ရှမ်းမြောက်မှာ၂ဦးသဘောတူအပစ်ရပ်ထားပေမယ်ံစစ်ကောင်စီကတော့တရုတ်ဦးစီးဦးဆောင်ပြုထားတဲ့သဘောတူညီချက်ကိုပေါ်ပေါ်တင်တင်ပဲချိုးဖောက်လိုက်ပါတယ်။ကျောက်မဲမြို့ရှိစစ်ကောင်စီတပ်တွေဟာTLNAတပ်တွေတည်ရှိရာစခန်းကိုမနေ့ကထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်။နှစ်ဖက်ထိတွေ့တိုက်ပွဲ၂နာရီခန့်ဖြစ်ပွားပြီးပြည်သူတွေထိခိုက်မှာစိုးသောကြောင့်TLNAဘက်နောက်ဆုတ်ပေးလိုက်ရတယ်။ဒါ့အပြင်TLNAသိမ်းယူထားတဲ့မြို့တွေကိုလဲလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တယ်။ဒါဟာအပစ်ရပ်သဘောတူညီချက်ကိုပူပူနွေးနွေးချိုးဖောက်လိုက်တာပဲ။ဒီအတိုင်းဆက်သွားရင်တော့မကြာမီမှာသဘောတူညီချက်ကပျက်မှာပဲ။စစ်တပ်ဟာကတိမတည်ဘူးဆိုတာလူတိုင်းလဲသိနေတာပဲလေ။ဒါ့ကြောင့်လေကြောင်းတိုက်ခိုက်မှုတွေနဲ့စစ်တပ်ဘက်ကထိုးစစ်တွေက်ဆက်လက်ရှိနေနိုင်တယ်။
ရှမ်းမြောက်မှာစစ်တပ်ဟာအနည်းငယ်အနားရသွားပေမယ့်ရခိုင်မှာတော့ဆုံးရှုံးမှုတွေဆက်တိုက်ကြုံတွေ့နေရတယ်။ပလက်ဝနယ်မြေကနာမည်ကြီးမီးဝဗျူဟာကုန်းစခန်းကြီးအေအေကအပြီးသတ်သိမ်းပိုက်ရရှိကြောင်းကြေညာလိုက်တယ်။ထိုဗျုဟာစခန်းကိုအေအေက၂၀၂၀ခုနှစ်တုန်းကလဲတိုက်ခိုက်ခဲ့သေးတယ်။အဲ့ဒီအချိန်တုန်းက၄၅ရက်တိုက်ခိုက်ခဲ့သော်လည်းမရရှိခဲ့ပဲပြန်လည်ဆုတ်ခွာခဲ့ရတယ်။အခုနောက်ဆုံး၂ပတ်သာသာအချိန်လောက်အတွင်းမှာပဲနာမည်ကြီးဗျူဟာကုန်းကြီးတစ်ခုကိုထပ်မံရရှိလိုက်တယ်။မီးဝဗျူဟာကုန်းကိုအလွယ်တကူရရှိလိုက်တာဟာစစ်ကောင်စီတပ်တွေစစ်ရေးနဲ့စိတ်ဓာတ်ရေးရာမှာဘယ်လောက်ထိကျဆင်းနေပြီဆိုတာသိသာစေတယ်။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


