စစ်ကိုင်းတိုင်းထဲမှာပဲတော်လှန်ရေးအဖွဲ့တွေဟာစစ်အုပ်စုခြေကုတ်ယူထားရာပျူစောထီးစခန်းတွေအလျင်းသင့်သလိုတိုက်ခိုက်သိမ်းပိုက်လျက်ရှိတယ်။ဒီနေ့မှာလဲကန့်ဘလူနယ်တင်ငုတ်ကြီးရွာကပျူစောထီးစခန်းကိုစီးနင်းတိုက်ခိုက်ခဲ့ရာစခန်းသိမ်းနိုင်ခဲ့ပြီးစစ်အုပ်စုနဲ့ပျူစောထီး၂၅ယောက်သေခဲ့သလိုသေနတ်၁၄လက်ရရှိခဲ့တယ်။ထိုပျူစခန်းဟာကားလမ်းမပေါ်မှာဂိတ်ဖွင့်ပြီးပြည်သူတွေကိုဆက်ကြေးကောက်နေတဲ့စခန်းတစ်ခုဖြစ်တယ်။စခန်းသိမ်းခံရပြီးနောက်စစ်အုပ်စုဘက်ကစစ်ကားလေးစီနဲ့စစ်ကူပို့ခဲ့ပြီးအနီးရှိရွာတွေကိုလဲစီးနင်းလုယက်မီးရှို့နေတယ်။မီးရှို့ခံရတဲ့ထဲမှာစစ်ရှောင်တဲ၃၃လုံးလဲပါသွားပြီးနွားများကိုလဲခိုးယူသွားတယ်။စစ်အုပ်စုဟာထိုပျူစခန်းပတ်ဝန်းကျင်ကိုမကြာခဏစီးနင်းလုယက်နေလို့ဒေသခံတွေဟာရွာတွေမှာမနေရဲပဲအမြဲစစ်ပြေးနေရတာပါ။ရွာတွေမှာဘာမှမချန်ပဲအခြေခံစားသောက်ကုန်ကအစအကုန်သယ်ပြီးတောထဲမှာနေကြရတယ်။တောထဲကတဲကကိုယ့်အိမ်လိုဖြစ်နေတယ်။စစ်ကိုင်းတိုင်းထဲကရွာတွေအတော်များများထိုအခြေအနေအတိုင်းခံစားနေရတယ်။ဒီလတွေထဲရှမ်းမြောက်ကတိုက်ပွဲတွေကြောင့်စစ်သူပုန်တွေစစ်ကိုင်းတိုင်းထဲမှာစစ်ကြောင်းထိုးတာနည်းသွားတဲ့အချိန်တော်လှန်ရေးတပ်တွေကလဲစစ်အုပ်စုခြေကုတ်ယူထားရာစခန်းတွေကိုအခွင့်သာခိုက်မှာတိုက်ခိုက်သိမ်းပိုက်နေတယ်။စစ်ကိုင်းတိုင်းထဲမှာမြို့တွေကိုမသိမ်းနိုင်ရင်တောင်မှပဲရွာတွေကိုစစ်အုပ်စုရန်ကကာကွယ်ပေးနိုင်ရင်သိပ်ကောင်းမှာပဲ။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


