ရှမ်းပြည်မြောက်ပိုင်းမှာကိုးကန့်တပ်ဖွဲ့ဟာမြို့သိမ်းတိုက်ပွဲတွေအရှိန်အဟုန်နဲ့ဆက်လက်ဆင်နွှဲနေပါတယ်။လောက်ကိုင်ကိုရရှိပြီးရက်တောင်မကူသေးပဲသံလွင်မြစ်အရှေ့ခြမ်းကဟိုပန်နဲ့ပန်လုံမြို့နှစ်မြို့ကိုဆက်လက်သိမ်းပိုက်ထိန်းချုပ်လိုက်တယ်။ဒါပေမယ့်ပြောစရာတစ်ခုရှိတာကထိုမြို့တွေဟာဝပြည်နယ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင်းကမြို့တွေဖြစ်တယ်။ဒါကြောင့်ကိုးကန်းတပ်ကစစ်ကောင်စီထံမှထိုမြို့တွေကိုသိမ်းပြီးဝတပ်ဖွဲ့တွေထံလွဲပြောင်းပေးအပ်ခဲ့တယ်။ဒါ့ကြောင်လက်ရှိအခင်းအကျင်းမှာဘက်မလိုက်မူဝါဒကိုင်စွဲထားတယ်လို့ကြေညာထားတဲ့ဝတပ်ဖွဲ့ဟာ၁၀၂၇စစ်ဆင်ရေးကြောင့်မြို့နှစ်မြို့ကိုသေနတ်မဖောက်လိုက်ရပဲရရှိသွားတယ်။ဝတပ်ဖွဲ့ဟာဘက်မလိုက်မူဝါဒကိုင်စွဲထားတယ်လို့ဆိုပေမယ့်လဲအခုစစ်တိုက်နေတဲ့မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ကိုနောက်ကွယ်ကနေပံ့ပိုးကူညီနေတာပါ။ရှမ်းမြောက်ကစစ်ရှောင်တွေကိုလဲသူ့နယ်မြေထဲမှာအသာတကြည်လက်ခံပေးထားပါတယ်။ဒါကြောင့်ညီနောင်သုံးဖွဲ့ကဝတပ်ဖွဲ့ကိုထိုမြို့တွေကိုလက်ဆောင်သဘောမျိုးပေးလိုက်တာလို့လေ့လာသူတွေကဆိုကြတယ်။စစ်ကောင်စီကတော့ကြားထဲကငထွားခါးနာသွားတာပေါ့။ထိုမြို့တွေကိုစစ်ကောင်စီဘက်ကနောက်တချိန်မှာပြန်သိမ်းမယ်ဆိုရင်တောင်အင်အားကြီးဝတပ်ဖွဲ့နဲ့စစ်မျက်နှာအသစ်တစ်ခုထပ်ဖွင့်ရမှာပါ။အခုတောင်ကိုးကန်းအဖွဲ့ကထိုမြို့တွေကိုဝင်တိုက်ချိန်မှာအခြေစိုက်တပ်ရင်းနှစ်ကစစ်ကောင်စီတပ်ဖွဲ့ဝင်၇၀၀လောက်ဟာပြန်မတိုက်ပဲလက်နက်ချခဲ့တယ်လို့သိရတယ်။စစ်ကောင်စီတပ်တွေရဲ့လက်နက်ချလှိုင်းလုံးကြီးဟာသိသိသာသာပဲကြီးမားလာပါပြီ။ဒီရက်ပိုင်းမှာပဲရှမ်းမြောက်အပြင်ရခိုင်မှာလဲအစုလိုက်အပြုံလိုက်လက်နက်ချနေကြတယ်။စစ်ကောင်စီတပ်တွေရဲ့ပြိုဆင်းနှုန်းဟာထင်သာမြင်သာရှိလာပါပြီ။ဒီနှုန်းအတိုင်းသာသွားမယ်ဆိုရင်တော်လှန်ရေးရဲ့ပန်းတိုင်ဟာဘယ်အချိန်မဆိုဖြစ်လာနိုင်တယ်လို့ထင်မိတယ်။
ဇူလိုင် ၂၁၊ ၂၀၂၄။ (တနင်္ဂနွေ)
တရုတ်ရဲ့ဖိအားပေးမှုကြောင့်ကိုးကန့်တပ်တော်MNDAAကဒီလကုန်ထိအပစ်ရပ်ဦးမယ်လို့ကြေညာလိုက်ပါတယ်။ပြီးခဲ့တဲ့ရက်တွေကလဲတရုတ်မှာညီလာခံရှိလို့ဆိုပြီးလေးရက်ကြာတဖက်သတ်အပစ်ရပ်ပြီးပြီ။အခုလဲထပ်ပြီးအပစ်ရပ်ရဦးမယ်တဲ့။ တရုတ်ဟာ၁၀၂၇စစ်ဆင်ရေးအပိုင်း၂ဆင်နွဲနေတဲ့မြောက်ပိုင်းမဟာမိတ်တပ်တွေကိုနည်းလမ်းမျိုးစုံသုံးပြီး ဖိအားပေးနေပါတယ်။MNDAAအဖွဲ့လားရှိုးကိုစတိုက်တဲ့ဇူလိုင်၃ရက်နေ့ကစပြီးလောက်ကိုင်မြို့ကိုလျပ်စစ်မီးတွေဖြတ်တောက်ခဲ့တယ်။ဒါ့အပြင်MNDAAထိန်းချုပ်ထားတဲ့နယ်စပ်ကုန်သွယ်ရေးဂိတ်တွေကိုလဲတရုတ်ဘက်ကပိတ်ပစ်ခဲ့တယ်။အခုလဲမကြာခဏအပစ်ရပ်ခိုင်းနေပြန်ပြီ။ တရုတ်ဟာတော်လှန်ရေးအဖွဲ့တွေဘက်ရောစစ်ကောင်စီဘက်ကိုပါပြိုင်တူဖိအားပေးပြီးသူလိုချင်တဲ့လမ်းကြောင်းကို ရောက်အောင်ပုံသွင်းနေပါတယ်။စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကိုလဲ...