စစ်တပ်က အပြင်းအထန် ခုခံနေတဲ့ ရှမ်းမြောက် နမ့်ခမ်းမြို့အနီးရှိ စစ်ကောင်စီရဲ့ စခန်းသစ်ကုန်းကို တအာင်းတပ်မတော်- TNLA က အပြီးသတ် သိမ်းပိုက်ရရှိခဲ့ပြီဖြစ်ပါတယ်။ အခုလို TNLA က စခန်းသစ်ကုန်း သိမ်းပိုက်လိုက်နိုင်တာဟာနမ့်ခမ်းမြို့တစ်ခုလုံးTNLAထိန်းချုပ်မှုအောက်ရောက်သွားတာဖြစ်တယ်။နမ့်ခမ်းမြို့ကိုTNLAကနိုဝင်ဘာလကတည်းကတိုက်ခိုက်နေတာဖြစ်ပြီးမြို့ကိုထိန်းချုပ်နိုင်ပေမယ့်မြို့အနီးကစစ်ကောင်စီရဲ့စခန်းသစ်ကုန်းကိုတလကျော်ကြာအပြင်းအထန်တိုက်ခိုက်ခဲ့ရတာဖြစ်တယ်။ဒီရက်ပိုင်းမှာစစ်ကောင်စီကထိုစခန်းသစ်ကုန်းမကျရေးအတွက်ရဟတ်ယာဉ်တွေနဲ့စစ်ကူတစ်ရာကျော်ပေးပို့ခဲ့ပေမယ့်ထိုစစ်ကူအားလုံးစခန်းသစ်ကုန်းမရောက်ခင်တိုက်ခိုက်ခံရလို့ဖရိုဖရဲနဲ့တပ်ပျက်ထွက်ပြေးခဲ့ရတယ်။အခုနောက်ဆုံးတော့ထိုစခန်းကကျန်ရှိနေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလက်နက်ချသွားတဲ့ပုံစံပါပဲ။စခန်းမှာလဲဒဏ်ရာရစစ်သားတွေအများအပြားဖြစ်နေပြီလေ။ ကားတွေနဲ့ မူဆယ်ဘက် လူနာတွေ သယ်သွားတာ တွေ့ရတယ်။ တချို့ဆို အနာတွေက ဆေးကုသခွင့်မရတော့ ပုတ်ပွနေပြီ။ခြေပြတ်တဲ့လူရော လက်ပြတ်တဲ့လူတွေရော အမျိုးမျိုးပါတယ်။
နမ့်ခမ်းစခန်းသစ်ကုန်းသိမ်းနိုင်တာနဲ့ပတ်သက်ပြီးTNLAဘက်ကဖမ်းဆီးရမိတဲ့လူတဲ့လက်နက်ခဲယမ်းအခြေအနေကိုတော့ ထုတ်ပြန်အတည်ပြုထားတာ မရှိသေးပါဘူး။၁၀၂၇ စစ်ဆင်ရေး စတင်တဲ့နေ့ကတည်းက တိုက်ပွဲ ပြင်းထန်ခဲ့တဲ့ နမ့်ခမ်းမြို့မှာ စစ်ကောင်စီတပ်က ၎င်းတို့အတွက် အရေးပါတဲ့ အဆိုပါ စခန်းကုန်း မကျစေရေးအတွက် အဆိပ်ငွေ့ဗုံးအပြင် လေကြောင်း တိုက်ခိုက်မှု ရာနဲ့ချီ အသုံးပြုခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။