NUGရဲ့နွေဦးဖွံ့ဖြိုးရေးဘဏ်ဟာပထမဆုံးမြေပြင်ဘဏ်ခွဲအဖြစ်စစ်ကိုင်းတိုင်းကောလင်းမြို့မှာဖွင့်လှစ်လိုက်ပါတယ်။အဆိုပါနွေဦးဘဏ်ဟာဟိုတလောကရှယ်ယာဒေါ်လာ၁၀သန်းဖိုးရောင်းချထားပြီးအရှိန်အဟုန်တစ်ခုနဲ့လည်ပတ်လျက်ရှိတယ်။ကောလင်းမြို့ဟာNUGလက်အောက်ခံတော်လှန်ရေးတပ်တွေသိမ်းပိုက်ထားတဲ့မြို့ဖြစ်တာကြောင့်ဘဏ်ခွဲဖွင့်လှစ်နိုင်တဲ့အခြေအနေမျိုးတော့ရှိတယ်။ဒါပေမယ့်လုံးဝစိတ်ချရတာမျိုးတော့မဟုတ်ဘူး။ကောလင်းမြို့အနီးရှိဝန်းသိုမြို့အခြေစိုက်စစ်ကောင်စီတပ်ရင်းကမထင်ရင်မထင်သလိုကောလင်းမြို့ထဲလက်နက်ကြီးတွေနဲ့ပစ်နေတယ်။မြို့နေလူထုကိုပစ်မှတ်ထားပစ်ခတ်နေတာဖြစ်ပြီးပြီးခဲ့တဲ့ရက်တွေကကောလင်းမြို့မဈေးကိုပစ်ခတ်ခဲ့တာကြောင့်ဒေသခံပြည်သူငါးဦးခန့်သေဆုံးခဲ့သေးတယ်။ထိုလက်နက်ကြီးတွေရန်ကကင်းဝေးဖို့ဝန်းသိုမြို့ကိုပါသိမ်းပိုက်နိုင်ဖို့လိုတယ်။ဒါတောင်လေကြောင်းခြိမ်းခြောက်မှုအန္တရာယ်ကရှိသေးတယ်။
စစ်ကိုင်းတိုင်းအတွင်းကတော်လှန်ရေးအဖွဲ့တွေသိမ်းပိုက်ထားတဲ့ခမ်းပတ်နဲ့ရွေပြည်အေးမြို့တွေကိုလဲစစ်ကောင်စီကထိုးဆင်ပြန်ဆင်ဖို့ပြင်ဆင်နေတယ်။အခုချိန်ထိတော့စစ်ကောင်စီဘက်ကထိထိရောက်ရောက်တိုက်ခိုက်နိုင်တာမျိုးတော့မရှိသေးဘူး။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


