အိမ်နီးချင်းထိုင်းနိုင်ငံကတော့မြန်မာစစ်ရှောင်တွေသူတို့နိုင်ငံဘက်ရောက်လာရင်လက်ခံထားပေးမယ်လို့တရားဝင်ထုတ်ပြောလိုက်တယ်။နွေဦးတော်လှန်ရေးကာလတလျောက်မှာထိုင်းအစိုးရအနေနဲ့အခုလိုထုတ်ပြောတာဒါပထမဆုံးပဲ။ထိုင်းမြန်မာနယ်စပ်ဘက်မှာတိုက်ပွဲတွေအရမ်းမပြင်းထန်သေးပေမယ့်ထိုင်းနိုင်ငံအနေနဲ့အခုလိုပြင်ဆင်ထားတာဟာတော်လှန်ရေးအတွက်အထောက်အကူဖြစ်မှာပါ။
တဖက်မှာစစ်ကောင်စီဟာတပ်တွင်းကစစ်ပြေးတွေနဲ့ခွင့်မဲ့ပျက်ကွက်တွေကိုပြန်လက်ခံမယ်လို့ကြေညာထားတယ်။ဒါဟာစစ်ကောင်စီမှာအင်အားချိနဲ့နေပြီးဆိုတာပြသလိုက်တာပဲ။ရနိုင်တဲ့နေရာကနေအင်အားတွေပြန်စုလိုတဲ့သဘောပဲ။ခွင့်မဲ့စစ်ပြေးတွေဆိုစစ်သင်တန်းထပ်ပေးစရာမလိုပဲရှေ့တန်းလွှတ်လို့ရတယ်လေ။ဒါပေမယ့်ဘယ်သူမှတော့ကိုယ့်သဘောနဲ့ကိုယ်တပ်ထဲပြန်ဝင်ကြလိမ့်မယ်မထင်ဘူး။ဒီအချိန်မှာစစ်တပ်ထဲပြန်ဝင်တာဟာသေလမ်းကိုသွားတာပဲဆိုတာသဘောပေါက်ကြမှာပါ။စည်းကမ်းကြီးပါတယ်ဆိုတဲ့စစ်တပ်သမိုင်းမှာလဲစစ်ပြေးတွေကိုပြန်လက်ခံတာမျိုးတစ်ခါမှမကြားဖူးဘူး။အချိန်နဲ့အမျှပြုန်းတီးနေတဲ့သူတို့အင်အားကိုပြန်ဖြည့်ဖို့သူတို့သမိုင်းကိုသူတို့ပြန်ရိုက်ချိုးနေကြပြီလေ။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


