စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တွင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တရားရုံးကို စစ်ကောင်စီတပ်ကတိုက်လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ မြို့နယ်တရားရေးဥက္ကဌနှင့် ကလေးငယ်တစ်ဦးအပါအဝင်ငါးဦးသေဆုံးသွားတယ်။
စစ်ကောင်စီတပ်ကဂျက်တိုက်လေယာဉ်ဖြင့်ပေါင်၅၀၀ဗုံးအသုံးပြုပြီး၂ကြိမ်လာရောက်ဗုံးကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးပစ်ခတ်တိုက်ခိုက်မှုကြောင့် မြို့နယ်တရားရေးဥက္ကဌဦးသိန်းအောင်၊ ၎င်း၏ ဇနီးဖြစ်သူကျောင်းဆရာမ၊ ကာကွယ်ရေးရဲဘော်တစ်ဦး၊ အသက် ၁ နှစ်အရွယ်ကလေးတစ်ဦးနှင့် ကလေးမိခင်တို့ ကျဆုံးခဲ့ကြောင်း သိရတယ်။တိုက်ပွဲဖြစ်ပွားခြင်းလည်းမရှိ၊ အခမ်းအနားပြုလုပ်ခြင်းလည်းမရှိဘဲ တရားရုံးဖွင့်ထားသည်ကို သတင်းပေးခံရလို့ပစ်ခတ်ခံရခြင်းဖြစ်နိုင်တယ်။သေဆုံးတဲ့အထဲမှာတရားရင်ဆိုင်နေတဲ့သူနဲ့သူ့ကလေးလဲပါသွားတယ်။စစ်ကောင်စီဟာအဆုံးစွန်ယုတ်မာနေတဲ့အတွက်တော်လှန်ရေးစိုးမိုးနယ်မြေမှာသတင်းလုံခြုံမှုရှိဖို့အရေးကြီးတယ်ဆိုတာပြသသွားတာပဲ။
စစ်ကိုင်းတိုင်း၊တမူးမြို့နယ်၊ ခမ်းပါတ်မြို့တွင်လဲမြို့ကိုပြန်လည်ထိုးစစ်ဆင်ဖို့စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်က လူသားဒိုင်းအဖြစ် ဖမ်းဆီးထားသည့် မိဘမဲ့ကျောင်းမှ ကလေးငယ် ၃၆ ယောက်နှင့် ဆရာ၊ဆရာမတို့ကိုတော်လှန်ရေးပူးပေါင်းတပ်များကဘေးလွတ်ရာကိုကယ်ထုတ်ခဲ့ရတယ်။စစ်ကောင်စီတပ်ကဒီဇင်ဘ၁၀ရက်နေ့ကလူသားဒိုင်းအဖြစ်ဘုရားကျောင်းဝန်းအတွင်းရှိမိဘမဲ့ကလေးများကိုဖမ်းဆီးခဲ့တာဖြစ်တယ်။ကလေးတွေကိုကယ်ထုတ်နိုင်ပေမယ့်စစ်ကောင်စီတပ်နဲ့တိုက်ပွဲဖြစ်ပွားနေဆဲပဲ။စစ်သူပုန်တွေဟာသရဲဘီလူးတွေလိုကလေးတွေကိုပါလူသားဒိုင်းပြုလုပ်မှုတွေကိုနိုင်ငံအနှံအပြားမှာပြုလုပ်လျက်ရှိတယ်။