Military Coup Myanmar
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
  • mm Myanmar
  • en English
No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
No Result
View All Result
Military Coup Myanmar
No Result
View All Result

မုံရွာမြို့နယ် ညောင်ဖြူပင်ကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့ မီးရှို့ဖျက်ဆီး

January 17, 2024
in သတင်း
Reading Time:1 min read
Share on FacebookShare on Twitter

စစ်ကိုင်းတိုင်း ၊ မုံရွာမြို့နယ် တောင်ခြမ်းရှိ ညောင်ဖြူပင်ကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့က ယမန်နေ့ ဒီဇင်ဘာလ ၂၂ရက် ည ၉ နာရီခွဲအချိန်တွင် ဝင်ရောက်၍ နေအိမ်များကို မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများထံက သိရသည်။

အိမ်ခြေ ၅၀၀ ခန့် ရှိသည့် ညောင်ဖြူပင်ရွာကို ခန့်မှန်း စစ်အင်အား ၅၀ လောက်နှင့် ဝင်ရောက်မီးရှို့သွားခြင်းဖြစ်ကြောင်း ဆိုသည်။

“ရွာခံတွေရော ၊ ကာကွယ်ရေး အဖွဲ့တွေရော မဝင်နိုင်သေးတဲ့အတွက် မီးလောင်အိမ်ခြေကိုတော့ တိတိကျကျ မသိရသေးဘူး” ဟု မုံရွာခရိုင်တပ်ရင်း(၅) သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။

မုံရွာမြို့နယ် တောပုပျူကျေးရွာမှ ထွက်ခွါလာသည့် စစ်ကောင်စီတပ်ဖွဲ့ နှင့် ညောင်ဖြူပင် ရဲစခန်းအတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့တို့ ပူးပေါင်းကာ မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း မုံရွာခရိုင် အမှတ်(၅) တပ်ရင်းထံက သိရသည်။

ညောင်ဖြူပင် ရဲစခန်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက နိုဝင်ဘာလတွင် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် ကျေးရွာအတွင်း၌ စစ်ကောင်စီတပ်ဖွဲ့က ဝင်ရောက်စခန်းချ တပ်စွဲနေခြင်းကြောင့် ဒေသခံများ နေရပ်စွန့်ခွါစစ်ရှောင်နေရခြင်းဖြစ်ကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသည့် စစ်ရှောင်တဦးက ပြောပြသည်။

“စစ်ရှောင်နေရတာ တလနီးပါ ကြာခဲ့ပါပြီ။ ရွာမှာက စစ်ကောင်စီတပ်က စခန်းချ တပ်စွဲနေတော့ ဖြောင့်ဖြောင့်တန်းတန်း မနေရဲကြဘူး။ ညတိုင်းလည်း လက်နက်ကြီးတွေ ပစ်နေတော့ မနေရဲကြဘူး။ စစ်ရှောင်ရက်တွေကြာလာတော့ စားဝတ်နေရေး အခက်အခဲတွေ ရှိနေတယ်” ဟု ၎င်းက‌ ပြောသည်။

လက်ရှိတွင် မုံရွာမြို့နယ်အတွင်းရှိ ညောင်ဖြူပင်ရွာ ၊ ဘုဘရွာ ၊လည်တော်ရွာ ၊ ချောင်းကောက်ရွာ စသည့် ကျေးရွာများမှ ဒေသခံ ၃,၀၀၀ ကျော် နေရပ်စွန့်ခွါ စစ်ရှောင်နေရကြောင်း သိရသည်။

ဒီဇင်ဘာ ၂ ရက်နေ့ကလည်း စစ်ကောင်စီတပ်ဖွဲ့ နှင့် ပျူစောထီး ပူးပေါင်းအဖွဲ့က မုံရွာမြို့နယ် ကြာပိုင်ရွာ ရှိ နေအိမ် ၁၅၀ ခန့်ကို မီးရှို့ဖျက်ဆီး၍ ဒေသခံ ၁၀ ဦးကို မီးရှို့သတ်ဖြတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

SOURCE – MIZZIMA

Related Posts

သက်ငယ်မုဒိမ်းမှု ကျူးလွန်သူထံက လာဘ်ငွေယူ အမှုပြောင်းပြီး ထောင် ၂ လသာချမှတ်
သတင်း

သက်ငယ်မုဒိမ်းမှု ကျူးလွန်သူထံက လာဘ်ငွေယူ အမှုပြောင်းပြီး ထောင် ၂ လသာချမှတ်

July 24, 2025

ဧရာဝတီတိုင်း၊ အိမ်မဲမြို့နယ်၊ ခြောက်အိမ်တန်းကျေးရွာမှာ ဦးလေးဖြစ်သူရဲ့ အဓမ္မပြုကျင့်တာ...

အိန္ဒိယစစ်တပ်က စစ်ကောင်စီတပ်ကို ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှုဆိုင်ရာ သင်တန်းပေး
သတင်း

အိန္ဒိယစစ်တပ်က စစ်ကောင်စီတပ်ကို ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှုဆိုင်ရာ သင်တန်းပေး

July 24, 2025

စစ်ကောင်စီတပ်နဲ့ အိန္ဒိယတပ်မတော်တို့ ပူးပေါင်းကာ  ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှုဆိုင်ရာ...

သတင်း

မြန်မာရွေးကောက်ပွဲ နောက်ကွယ်မှ တရုတ်စွက်ဖက်မှု

July 24, 2025

မြန်မာစစ်ကောင်စီသည် ယခုနှစ်ကုန်တွင် ရွေးကောက်ပွဲပြုလုပ်ရန် စီစဉ်နေစဉ် တရုတ်သည်...

You can copy without credits to our site. We Need Freedom.

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • အဖွဲ့အစည်းများ (CDM)
  • mm Myanmar
  • en English