ကရင်ပြည်နယ်ကစစ်ကောင်စီလက်အောက်ခံနယ်ခြားစောင့်တပ်ဖွဲ့အကြီးအကဲစောချစ်သူကစစ်တပ်လက်အောက်မှာမနေတော့ပဲသီးခြားရပ်တည်တော့မယ်လို့ကြေညာလိုက်ပါတယ်။စစ်တပ်ဟာတိုင်းရင်းသားနယ်မြေတွေနယ်စပ်ဒေသတွေမှာတိုင်းရင်းသားလက်နက်ကိုင်တွေကိုအခွင့်အရေးတချို့ပေးပြီးနယ်ခြားစောင့်တပ်BGFအဖြစ်တနိုင်ငံလုံးမှာဖွဲ့စည်းထားတယ်။အခုလောလောဆယ်အထင်ရှားဆုံးအဖွဲ့တွေကတော့လောက်ကိုင်ကကိုးကန့်နယ်ခြားစောင့်အဖွဲ့တွေနဲ့အခုကရင်ပြည်နယ်ကBGFတွေပါပဲ။ကိုးကန့်အဖွဲ့တွေကတော့၁၀၂၇စစ်ဆင်ရေးကြောင့်လက်နက်ချသူချ၊သေတဲ့သူကသေနဲ့တပ်ပျက်သလောက်ဖြစ်သွားပြီ။အခုစောချစ်သူဦးဆောင်တဲ့အဖွဲ့ဟာလဲကရင်ပြည်နယ်မှာအကြီးဆုံးစစ်ကောင်စီလက်အောက်ခံကရင်လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်တယ်။လောက်ကိုင်ကအဖွဲ့တွေနဲ့ပိုပြီးတူညီတာကသူတို့ဟာကရင်ပြည်နယ်မြဝတီမြို့နားမှာKK PARKဆိုတဲ့လောင်းကစားမြို့တစ်ခုကိုလဲပိုင်ဆိုင်ထားသေးတယ်။လောင်ကိုင်ကအဖွဲ့တွေကစစ်ကောင်စီကဘာမှအကာအကွယ်မပေးနိုင်ခဲ့တဲ့နောက်စောချစ်သူဟာလဲအခုလိုခွဲထွက်ဖို့ဆုံးဖြတ်လိုက်တယ်ထင်တယ်။အခုလောလောဆယ်မှာစစ်တပ်နဲ့ပေါင်းပြီးစွဲထားတဲ့ကရင်ပြည်နယ်ထဲကတပ်စခန်းတွေကနေBGFတွေပြန်ဆုတ်ခွာလာပြီးသူတို့ဌာနချုပ်မှာခံစစ်အနေအထားနဲ့ရှိနေတယ်လို့သိရတယ်။စောချစ်သူတို့အဖွဲ့ဟာခုလောလောဆယ်မှာစစ်ကောင်စီနဲ့တော်လှန်ရေးဘက်ဘယ်ဘက်ကိုမှမပါပဲကြားနေမယ်လို့သိရတယ်။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


