ကိုးကန့်ဒေသမှာတိုက်ပွဲတွေခေတ္တငြိမ်သက်နေရာမှအခုတော့စစ်ကောင်စီနဲ့MNDAAတို့ပြန်လည်တိုက်ခိုက်နေကြပါပြီ။အဓီကကတော့လောက်ကိုင်မြို့မှာပေါ့။ပြီးခဲ့တဲ့ဒီဇင်ဘာလ၁၀ရက်လောက်ကစစ်ကောင်စီနဲ့MNDAAတို့တရုတ်နိုင်ငံရဲ့ကြားဝင်စေ့စပ်မှုကြောင့်တွေ့ဆုံပွဲတွေဖြစ်ပြီးနောက်ပိုင်းတိုက်ပွဲတွေခေတ္တငြိမ်သက်နေခဲ့တယ်။ဒီရက်တွေအတွင်းမှာလောင်ကိုင်မြို့ထဲကိုကိုးကန့်တပ်တချို့ဝင်ရောက်လာခဲ့ပြီးမနေ့ကတော့လောက်ကိုင်မြို့အဝင်ဂိတ်တစ်ခုဖြစ်တဲ့ရန်လုံကျိုင်းဂိတ်မှာရှိတဲ့စစ်ကောင်စီတပ်သားတွေလက်နက်ချသွားတာကြောင့်ကိုးကန့်တပ်တွေကသေနတ်မဖောက်လိုက်ရပဲအသာတကြည်သိမ်းပိုက်နိုင်ခဲ့တယ်။အဲ့ဒီနောက်ပိုင်းမှာတော့ကိုးကန့်ဒေသမြို့တော် လောက်ကိုင်တွင်မှာ ပြင်းထန်သည့်တိုက်ပွဲများပြန်လည် ဖြစ်ပွားနေပြီးစစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုများပြုလုပ်နေပါတယ်။စစ်ကောင်စီနဲ့ကိုးကန့်တပ်တို့ဒီလကုန်ထိအအပစ်ရပ်ထားတာပျက်ပြယ်သွားတဲ့သဘောပဲ။နှစ်ဘက်အပစ်ရပ်ထားတာဆယ်ရက်လောက်ပဲခံလိုက်ပြီးမီးကုန်ရမ်းကုန်ကြမ်းကြတော့မှာပါ။လက်ရှိမှာတော့လောက်ကိုင်မြို့ပတ်ဝန်းကျင်မှာရှိတဲ့စစ်ကောင်စီစခန်းအားလုံးနီးပါးကိုကိုးကန့်တပ်တွေသိမ်းပိုက်ထားနိုင်ပြီးမြို့နဲ့စစ်တပ်ရဲ့ဒကစစခန်းတစ်ခုသာကျန်ပါတော့တယ်။စစ်ကောင်စီဘက်ကလဲမြို့ကိုလွယ်လွယ်နဲ့လက်လွတ်မယ့်ပုံမပေါ်ပါဘူး။ဒါပေမယ့်စစ်ကောင်စီဘက်ကဘယ်လိုပဲခုခံနေပါစေအချိန်တန်ရင်တော့လောက်ကိုင်မြို့ကိုMNDAAကရရှိသွားမှာကျိန်းသေပါတယ်။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


