စစ်အာဏာသိမ်းထားတာဒီနေ့ဆိုရင်သုံးနှစ်တိတိပြည့်ခဲ့ပါပြီ။သုံးနှစ်ထဲဝင်လာတဲ့အထိစစ်အာဏာသိမ်းမှုကိုလက်မခံကြောင်းပြသတဲ့အနေနဲ့ဒီနေ့အသံတိတ်သပိတ်ပြုလုပ်ကြပါတယ်။ဒါပေမယ့်ဒီနှစ်အသံတိတ်သပိတ်ဟာအရင်နှစ်တွေလောက်မအောင်မြင်ခဲ့ပါဘူး။လမ်းပေါ်မှာသွားလာနေတဲ့လူတွေကားတွေခါတိုင်းနေ့တွေထပ်နည်းသွားတာကလွဲလို့အရင်လိုတိတ်ဆိတ်ငြိမ်သက်နေတဲ့လမ်းကြီးတွေဖြစ်မလာခဲ့ဘူး။ဒါကိုလဲအပစ်ပြောလို့မရပြန်ဘူး။ပြည်သူတွေဟာ၃နှစ်တိတိအလဲလဲအကွဲကွဲနဲ့တောင့်ခံလာခဲ့တာပဲလေ။ဒီနှစ်တွေထဲတနှစ်ထပ်တနှစ်ကြပ်တည်းလာတဲ့အခြေအနေတွေကြောင့်အရင်လိုအသံတိတ်သပိတ်နေ့မှာအသံတိတ်မနေနိုင်တော့ပဲစားဝတ်နေရေးအတွက်ကြိုးပမ်းနေရတယ်။
ဒီ၃နှစ်အတွင်းနိုင်ငံစောက်ထိုးကျဆင်းသွားခဲ့တယ်။စီးပွားရေးအချက်အလက်တွေအရကြည့်ရင်နိုင်ငံGDPဟာဘီလီယံ၈၀ကနေ၅၀ကျော်အထိကျဆင်းသွားတယ်။အာဏာမသိမ်းခင်အခြေအနေနဲ့ယှဉ်ရင်နိုင်ငံစီးပွားရေးဟာ၂၀ရာခိုင်နှုန်းကျုံဝင်သွားတဲ့သဘောပဲ။ငွေကြေးဖောင်းပွမှုဟာလဲသုံးဆလောက်မြင့်တက်လာခဲ့တယ်။လျပ်စစ်မီးတွေဆိုးဆိုးရွားရွားပြတ်တောက်နေတယ်။နိုင်ငံတကာကလဲစစ်အုပ်စုကိုအဖက်ဖက်ကပိတ်ဆို့ထားတာကြောင့်ဘယ်လိုစီးပွားရေးလုပ်ငန်းမျိုးမှလုပ်ရကိုင်ရတာအဆင်ပြေမနေပါဘူး။ဒီလိုအခြေအနေမျိုးမှာမှစစ်ကောင်စီကစီမံခန့်ခွဲမှုအမှားများစွာနဲ့ထပ်မံထိုးချတယ်။စစ်အုပ်စုဟာသူတို့အာဏာတည်မြဲရေးကိုသာအဓိကထားပြီးကျန်တာဘာမှစိတ်မဝင်စားပါဘူး။အကြမ်းဖက်စစ်အုပ်စုလက်အောက်ကမလွတ်သေးသ၍တော့ပြည်သူတွေဟာဒုက္ခပေါင်းစုံခါးစည်းပြီးခံနေရဦးမှာပဲ။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


