Military Coup Myanmar
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
  • mm Myanmar
  • en English
No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
No Result
View All Result
Military Coup Myanmar
No Result
View All Result

ဒီဇင်ဘာ ၁၄၊ ၂၀၂၃။ (ကြာသပတေး)

January 2, 2024
in အာဏာသိမ်း ဒိုင်ယာရီ
Reading Time:1 min read
Share on FacebookShare on Twitter

ရခိုင်ပြည်နယ်မှာလဲသတင်းတွေမထုတ်ပြန်ပေမယ့်အေအေတပ်တော်နဲ့စစ်တပ်တို့တိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားနေတယ်။တိုက်ပွဲတွေအကြောင်းပြောရရင်ရှမ်းမြောက်မှာ၁၀၂၇စစ်ဆင်ရေးစတင်ပြီးမကြာမီမှာပဲအေအေကရခိုင်မှာတိုက်စစ်ပြန်ဖွင့်ခဲ့တယ်။ရခိုင်မှာတိုက်ပွဲတွေပြန်ဖြစ်ပြီးရက်ပိုင်းမှာပဲအေအေကစစ်ကောင်စီတပ်စခန်းလေးဆယ်ကျော်ကိုသိမ်းပိုက်လိုက်နိုင်တယ်။အဲ့ဒီနောက်အေအေကရခိုင်နဲ့ချင်းနယ်စပ်ပလက်ဝမြို့နယ်ရှိတရွန်အိုင်ဗျူဟာနဲ့နှုံးဘူးဗျူဟာစခန်းကိုပစ်မှတ်ထားပြီးတိုက်ခိုက်ခဲ့တယ်။ရက်နှစ်ဆယ်ကျော်အကြာအပြင်းအထန်တိုက်ခိုက်ပြီးနောက်ထိုဗျူဟာစခန်းနှစ်ခုလုံးအေအေကိုသိမ်းပိုက်လိုက်တယ်။ထိုစခန်းနှစ်ခုကိုရရှိလိုက်တာဟာပလက်ဝဒေသကအေအေကထိန်းချုပ်လိုက်တာဖြစ်ပြီးအေအေအတွက်ရှမ်းမြောက်ကအဖွဲ့တွေလိုထိန်းချုပ်ဒေသတစ်ခုရရှိဖို့ပိုမိုနီးစပ်လာတယ်။ဒီတိုင်းဆိုရင်ပလက်ဝမြို့ကိုလဲမကြာမီအေအေကသိမ်းပိုက်လိုက်လိမ့်မယ်။
ဒီတခေါက်ရခိုင်ပြည်နယ်မှာဖြစ်တဲ့စစ်ပွဲတွေဟာရခိုင်မြောက်ပိုင်းမှာသာမကပဲရခိုင်တောင်ပိုင်းအပါအဝင်ရခိုင်ပြည်နယ်တစ်ခုလုံးနီးပါးပြန့်နှံလာခဲ့တယ်။အေအေကဒီနေ့ထုတ်ပြန်လိုက်တဲ့သတင်းအရစစ်ဆင်ရေးကာလအတွင်းရခိုင်ပြည်နယ်တစ်ခုလုံးမှာစစ်ကောင်စီတပ်စခန်းပေါင်း၁၄၂ခုအထိသိမ်းပိုက်ထားနိုင်တယ်။ဒါပေမယ့်အခုချိန်အထိတော့မြို့တွေကိုထိန်းချုပ်နိုင်ခြင်းတော့မရှိသေးပါဘူး။တဖက်မှာလဲစစ်ကောင်စီကရခိုင်ပြည်နယ်တစ်ခုလုံးကိုကုန်းလမ်းရောရေလမ်းပါပိတ်ဆို့ထားလို့ကုန်စည်စီးဆင်းမှုတွေရပ်တန့်ပြီးကုန်ဈေးနှုန်းတွေအဆမတန်မြင့်တက်နေတယ်။စစ်ကောင်စီဟာသူတို့ကိုတိုက်ခိုက်ရင်ရခိုင်ပြည်သူတွေစားဝတ်နေရေးဒုက္ခရောက်အောင်လုပ်မယ်ဆိုတဲ့ယုတ်မာတဲ့အကြံနဲ့ပိတ်ဆို့ထားတာပါ။ဒီတခေါက်တစ်ကျော့ပြန်ရခိုင်စစ်ပွဲတွေဟာဘယ်အခြေအနေအထိသွားမလဲဆိုတာခန့်မှန်းလို့‌တော့မရသေးပါဘူး။

Related Posts

အာဏာသိမ်း ဒိုင်ယာရီ

ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)

December 6, 2025

မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့​​စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။

အာဏာသိမ်း ဒိုင်ယာရီ

ဒီဇင်ဘာ ၀၅၊ ၂၀၂၅။ (သောကြာ)

