Military Coup Myanmar
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
  • mm Myanmar
  • en English
No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
No Result
View All Result
Military Coup Myanmar
No Result
View All Result

လေတပ်က တိုက်ခိုက်ခဲ့သည့် တမူးမြို့မှ ကလေးများ၊ ဒေသခံများ ဆေးကုရန် ခက်ခဲ

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ကနန်ရွာကို ဗုံးကြဲပြီးနောက် ဒဏ်ရာရရှိထားသူ ၁၉ ဦး၏ ခရီးသွားလာခွင့်ကို စစ်တပ်က ကန့်သတ်ထားသည်။

February 4, 2024
in သတင်း
Reading Time:1 min read
Share on FacebookShare on Twitter

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ် ကနန်ရွာ လေကြောင်းတိုက်ခိုက်မှုတွင် ထိခိုက်ဒဏ်ရာရခဲ့သူများ ဆေးကုသနိုင်ရန် စစ်တပ်က လမ်းခရီးသွားလာခွင့် ကန့်သတ်ထားခြင်းကြောင့် အခက်ကြုံနေရသည်ဟု သိရသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ထိန်းချုပ်ထားသည့် ခမ်းပါတ်မြို့အနီးရှိ ကနန်ရွာကို ဇန်နဝါရီ ၇ ရက်တွင် စစ်တပ်ကလေကြောင်းမှ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကလေး ၉ ဦးအပါအဝင် အရပ်သား ၁၇ ဦး သေဆုံးခဲ့သည်၊ ကလေးသူငယ် ၁၀ ဦးအပါအဝင် အရပ်သား ၁၉ ဦး ထိခိုက်ဒဏ်ရာရခဲ့သည်။

ထိုထိခိုက်ဒဏ်ရာရသူများ ကနန်ကျေးရွာ၏ တောင်ဘက် မိုင် ၅၀ ခန့် ဝေးသည့် ကလေးမြို့သို့ သွားရောက် ဆေးမကုနိုင်ရန်  စစ်ကောင်စီက ပိတ်ပင်ခဲ့ကြောင်း မြေပြင်တွင် ကူညီကယ်ဆယ်ရေး လုပ်ဆောင်ခဲ့သည့် Mobile Medical Team MMT West Division တာဝန်ခံ ဒေါ်ရတီအုန်းက ပြောသည်။

“စစ်ကောင်စီက ဒဏ်ရာရတဲ့သူတွေကို မြို့ထဲကို အဝင်မခံဘူး။ အဝင်မခံတဲ့အပြင် ခိုးပြီးတော့ တိတ်တိတ်ဝင်သွားမှာ ကြောက်လို့ မြို့ထဲက ပုဂ္ဂလိက ဆေးရုံဆေးခန်းတွေ အကုန်လုံးကို ရှောင်တခင်ဝင်စစ်တယ်၊ ကနန်ရွာကလာတဲ့ လူနာမှန်သမျှ ကုသခွင့်မပေးရဘူး၊ နောက်ဆုံးကျ ဘယ်လိုလုပ်ပစ်လိုက်လဲဆိုတော့ မည်သည့်ယာဉ်ကိုမှ ဖြတ်သွားခွင့်မပြုတော့ဘူး” ဟု ပြောသည်။

ကနန်ရွာ လေကြောင်းတိုက်ခိုက်ခံရမှုဖြစ်စဉ်နှင့် ပတ်သက်ပြီး NUG အစိုးရက ယနေ့ (ဇန်နဝါရီ ၁၂) ရက်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဒေါ်ရတီအုန်းက ပြောသွားခြင်းဖြစ်သည်။

