ချင်းပြည်နယ်ဘက်မှာလဲမကွေးတိုင်း၊ဂန့်ဂေါမြို့နယ်နှင့် ချင်းပြည်နယ်အစပ်၊ ဘုံးဇုံရွာစစ်ကောင်စီရဲစခန်းကို ချင်းတော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်လိုက်ပါတယ်။ တိုက်ပွဲအတွင်းစစ်ကောင်စီတပ်မှ ဗိုလ်ကြီးတစ်ဦးကိုဖမ်းမိထားပြီးလက်နက်ခဲယမ်းများလည်းသိမ်းဆည်းရမိတယ်။တချို့စစ်ကောင်စီတပ်သားတွေထွက်ပြေးနေကြလို့လိုက်ဖမ်းနေတယ်။ဘုံးဇုံရဲစခန်းသည်ဂန့်ဂေါမြို့နှင့်ဟားခါးမြို့တိုကို့ဆက်သွယ်ထားသည့်လမ်းမကြီးပေါ်တွင်တည်ရှိပြီးချင်းပြည်နယ်မြို့တော်ဟားခါးနဲ့မင်းတပ်မြို့ကစစ်ကောင်စီတပ်တွေကိုမကွေးတိုင်းမှလက်နက်ရိက္ခာပို့ရာမှာတထောက်နားလေ့ရှိတဲ့စခန်းဖြစ်တယ်။ထိုစခန်းကိုချင်းတော်လှန်ရေးတပ်များ သိမ်းပိုက်ပြီးနောက် ဟားခါး-ဂန့်ဂေါလမ်းမကြီးတလျောက်တွင် စစ်ကောင်စီတပ်စခန်း မကျန်တော့တာကြောင့်ချင်းပြည်နယ်ကိုထိန်းချုပ်ဖို့အတွက်နောက်တဆင့်တက်လှမ်းလိုက်နိုင်ပါပြီ။ဒါ့အပြင်ချင်းပြည်အနောက်ပိုင်းပလက်ဝမြို့နယ်မှစစ်ကောင်စီခြေလျင်တပ်ရင်း ခလရ(၃၀၄)လက်အောက်ခံထယ်ဘွေ့စခန်းကို ချင်းကာကွယ်ရေးတပ်ဖွဲ့များကတိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်းသိရတယ်။လက်ရှိအခြေအနေအရစစ်ကောင်စီဟာချင်းပြည်နယ်ကိုမြေပြင်ကစစ်ကူပေးပို့ဖို့လုံးဝမဖြစ်နိုင်သလောက်ဖြစ်သွားပါပြီ။လေကြောင်းကစစ်ကူပိုဖို့ကလဲအကန့်အသတ်တွေရှိနေတာကြောင့်ချင်းတော်လှန်ရေးအဖွဲ့တွေအားစိုက်နိုင်ရင်ဟားခါးအပါအဝင်ချင်းပြည်နယ်အတွင်းကမြို့ကြီးတွေအနှေးနဲ့အမြန်လွတ်မြောက်နိုင်ပါတယ်။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