December 5, 2025

စစ်ကော်မရှင်ကအသဲအသန်အလိုရှိနေတဲ့လူထုသပိတ်ခေါင်းဆောင်ဒေါက်တာတေဇာဆန်းနဲ့အခြားသပိတ်ခေါင်းဆောင်နှစ်ဦးဟာဒီနေ့မနက်အစောပိုင်းမှာမန္တလေးမြို့ရဲ့လူစည်ကားရာနေရာတစ်ခုဖြစ်တဲ့စျေးချိုတော်မှာလက်ကမ်းစာစောင်တွေကြဲပြီးလျက်တပြတ်ဆန္ဒပြခဲ့ပါတယ်။သူတို့ဟာအချိန်တိုလေးအတွင်းမှာပဲစစ်ကောင်မရှင်ရဲ့အတုအယောင်ရွေးကောက်ပွဲကိုဆန့်ကျင်ကြရန်၊လာမယ့်ဒီဇင်ဘာလ၁၀ရက်နေ့မှပြုလုပ်မယ့်အသံတိတ်သပိတ်မှာပူးပေါင်းပါဝင်ပေးကြဖို့ပြောသွားတယ်။ ဒေါက်တာတေဇာဆန်းဟာနာမည်ကြီးသပိ​တ်ခေါင်းဆောင်တစ်ဦးဖြစ်ပြီးအရင်ကလဲမန္တလေးမြို့ထဲထိဝင်ကာဆန္ဒပြခဲ့ဖူးတယ်။စစ်ကော်မရှင်ကအပြည့်အဝထိန်းချုပ်ထားတဲ့​မန္တလေးလိုမြို့လည်ခေါင်မှာဆန္ဒပြရဲတဲ့သတ္တိကတော့လေးစားစရာပဲ။

အာဏာသိမ်း ဒိုင်ယာရီ

ဒီဇင်ဘာ ၀၄၊ ၂၀၂၅။ (ကြာသပတေး)

December 4, 2025

TNLA စစ်ဦးစီးချုပ်ကမိုးမိတ်နဲ့မိုးကုတ်မြို့တွေကိုစစ်ကော်မရှင်ထံပြန်ပေးရတဲ့အတွက်အကြောင်းပြချက်တွေနဲ့တကွဆိုရှယ်မီဒီယာမှတဆင့်ပြည်သူကိုတောင်းပန်စကားဆိုပါတယ်။သူပေးတဲ့အကြောင်းပြချက်တွေထဲမှာတရုတ်ဖိအားတွေ၊လူအင်အားလက်နက်အင်အားနည်းပါးလာတာတွေ၊လက်နက်အကြွေးဒေါ်လာဘီလီယံနဲ့ချီပြီးတင်နေတာတွေပါဝင်တယ်။ဒါပေမယ့်မိုးကုတ်မြို့ကတွင်းထွက်ရတနာတွေကိုဂေါက်ကွင်းပါမချန်တူးဖော်ပြီးဒေါ်လာသန်းပေါင်းများစွာရရှိသွားတဲ့အကြောင်းတော့ထည့်မပြောသွားပါဘူး။ TLNA စစ်ဦးစီးချုပ်ရဲ့စကားတွေမှာပြည်သူတွေကျေနပ်စေမယ့်အချက်တွေလဲမပါဝင်ခဲ့ပါဘူး။TLNAဟာတရုတ်ရဲ့ဖိအားကြောင့်စစ်ကော်မရှင်နဲ့အပစ်ရပ်ခဲ့တာကိုပြည်သူတွေနားလည်ပေးခဲ့တယ်။မိုးကုတ်နဲ့မိုးမိတ်မြို့တွေကိုပြန်ပေးဖို့သဘောတူခဲ့တဲ့အထိနားလည်ပေးခဲ့တယ်။ဒါပေမယ့်ထိုမြို့တွေကိုNUGလက်အောက်ခံPDFတပ်တွေအစွမ်းကုန်ကာကွယ်သွားမယ်လို့ထုတ်ပြန်ပြီးချိန်မှာTLNAကိုယ်တိုင်စစ်တပ်​ကိုခေါ်သွင်းလာတဲ့အချက်ကိုတော့ဘယ်လိုမှနားလည်ပေးလို့မရပါဘူး။ထိုအချက်နဲ့ပတ်သက်ပြီးTLNAစစ်ဦးစီးချုပ်ကဘာဖြေရှင်းချက်မှပေးမသွားပါဘူး။ဒါ့ကြောင့်သူတို့ဘာပဲပြောပြောသူတို့လုပ်ရပ်တွေကိုသမိုင်းမှာမှတ်တမ်းတင်သွားမှာပါ။

You can copy without credits to our site. We Need Freedom.

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • အဖွဲ့အစည်းများ (CDM)
  • mm Myanmar
  • en English