ဒဏ်ရာရရှိထားသူများ ဒေသတွင်းမှ ထွက်ခွာခွင့် ပိတ်ခံထားရသည့်အကြောင်းကို မသိရသေးပေ။

ကနန်ရွာလေကြောင်းတိုက်ခိုက်ခံရပြီးနောက် ခမ်းပါတ်ဘက်မှ တမူးဘက်ဝင်သည့်လမ်းတွင် စစ်ဆေးရေး ပိုတင်းကျပ်နေသည်ဟုလည်း ကလေး PDF မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ဒိုးဝိုင်းချောင်နားမှာ ဂိတ်ရှိတယ်၊ အဲ့ဒီဂိတ်က တားတယ်။ (လေကြောင်းတိုက်ခိုက်မှု) အဲ့ဒီမတိုင်ခင်တုန်းကတော့ ဖွင့်လိုက်ပိတ်လိုက်ပေါ့ စစ်တပ်ဘက်ကတော့ ကနန်လေကြောင်းအပြီးမှာတော့ အရင်ကထက် ပိုကျပ်လာတယ်” ဟု ပြောသည်။

ကနန်ရွာလေကြောင်းတိုက်ခိုက်မှုတွင် ထိခိုက်ဒဏ်ရာရသူများကို NUG အစိုးရနှင့် မိတ်ဖက်အဖွဲ့အစည်းများပူးပေါင်းပြီး ကျေးရွာတွင်း ကုသပေးနေကြောင်း မြေပြင်တွင် လှုပ်ရှားနေသူများထံမှ သိရသည်။

“CDM လုပ်ထားတဲ့ဆရာဝန်တွေ၊ ကျန်းမာရေးဝန်ထမ်းတွေ ရှိကြတဲ့အတွက်ကြောင့် ကုသမှုအပိုင်းကတော့ အထိုက်အလျောက်အဆင်ပြေတယ်။ သို့သော်လည်း အရည်အသွေးပြည့်မီတဲ့ ခွဲစိတ်ခန်းမျိုး၊ ပြည့်စုံတဲ့ ပစ္စည်းကိရိယာမရှိတာကြောင့် အခက်အခဲကတော့ အနည်းနဲ့အများ ကြုံနေရသေးတယ်” ဟု ဒေါ်ရတီအုန်းက ပြောသည်။

ခမ်းပါတ်မြို့နှင့် ကပ်လျက်ရှိ ကနန်ရွာကို ဇန်နဝါရီ ၇ ရက် နံနက်ပိုင်းတွင် စစ်ကောင်စီလေတပ်က ဗုံး ၄ လုံး ကြဲခဲ့ရာ အမှတ် ၂ ရပ်ကွက်ရှိ အထက်တန်းကျောင်းခွဲနှင့် စိန့်ပီတာဘုရားရှိခိုးကျောင်းအနီး ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။

ခရစ်ယာန်ဘာသာဝင် အများစုနေထိုင်ရာ ကနန်ရွာတွင် ဒေသခံများ တနင်္ဂနွေနေ့ ဘုရားကျောင်းတက်ရန် ပြင်ဆင်နေချိန် လူနေရပ်ကွက်နှင့် ကလေးငယ်များ ဘောလုံးကန်နေသည့် စာသင်ကျောင်းဝင်းရှိ ဘောလုံးကွင်းဝန်းကျင်တို့မှာ စစ်လေယာဉ်များ၏ ပစ်မှတ် ဖြစ်ခဲ့သည်။ ဗုံးပေါက်ကွဲမှုကြောင့် ကလေးငယ်များအပါအဝင် အရပ်သားများ ထိခိုက်သေဆုံး ဒဏ်ရာရမှုများပြားခဲ့ကြောင်း မြေပြင်တွင် ကူညီကယ်ဆယ်ရေးလုပ်ဆောင်ခဲ့သူများနှင့် ဒေသခံများက ပြောသည်။

လေကြောင်းတိုက်ခိုက်မှုအတွင်း မိသားစုတစ်ခုတည်းမှ ဖခင်ဖြစ်သူနှင့် အသက် ၃ နှစ်အရွယ် သားဖြစ်သူမှာ လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့သည်။ မိခင်ဖြစ်သူမှာလည်း လက်ကို ထိခိုက်ဒဏ်ရာရသဖြင့် ဖြတ်တောက်ခဲ့ရကာ သမီးဖြစ်သူမှာလည်း ထိခိုက်ဒဏ်ရာများကို ဆေးကုသမှု ခံယူနေရဆဲဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီ၏ တုံ့ပြန်မှု

လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ် ၁၀ လုံး၊ စာသင်ကျောင်း ၂ ဆောင်နှင့် ဘုရားကျောင်းလည်း ပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

အာဏာသိမ်းစစ်ကောင်စီကမူ ကနန်ရွာကို လေကြောင်းမှ ဗုံးကြဲသည်မှာ သတင်းအမှားသာဖြစ်ကြောင်း၊ ဇန်နဝါရီ ၇ ရက် နံနက်ပိုင်းတွင် လေကြောင်းပျံသန်းမှုမရှိကြောင်း သတင်းထုတ်ပြန်သည်။

“ယနေ့နံနက်ပိုင်းတွင် လေကြောင်းပျံသန်းမှု မရှိကြောင်း သိရှိရပြီး တပ်မှ ဗုံးကြဲသည် ဆိုသည်မှာ သတင်းအမှားသာဖြစ်ကြောင်း သတင်းရရှိပါသည်” ဟု ထုတ်ပြန်ချက်က ဆိုသည်။

NUG အစိုးရ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောကမူ အရပ်သားပြည်သူများ ထိခိုက်သေဆုံးခဲ့ရသည့် စစ်ကောင်စီ ကျူးလွန်သည့်ပြစ်မှုများကို နိုင်ငံတကာတရားရုံးများတွင် အရေးယူနိုင်ရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောသည်။

လေကြောင်းတိုက်ခိုက်မှုရန်ကြောင့် ကနန်ရွာဒေသခံအချို့မှာ နေရပ်မပြန်ရဲသေးဘဲ ဆက်လက်တိမ်းရှောင်နေဆဲဖြစ်ကြောင်းသိရသည်။

“တချို့ကတော့ သန့်ရှင်းရေးတွေလုပ်ပြီးတော့ ဝင်ကြတာပေါ့။ စိတ်လည်းမချမ်းသာဘူးလေ။ ကျောင်းနဲ့ ဘုရားကျောင်းအနီးကအိမ်တွေကတော့ သိပ်မနေရဲကြဘူး” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် အသက် ၄၀ ဝန်းကျင်အရွယ် ကနန်ရွာခံအမျိုးသားက ပြောသည်။

၂၀၂၁ စစ်အာဏာသိမ်းမှု နောက်ဆက်တွဲ အခြေအနေဆိုးများကြောင့် လက်နက်ကိုင်တော်လှန်ရေး ပေါ်ပေါက်လာရာ စစ်ကောင်စီလေတပ်က နိုင်ငံအနှံ့တွင် ဗုံးကြဲတိုက်ခိုက်လျက်ရှိသည်။

စစ်တပ်က အာဏာသိမ်းပြီးချိန်မှ နှစ်နှစ်ကျော်ကာလအတွင်း အရပ်သားပစ်မှတ် လေကြောင်းတိုက်ခိုက်မှုပေါင်း ၅၈၃ ကြိမ် ပြုလုပ်ခဲ့ရာ အရပ်သားပြည်သူ ၈၉၇ ဦး သေဆုံးပြီး ဘာသာရေးအဆောက်အဦး ၇၆ ခုနှင့် စာသင်ကျောင်း ၅၂ ကျောင်း ပျက်စီးဆုံးရှုံးခဲ့ကြောင်း NUG အစိုးရက ဇန်နဝါရီ ၉ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

အရပ်ဘက်အဖွဲ့တစ်ခုဖြစ်သည့် ဉာဏ်လင်းသစ်သုတေသနအဖွဲ့က လေကြောင်းတိုက်ခိုက်မှုကြောင့် ၂၀၂၃ ဩဂုတ်လအထိ  အရပ်သား ၆၈၇ ဦး သေဆုံးခဲ့ကြောင်း ထိုနှစ် အောက်တိုဘာလတွင် ထုတ်ပြန်သည်။

