ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မြို့ရှိ စစ်တပ် အင်အားရာပေါင်းများစွာ စုစည်းထားသော လောက်ကိုင်ဒေသကွပ်ကဲမှု စစ်ဌာနချုပ်(ဒကစ) သည် ဇန်နဝါရီလ ၄ ရက်နေ့ ညပိုင်းတွင် ကိုးကန့် MNDAA ထံတွင်လက်နက်ချအညံ့ခံလိုက်ပြီလို့သိရတယ်။လက်နက်ချအညံ့ခံလိုက်တဲ့စစ်ကောင်စီဘက်တော်သားအားလုံးကိုလိုရာခရီးသွားခွင့်ပြုဖို့ညှိနှိုင်းလာတဲ့အတွက်MNDAAကလိုက်လျောလိုက်တာကြောင့်လက်နက်ချပွဲကြီးအောင်မြင်သွားပြီး လောက်ကိုင်မြို့နယ်တစ်ခုလုံးကို ကိုးကန့်MNDAA က သိမ်းပိုက်ရရှိပြီဖြစ်တယ်။
လောက်ကိုင်ဒကစတွင် ကိုးကန့်အုပ်ချုပ်ရေးအဖွဲ့မှ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ မိသားစုဝင်များ၊ ပြည်သူ့စစ်အဖွဲ့များ၊ ရဲတပ်ဖွဲ့ဝင်များ၊ တပ်မ ၅၅ မှ စစ်ကူပို့ထားသော တပ်ဖွဲ့ဝင်များ၊ စကခ ၁၂ ၊ စကခ ၁၆ ၊ စကခ ၁၄ မှ တပ်ဖွဲ့ဝင်များ လက်နက်အပြည့်အစုံ ဖြင့် ခုခံစစ် ပြင်ရန် စစ်ကောင်စီက ပြင်ဆင်ခဲ့သော်လည်း လက်တွေ့ နောက်ဆုံးတွင် အားလုံး လက်နက်ချ အညံ့ခံခြင်းဖြစ်ကြောင်း သိရှိရတယ်။လားရှိုးရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)မှ သတင်းရင်းမြစ်တစ်ခုက လောက်ကိုင် ဒကစ တွင် သံချပ်ကာနှင့် တင့်ကားများ၊၁၂မမ၊၁၀၅မ၊ဟောင်ဝစ်ဇအမြောက်များ၊အတွဲလိုက်ဒုံးပစ်ကားများ၊လက်နက်ခဲယမ်းများကိုခုခံစစ်အတွက် အပြည့်အစုံ ဖြည့်တင်း ထားရှိထားကြောင်း၊ လောက်ကိုင်ဒကစ အညံ့ခံသည်ဆိုပါက MNDAA အနေဖြင့်လက်နက်ခဲယမ်းများအလွန်မြောက်များစွာသိမ်းပိုက်ရရှိလိုက်တယ်။စစ်ကောင်စီဖက်ကလောက်ကိုင်ဒကစမှာခုခံဖို့ပြင်ထားတဲ့အင်အားဟာ၂၀၀၀ခန့်ရှိပြီးတကယ်သာတိုက်ယူရရင်အတော်အချိန်ပေးပြီးတိုက်ယူရမှာဖြစ်တယ်။အခုလက်နက်ချတဲ့သူတွေထဲမှာမိသားစုဝင်တွေပါပါဝင်နေပြီးသူတို့ကိုထည့်တွက်မယ်ဆိုရင်အင်အား၄၀၀၀ခန့်ရှိမယ်။ထိုကဲ့သို့မိသားစုဝင်တွေပါရှိနေလို့အခုလိုလက်နက်ချလိုက်တာလဲဖြစ်နိုင်တယ်။အခုလောလောဆယ်တော့ထိုသူတွေကိုနီးစပ်ရာကိုပို့ဆောင်ပေးဖို့MNDAAကကားကြီးကားငယ်အသွယ်သွယ်နဲ့ပြင်ဆင်နေတယ်။နောက်ဆုံးတော့ရှမ်းမြောက်မှာအကြီးဆုံးစစ်တပ်ရဲ့ဌာနချုပ်တစ်ခုကိုလူအင်အား၊လက်နက်အင်အားသွေးချွေးတွေအများကြီးမရင်းနှီးရပဲရရှိလိုက်ပါပြီ။