ရှမ်းပြည်နယ်မြောက်ပိုင်း၊ကွတ်ခိုင်မြို့၊နမ့်ဖက်ကာမှာဗုံးလာကြဲတဲ့စစ်ကောင်စီလေယာဉ်တစ်စီးကိုKIAကဒီနေ့ပစ်ချနိုင်ခဲ့တယ်။ပစ်ချခံလိုက်ရတဲ့လေယာဉ်ဟာတရုတ်နိုင်ငံထုတ်FTC2000အမျိုးအစားဖြစ်တယ်လို့သိရတယ်။လေယာဉ်မှုးနှစ်ဦးစလုံးကတော့အသက်ရှင်ဖွယ်ရာမရှိဘူး။ထိုအမျိုးအစားလေယာဉ်တွေကိုစစ်ကောင်စီကအာဏာသိမ်းနောက်ပိုင်းကာလမှတရုတ်ထံတွင်ဈေးပေါပေါနဲ့ဝယ်ယူခဲ့တာလို့သိရတယ်။ဒီလဆန်းပိုင်းမှာလဲKIAကကချင်ပြည်နယ်မှာစစ်ကောင်စီရဲ့ရဟတ်ယာဉ်တစ်စီးကိုပစ်ချနိုင်ခဲ့သေးတယ်။
ရခိုင်ပြည်နယ်ရသေ့တောင်မြို့နယ်မှာလဲစစ်ကောင်စီတပ်သား၂၀၀ခန့်အေအေထံကိုလက်နက်ချခဲ့တယ်လို့သိရတယ်။ရသေ့တောင်မြို့နယ်ကကြိမ်ချောင်းဗျူဟာကိုအေအေကတိုက်ခိုက်သိမ်းပိုက်ချိန်မှာစစ်ကောင်စီတပ်တွေလက်နက်ချခဲ့တာပါ။တချို့စစ်ကောင်စီတပ်သားတွေကတော့ခြေဦးတည့်ရာထွက်ပြေးသွားကြတယ်။ရှမ်းမြောက်လောက်ကိုင်မြို့မှစစ်သူပုန်တွေလက်နက်ချပြီးနောက်ပိုင်းမှာလဲရခိုင်ပြည်နယ်ဘက်မှာအစုလိုက်အပြုံလိုက်လက်နက်ချမှုတွေဆက်လက်ဖြစ်ပေါ်နေတယ်။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


