ရှမ်းပြည်နယ်မြောက်ပိုင်း၊ကိုးကန့်ဒေသတိုက်ပွဲတွင်စစ်ကောင်စီ၏အမှတ်၁၂စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်မှူးချုပ်အောင်ဇော်လင်းပစ်ခတ်ခံရပြီးသေဆုံးသွားကြောင်းMNDAAကတရားဝင်သတင်းထုတ်ပြန်လိုက်တယ်။ကိုးကန့်ဒေသအတွင်းမှာတပ်ပျက်ပြီးတောထဲတောင်ထဲတွေမှာထွက်ပြေးနေတဲ့စစ်ကောင်စီတပ်ဘက်မှ အကြွင်းအကျန်အဖွဲ့ဝင်များကို MNDAA က ဆက်လက်ရှင်းလင်းရာ ပစ်သတ်ခံရပြီး သေဆုံးနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်၏ ရုပ်အလောင်းတစ်လောင်းတွေ့ရှိရကြောင်း၊ ၎င်းရုပ် အလောင်း ပေါ်တွင် ဗိုလ်မှူးချုပ်ရာထူးတံဆိပ်ကိုတွေ့ရှိကာ သေဆုံးသွားသူမှာ စကခ ၁၂ မှ စကခမှူး အောင်ဇော်လင်းဖြစ် သည်ကိုအတည်ပြုနိုင်ခြင်းဖြစ်တယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ကုန်းကြမ်း၊ကွမ်းလုံစတဲ့ဒေသတွေမှာမြောက်ပိုင်းသုံးဖွဲ့ရဲ့အပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့်တပ်ရင်းအလိုက်သာမကဗျုဟာအလိုက်ပါတပ်ပျက်သွားတဲ့စစ်ကောင်စီတပ်တွေအများအပြားရှိနေတယ်။ထိုတပ်တွေထဲမှာမှတချို့ဦးနှောက်ရှိတဲ့တပ်တွေဟာမြောက်ပိုင်းသုံးဖွဲ့ထံအလင်းဝင်လာကြပြီးတချို့ကတော့တောထဲတောင်ထဲမှာခြေဦးတည့်ရာထွက်ပေးနေကြတယ်။မနေ့ကလဲတောထဲမှာပုန်းအောင်းနေတဲ့စစ်ကောင်စီတပ်တွေကိုရှင်းလင်းရာစစ်ကောင်စီတပ်ဖွဲ့ဝင်၁၀၀နီးပါးခန့်ရှင်းလင်းလိုက်နိုင်ခဲ့တယ်။ထိုကဲ့သို့အဖွဲ့တွေမှာအခုလိုစစ်ကောင်စီဘက်ကဗိုလ်မှုးချုပ်အဆင့်ရှိအကောင်ကြီးတစ်ကောင်ကိုအသေရရှိလိုက်တာပဲ။ဒါဟာရှမ်းမြောက်တိုက်ပွဲတွေမှာစစ်ကောင်စီဘက်ကဒုတိယမြောက်ဗိုလ်မှုးချုပ်အဆင့်ကိုသုတ်သင်နိုင်ခဲ့တာဖြစ်ပြီးပြီးခဲ့လကလဲတပ်မ၉၉တပ်မမှုးကိုသုတ်သင်လိုက်နိုက်သေးတယ်။တော်လှန်ရေးအဖွဲ့တွေဟာအခုဆိုရင်စစ်ကောင်စီရဲ့ရာထူးကြီးပိုင်းတွေကိုပါရှင်းလင်းလာနိုင်နေပါပြီ။နောက်ဆိုရင်စစ်ကောင်စီဘက်ကဗိုလ်ချုပ်အဆင့်တွေကိုပဲခြိမ်းခြောက်လာနိုင်မလားပဲ။