Military Coup Myanmar
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
  • mm Myanmar
  • en English
No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
No Result
View All Result
Military Coup Myanmar
No Result
View All Result

ဒီဇင်ဘာ ၁၄၊ ၂၀၂၃။ (ကြာသပတေး)

January 2, 2024
in အာဏာသိမ်း ဒိုင်ယာရီ
Reading Time:1 min read
Share on FacebookShare on Twitter

ရခိုင်ပြည်နယ်မှာလဲသတင်းတွေမထုတ်ပြန်ပေမယ့်အေအေတပ်တော်နဲ့စစ်တပ်တို့တိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားနေတယ်။တိုက်ပွဲတွေအကြောင်းပြောရရင်ရှမ်းမြောက်မှာ၁၀၂၇စစ်ဆင်ရေးစတင်ပြီးမကြာမီမှာပဲအေအေကရခိုင်မှာတိုက်စစ်ပြန်ဖွင့်ခဲ့တယ်။ရခိုင်မှာတိုက်ပွဲတွေပြန်ဖြစ်ပြီးရက်ပိုင်းမှာပဲအေအေကစစ်ကောင်စီတပ်စခန်းလေးဆယ်ကျော်ကိုသိမ်းပိုက်လိုက်နိုင်တယ်။အဲ့ဒီနောက်အေအေကရခိုင်နဲ့ချင်းနယ်စပ်ပလက်ဝမြို့နယ်ရှိတရွန်အိုင်ဗျူဟာနဲ့နှုံးဘူးဗျူဟာစခန်းကိုပစ်မှတ်ထားပြီးတိုက်ခိုက်ခဲ့တယ်။ရက်နှစ်ဆယ်ကျော်အကြာအပြင်းအထန်တိုက်ခိုက်ပြီးနောက်ထိုဗျူဟာစခန်းနှစ်ခုလုံးအေအေကိုသိမ်းပိုက်လိုက်တယ်။ထိုစခန်းနှစ်ခုကိုရရှိလိုက်တာဟာပလက်ဝဒေသကအေအေကထိန်းချုပ်လိုက်တာဖြစ်ပြီးအေအေအတွက်ရှမ်းမြောက်ကအဖွဲ့တွေလိုထိန်းချုပ်ဒေသတစ်ခုရရှိဖို့ပိုမိုနီးစပ်လာတယ်။ဒီတိုင်းဆိုရင်ပလက်ဝမြို့ကိုလဲမကြာမီအေအေကသိမ်းပိုက်လိုက်လိမ့်မယ်။
ဒီတခေါက်ရခိုင်ပြည်နယ်မှာဖြစ်တဲ့စစ်ပွဲတွေဟာရခိုင်မြောက်ပိုင်းမှာသာမကပဲရခိုင်တောင်ပိုင်းအပါအဝင်ရခိုင်ပြည်နယ်တစ်ခုလုံးနီးပါးပြန့်နှံလာခဲ့တယ်။အေအေကဒီနေ့ထုတ်ပြန်လိုက်တဲ့သတင်းအရစစ်ဆင်ရေးကာလအတွင်းရခိုင်ပြည်နယ်တစ်ခုလုံးမှာစစ်ကောင်စီတပ်စခန်းပေါင်း၁၄၂ခုအထိသိမ်းပိုက်ထားနိုင်တယ်။ဒါပေမယ့်အခုချိန်အထိတော့မြို့တွေကိုထိန်းချုပ်နိုင်ခြင်းတော့မရှိသေးပါဘူး။တဖက်မှာလဲစစ်ကောင်စီကရခိုင်ပြည်နယ်တစ်ခုလုံးကိုကုန်းလမ်းရောရေလမ်းပါပိတ်ဆို့ထားလို့ကုန်စည်စီးဆင်းမှုတွေရပ်တန့်ပြီးကုန်ဈေးနှုန်းတွေအဆမတန်မြင့်တက်နေတယ်။စစ်ကောင်စီဟာသူတို့ကိုတိုက်ခိုက်ရင်ရခိုင်ပြည်သူတွေစားဝတ်နေရေးဒုက္ခရောက်အောင်လုပ်မယ်ဆိုတဲ့ယုတ်မာတဲ့အကြံနဲ့ပိတ်ဆို့ထားတာပါ။ဒီတခေါက်တစ်ကျော့ပြန်ရခိုင်စစ်ပွဲတွေဟာဘယ်အခြေအနေအထိသွားမလဲဆိုတာခန့်မှန်းလို့‌တော့မရသေးပါဘူး။

Related Posts

အောက်တိုဘာ ၂၁၊ ၂၀၂၅။ (တနင်္လာ)
အာဏာသိမ်း ဒိုင်ယာရီ

အောက်တိုဘာ ၂၁၊ ၂၀၂၅။ (တနင်္လာ)

October 21, 2025

မြန်မာ-အိန္ဒိယ နယ်စပ် ကုန်သွယ်ရေးရဲ့ အဓိက လမ်းမကြီးတစ်ခုဖြစ်တဲ့...

အောက်တိုဘာ ၂၀၊ ၂၀၂၅။ (တနင်္ဂနွေ)
အာဏာသိမ်း ဒိုင်ယာရီ

အောက်တိုဘာ ၂၀၊ ၂၀၂၅။ (တနင်္ဂနွေ)

October 20, 2025

တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်(TNLA)ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း၊ မိုးကုတ်မြို့ကို စစ်အုပ်စုက...

အောက်တိုဘာ ၁၉၊ ၂၀၂၅။ (စနေ)
အာဏာသိမ်း ဒိုင်ယာရီ

အောက်တိုဘာ ၁၉၊ ၂၀၂၅။ (စနေ)

October 19, 2025

ထိုင်း-မြန်မာနယ်စပ်မှတဆင့် ထိုင်းနိုင်ငံသို့ တရားမဝင်ဝင်ရောက်လာသည့် မြန်မာရွှေ့ပြောင်းများမှာ ယခုရက်ပိုင်းအတွင်း...

You can copy without credits to our site. We Need Freedom.

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • အဖွဲ့အစည်းများ (CDM)
  • mm Myanmar
  • en English