ကိုးကန့်တပ်မတော်(MNDAA)က လောက်ကိုင်ဒေသ ပြန်လည်ရရှိရေး တိုက်ပွဲဆင်နွှဲမည်ဖြစ်ကြောင်း အသိပေးထားပြီးနောက် လောက်ကိုင်မြို့မှ တိမ်းရှောင်သူ နေ့စဉ်ထောင်ချီရှိနေပြီး မကနေ့တစ်ရက်တည်း ချင်းရွှေဟော်သို့ရောက်ရှိလာသူတစ်သောင်းခန့်ရှိလာတယ်။လောက်ကိုင်ကထွက်ပြေးလာတဲ့စစ်ဘေးရှောင်တွေဟာတိုက်ပွဲတွေပြင်းထန်နေတာကြောင့်အရင်အသုံးပြုနေကျလမ်းမကြီးတွေအတိုင်းသွားလာလို့မရတော့ပဲMNDAAသိမ်းပိုက်ထားတဲ့ချင်းရွေဟော်ဘက်ကိုသာတိမ်းရှောင်လို့ရတော့တယ်။တိမ်းရှောင်လာတဲ့လူတွေက အရမ်းများတော့ လမ်းတွေပိတ်ပြီး အချိန်ကြာနေတယ်။ လောက်ကိုင်မှ တိမ်းရှောင်လာသူများသည် MNDAA ထိန်းချုပ်နယ်မြေများကို ဖြတ်သန်းပြီး ၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) နယ်မြေသို့ဝင်ရောက်ပြီးထိုမှတဆင့် ၎င်းတို့သွားလိုရာ ဒေသသို့ဆက်လက်သွားရောက်ခြင်းဖြစ်တယ်။ အဆိုပါစစ်ရှောင်များသွားလာရေးစားသောက်နေထိုင်ရေးကိုUWSAကကူညီပံ့ပိုးလျက်ရှိတယ်။ဝပြည်နယ်ထဲကိုအလုံးအရင်းနဲ့ရောက်ရှိလာတဲ့စစ်ရှောင်တွေကိုသူတို့လိုရာမသွားနိုင်ခင်မှာခဏတာခိုနားဖို့နေရာနဲ့အစားအသောက်အချို့စီစဉ်ပေးထားတယ်။ပီးရင်ဘေးလွတ်ရာကိုလဲကားတွေနဲ့ခေါက်တုံ့ခေါက်ပြန်ပို့ဆောင်ပေးနေတယ်။ဒါပေမယ့်ဝပြည်နယ်ထဲမဝင်ခင်မှာဖုန်းတွေလက်ပတော့တွေတော့ထားခဲ့ရတယ်။ဝပြည်နယ်ဟာဒီတခေါက်ရှမ်းမြောက်ကစစ်ပွဲတွေမှာစစ်ဘေးရှောင်တွေကိုအပြည့်အဝတာဝန်ယူပေးနေတာကတော့လေးစားစရာပဲ။ရှေ့တန်းမှာတိုက်ခိုက်နေတဲ့ညီနောင်သုံးဖွဲ့အတွက်လဲဝန်ပေါ့သွားတာပေါ့။