ရှမ်းတောင်နဲ့ကရင်နီနယ်စပ်မှာစစ်မျက်နှာအသစ်တစ်ခုထပ်ပွင့်လာပါပြီ။စစ်ကောင်စီနဲ့ငြိမ်းချမ်းရေးစာချုပ်NCAကိုလက်မှတ်ထိုးတားတဲ့ပလောင်တပ်ဖွဲ့PLNOဟာဒီရက်ပိုင်းမှာစစ်ကောင်စီကိုပြန်လည်တိုက်ခိုက်လာပါတယ်။ဖြစ်စဉ်ကတော့PLNOနယ်မြေကိုဖြတ်လာတဲ့လက်နက်ခဲယမ်းတွေတင်တာသောယာဉ်တန်းကိုစစ်တပ်ကကြားဖြတ်ဖမ်းဆီးခဲ့ပြီးလက်နက်တွေကိုမီးရှို့ဖျက်စီးလိုက်ပါတယ်။ထိုလက်နက်တွေကိုရှမ်းမြောက်ကEAOအဖွဲ့တွေကPLNOကိုပေးပို့တာလို့သိရတယ်။ဒါ့အပြင်ထိုလက်နက်တွေဟာကရင်နီတော်လှန်ရေးတပ်တွေဆီသွားမယ့်လက်နက်တွေလို့လဲပြောကြတယ်။အရင်အခေါက်တွေကလဲစစ်ကောင်စီကဖမ်းမိတာတွေရှိခဲ့ပေမယ့်အခုတော့ထိုကိစ္စနဲ့ပတ်သက်ပြီးPLNOကစစ်ကောင်စီကိုပြန်လည်တိုက်ခိုက်လာပါတယ်။အခုလောလောဆယ်တော့ရှမ်းတောင်ကဆီဆိုင်မြို့မှာနှစ်ဖက်တိုက်ပွဲတွေဖြစ်ပွားနေတယ်။ထိုတိုက်ပွဲတွေမှာကရင်နီတော်လှန်ရေးတပ်ဖွဲ့တွေပါမဟာမိတ်အဖြစ်PLNOဘက်မဟာမိတ်အဖြစ်ပါဝင်တိုက်ခိုက်နေတယ်လို့သိရတယ်။
ဒါ့အပြင်ကရင်နီတော်လှန်ရေးအဖွဲ့တွေကကရင်နီပြည်နယ်ထဲကစစ်ကောင်စီတပ်တွေတော်လှန်ရေးဘက်ပြောင်းဖို့ရှိနေတယ်လို့ထုတ်ပြန်လာတယ်။ဒါဟာသတင်းကောင်းတစ်ခုပဲ။အချိန်တစ်ခုကိုစောင်နေပေမယ့်ဒီလိုအချိန်မှာစစ်ကောင်စီတပ်တွေဘက်ပြောင်းလာရင်ကရင်နီပြည်နယ်ကိုတော်လှန်ရေးတပ်ဖွဲ့တွေအလွယ်တကူသိမ်းပိုက်ထိန်းချုပ်သွားနိုင်လိမ့်မယ်။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


