အမျိုးသားညီညွတ်ရေးအစိုးရNUGကဒီလထဲမှာပဲတော်လှန်ရေးရန်ပုံငွေအတွက်နွေဦးဘဏ်အစုရှယ်ယာတွေရောင်းချခဲ့ပါတယ်။ထိုရောင်းချမှုဟာသတ်မှတ်ရက် မတိုင်ခင်မှာပဲ အမေရိကန် ဒေါ်လာ ၁၀ သန်း ပြည့်မြောက်ခဲ့ပြီလို့ဂုဏ်ယူဝမ်းမြောက်စွာအသိပေးကြေညာကြောင်းဒီနေ့ထုတ်ပြန်ပါတယ်။ဒီအောင်မြင်မှုဟာနွေဦးတော်လှန်ရေးကိုယုံကြည်သက်ဝင်တဲ့ပြည်သူလူထုရဲ့စိတ်ပိုင်းