စစ်ကိုင်းတိုင်းမှာနောက်ထပ်မြို့တမြို့ကိုတော်လှန်ရေးအင်အားစုတွေကထပ်မံသိမ်းပိုက်လိုက်ပါတယ်။ စစ်ကိုင်းတိုင်းအထက်ပိုင်းက မော်လူးမြို့ပါ။မော်လူးမြို့ရှိ စစ်ကောင်စီစခန်းများကို KIA၊ ABSDF၊PDF နှင့် ပူးပေါင်းတပ်ဖွဲ့များက ယနေ့ နံနက်၂နာရီခန့်မှစတင်တိုက်ခိုက်ခဲ့ပြီးနံနက်၅နာရီခန့်တွင်သိမ်းပိုက်နိုင်ခဲ့တယ်။မတိုက်ခိုက်ခင် အလင်းဝင်ရန် တောင်းဆိုခဲ့သော်လည်းစစ်ကောင်စီတပ်တွေကမလိုက်နာခဲ့ပါဘူး။လက်ရှိအနေအထားအရလက်နက်ခဲယမ်းသိမ်းဆည်းမှုများကိုစီစစ်နေပြီးစစ်ကောင်စီမှလေကြောင်းမှလာရောက်ပစ်ခတ်နေတယ်လို့သိရတယ်။အခုဆိုရင်စစ်ကိုင်းတိုင်းအထက်ပိုင်းမှာမြို့လေးမြို့အထိတော်လှန်ရေးတပ်ဖွဲ့တွေကသိမ်းပိုက်ထားနိုင်ပါပြီ။
ရှမ်းမြောက်မှာလဲ နမ့်ခမ်းမြို့ စခန်းသစ် စစ်ကောင်စီတပ်စခန်း မကျဆုံးရေးအတွက် စစ်ကောင်စီတပ်မှ ရဟတ်ယာဉ်ဖြင့် ပို့ဆောင်ခဲ့သည့် စစ်ကူအင်အားများကို တအာင်းတပ်မတော်(TNLA)က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် သေဆုံးထိခိုက်များပြားခဲ့တယ်။နမ့်ခမ်းမြို့နယ်သချိုင်းကုန်းနှင့် ဘောလုံးကွင်းဘက်တွင် ရဟတ်ယာဉ် ဖြင့် ၃ကြိမ် လာရောက်ကာ အင်အား ၁၀၀ ခန့် ပို့ဆောင်ခဲ့ရာ TLNA၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီ စစ်ကူတပ် ဖရိုဖရဲ ဖြစ်ပြီး အကျအဆုံးများခဲ့ကြောင်း၊ ချေမှုန်းခံလိုက်ရသောစစ်ကောင်စီတပ်ထံမှ လက်နက်မျိုးစုံ (၁၉)လက်၊ကျည်ဆံ(၄)သေတ္တာ၊ဆက်သွယ်ရေးစက်၊ဆေးဝါးများနှင့်စစ်သုံးဆောင်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ ကြောင်း TLNAကထုတ်ပြန်တယ်။အဆိုပါ စခန်းသစ်ကုန်းကို TNLAက ၁၀၂၇ စစ်ဆင်ရေး အစကတည်းက ထိုးစစ်ဆင်နေခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ကလည်း စခန်းမကျဆုံးရေး လေကြောင်း လက်နက်ကြီး ပစ်ကူပေး တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာတိုက်ပွဲကာလအတွင်း စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်မှု အကြိမ် ၃၀၀၊ လက်နက်ကြီး ပစ်ခတ်မှု အကြိမ် ၃၅၀ ကျော်ပြုလုပ်ထားတယ်။ ထိုပြင်စစ်ရေးပစ်မှတ်မဟုတ်သောနမ့်ခမ်းမြို့နယ်ရှိကျေးရွာများကိုလည်းစစ်တပ်ကဦးတည်တိုက်ခိုက်နေတယ်။