အစီရင်ခံစာပါ အချက်အလက်များအရ လေကြောင်းတိုက်ခိုက်မှုမှာ တစ်နှစ်ထက်တစ်နှစ် ပိုများပြားလာသည်။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးရွာကို ပြီးခဲ့သည့်နှစ် ဧပြီ ၁၁ ရက်က လေကြောင်းတိုက်ခိုက်ခဲ့ရာ ၆ လသားအရွယ် ကလေးငယ်အပါအဝင် ကလေး၊ လူကြီး ၁၅၀ ကျော် သေဆုံးခဲ့ရာ အရပ်သားထိခိုက်သေဆုံးမှု အများဆုံးဖြစ်စဉ်ဖြစ်သည်။

ရုပ်အလောင်း ၈၀ ကျော် သင်္ဂြိုဟ်နေစဉ် လေတပ် ဗုံးထပ်ကြဲသဖြင့် သေဆုံးသူ ရာဂဏန်းဖြစ်ခဲ့ရသည်။

SOURCE – MYANMAR NOW

Related Posts

MNDAA နှင့် စစ်ရေးတင်းမာမှု တွေ့ဆုံဖြေရှင်းမည်ဟု SSPP ထုတ်ပြန် April 30, 2025
သတင်း

MNDAA နှင့် စစ်ရေးတင်းမာမှု တွေ့ဆုံဖြေရှင်းမည်ဟု SSPP ထုတ်ပြန် April 30, 2025

May 2, 2025

မဇ္ဈိမ။ ။ရှမ်းပြည်နယ်မြောက်ပိုင်းတွင် MNDAAနှင့် စစ်ရေးတင်းမာမှုကို နှစ်ဖက်ခေါင်းဆောင်များ...

တံဆိပ်ကပ် နိုင်ငံရေး ဒလန်ဟု တံဆိပ်ကပ်လိုက်လျှင် သက်ရောက်မှုကြီးတတ်သည်၊ နိုင်ငံရေး၊ ကျား မ တန်းတူရေး စသည့် လှုပ်ရှားမှုများတွင်လည်း တံဆိပ်ကပ်မှုများ တွေ့ရနိုင်သည်။ ဖျောက်ဖျက်ရမည့် အကျင့်ဆိုး ဖြစ်သည်။
သတင်း

တံဆိပ်ကပ် နိုင်ငံရေး ဒလန်ဟု တံဆိပ်ကပ်လိုက်လျှင် သက်ရောက်မှုကြီးတတ်သည်၊ နိုင်ငံရေး၊ ကျား မ တန်းတူရေး စသည့် လှုပ်ရှားမှုများတွင်လည်း တံဆိပ်ကပ်မှုများ တွေ့ရနိုင်သည်။ ဖျောက်ဖျက်ရမည့် အကျင့်ဆိုး ဖြစ်သည်။

March 13, 2025

အနီးခေတ် လွတ်လပ်ရေးအကြို ကြိုးပမ်းမှုကာလမှစ၍   ခေတ်စနစ်၊...

မြန်မာစစ်အာဏာရှင်၏ ရွေးကောက်ပွဲစကား – အချိန်ဝယ်ယူမှုနှင့် လိမ်လည်လှည့်ဖြားမှု
သတင်း

မြန်မာစစ်အာဏာရှင်၏ ရွေးကောက်ပွဲစကား – အချိန်ဝယ်ယူမှုနှင့် လိမ်လည်လှည့်ဖြားမှု

March 13, 2025

မင်းအောင်လှိုင်၏ နောက်ဆုံးထုတ်ပြန်ခဲ့သော ရွေးကောက်ပွဲဆိုင်ရာ ထုတ်ပြန်ချက်များသည် သတင်းမှားဖြန့်ချိမှု၊...

You can copy without credits to our site. We Need Freedom.

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • အဖွဲ့အစည်းများ (CDM)
  • mm Myanmar
  • en English