စစ်ကောင်စီဟာရခိုင်နဲ့ရှမ်းမြောက်မှာအဖတ်ဆယ်မရအောင်ရှုံးနိမ့်နေပေမယ့်စစ်ကိုင်းတိုင်းထဲမှာတော့ထိုးစစ်တွေပြန်စနေပါတယ်။စစ်ကိုင်းတိုင်းထဲမှာNUGကသိမ်းပိုက်ထားတဲ့မြို့တွေဖြစ်တဲ့ကောလင်း၊ခမ်းပတ်၊မော်လူးနဲ့ရွေပြည်အေးမြို့တွေရှိတယ်။ထိုမြို့များထဲမှ ရွှေပြည်အေးမြို့အား စစ်ကောင်စီက ဇန်နဝါရီလ (၂၃) ရက်မှ စ၍ ပြန်လည်ထိုးစစ်ဆင်လာရာ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးအခုတော့ စစ်ကောင်စီတပ်များ အားလုံး ထွက်ပြေးဆုတ်ခွာသွားပါပြီ။ထိုရက်တွေအတွင်းက စစ်ကောင်စီတပ်ဟာ လေကြောင်းပစ်ကူဖြင့် မြေပြင်စစ်ကြောင်းထိုးလာ၍မြို့ရှိထွေအုပ်ရုံး၌တပ်စွဲထားပြီးမြို့ကိုပြန်ရရန်ကြိုးစားရာတိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့တယ်။ ထိုထွေအုပ်ရုံး၌တပ်စွဲထားသောစစ်ကောင်စီတပ်နှင့် ရှမ်းနီတပ်ဖွဲ့များကို တော်လှန်ရေးတပ်ဖွဲ့များကခုခံတိုက်ခိုက်ရာနောက်ဆုံး ထိခိုက်သေဆုံးမှုများပြီး တပ်ဆုတ်ပြေးကြခြင်းဖြစ်တယ်။ ဒေသခံတွေကတော့သတင်းကြိုရလို့ရှောင်နေလို့ထိခိုက်သေဆုံးတာမရှိဘူး။အခုလိုစစ်ကောင်စီဘက်ကထိုးစစ်ဆင်လာတာဒါဟာဒုတိယအကြိမ်ဖြစ်ပြီးဒီဇင်ဘာလ ၂၅ရက်ကလည်း စစ်ကောင်စီတပ်က လေကြောင်းအကူဖြင့် မြေပြင်စစ်ကြောင်းပြန်ထိုးလာသော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ တိုက်ခိုက်ခဲ့ရာပြန်လည်ဆုတ်ခွာသွားခဲ့ရတယ်။အလားတူNUGကထိန်းချုပ်ထားတဲ့ကောလင်းမြို့ကိုလဲစစ်ကောင်စီကပြန်လည်ထိုးစစ်ပြုဖို့စီစဉ်နေတယ်လို့သိရတယ်။ စစ်ကောင်စီအနေနဲ့ ရှမ်းမြောက်၊ ရက္ခိုင်၊ စစ်ကိုင်းနှင့်ကရင်နီအပါအဝင်ဒေသအသီးသီးတိုက်ပွဲများ၌စစ်ရေးအရရှုံးနိမ့်နေပြီးမြို့နှင့်ဒေသများကိုစွန့်လွှတ်ခဲ့ရသော်လည်းအခုချိန်ထိမည်သည့် မြို့ကိုမှ ပြန်လည်ပြီး ကောင်းမွန်စွာ ထိန်းချုပ်နိုင်ခြင်းမရှိသေးပါဘူး။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


