝါရီ ၃၀တွင် ခမရ(၅၄၀)တပ်ရင်း တို့ကိုလည်း သိမ်းယူနိုင်ခဲ့တယ်။အလားတူ ကျောက်တော်ရှိ ခမရ(၃၇၄) ၊ ခမရ(၃၇၅) နှင့် ခမရ(၃၇၆) တပ်ရင်းများကိုလည်း AAက သိမ်းယူထားပြီးပါပြီ။အဆိုပါ တပ်ရင်းများကို သိမ်းပိုက်စဉ် လက်နက်ခဲယမ်းများစွာရရှိခဲ့သေးတယ်။အခုဆိုရင်ရခိုင်မြောက်ပိုင်းမှာအခြေစိုက်ထားတဲ့စစ်ကောင်စီရဲ့စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ၉)တစ်ခုလုံးခြေမှုန်းခံလိုက်ရပါပြီ။ရှမ်းမြောက်လောက်ကိုင်မှာဒေသကွပ်ကဲမှုဌာနချုပ်တစ်ခုလုံးလက်နက်ချပြီးနောက်မှာရခိုင်မှာထိုကဲ့သို့တပ်မတစ်ခုစာအင်အားပြုန်တီးသွာခြင်းပဲ။

AAဟာ ၂၀၂၃ အောက်တိုဘာ ၂၇ရက်က ရှမ်းမြောက်၌ ဖော်ဆောင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးတွင် ပါဝင်တိုက်ခိုက်ခဲ့သည့်အပြင် နိုဝင်ဘာ ၁၃ရက်တွင် ရက္ခိုင်နှင့် ပလက်၀ရှိ စစ်ကောင်စီတပ်စခန်းများကို စတင်ထိုးစစ်ဆင်ကာ အချိန်တိုအတွင်း စစ်ကောင်စီတပ်စခန်း ရာချီသိမ်းပိုက်နိုင်ခဲ့ကာ လက်ရှိတွင် ပလက်၀၊ ပေါက်တော၊ မင်းပြား၊ ကျောက်တော်၊ မြောက်ဦး မြို့ ၅မြို့ကို စိုးမိုးထိန်းချုပ်နိုင်သည်အထိ တိုက်ပွဲများ၌ အနိုင်နေပါပြီ။စစ်ကောင်စီအနေဖြင့် လေကြောင်း၊ ရေကြောင်း၊ လက်နက်ကြီး ပစ်ကူများသုံးခုခံခဲ့သော်လည်း တပ်ရင်း နှင့် တပ်စခန်းများ တစ်ခုပြီး တစ်ခုစွန့်လွှတ်ခဲ့ရတယ်။လက်ရှိမှာတော့ရခိုင်မြောက်ပိုင်းအစပ် မောင်တောရှိ စစ်ကောင်စီတပ်စခန်တွေကိုဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်။

Related Posts

မေ ၀၄၊ ၂၀၂၅။ (တနင်္ဂနွေ)
အာဏာသိမ်း ဒိုင်ယာရီ

မေ ၀၄၊ ၂၀၂၅။ (တနင်္ဂနွေ)

May 4, 2025

စစ်ကိုင်းငလျင်ကြီးလှုပ်ပြီးတာ တစ်လကျော်ကြာခဲ့ပါပြီ။ဒီတစ်လအတွင်းမှာ ငလျင်ဒဏ်သင့် ပြည်သူတွေရဲ့နေထိုင်မှုဘဝအခြေအနေကတော့ တိုးတက်လာခြင်းမရှိသေးပါဘူး။အိမ်ပြိုသွားပြီး...

မေ ၀၃၊ ၂၀၂၅။ (စနေ)
အာဏာသိမ်း ဒိုင်ယာရီ

မေ ၀၃၊ ၂၀၂၅။ (စနေ)

May 3, 2025

တရုတ်ရဲ့ဖိအားပေးမှုတွေဟာ တော်လှန်ရေးကို တဖြည်းဖြည်းနဲ့ ကျဥ်းထဲကြပ်ထဲရောက်လာနေပါပြီ။တော်လှန်ရေးက ၄...

မေ ၀၂၊ ၂၀၂၅။ (သောကြာ)
အာဏာသိမ်း ဒိုင်ယာရီ

မေ ၀၂၊ ၂၀၂၅။ (သောကြာ)

May 2, 2025

စစ်​ကောင်စီ နှင့် TNLA တို့၏ ကူမင်း​ဆွေး​နွေးပွဲသ​ဘောတူညီချက်မရ​ကြောင်း...

You can copy without credits to our site. We Need Freedom.

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • အဖွဲ့အစည်းများ (CDM)
  • mm Myanmar
  • en English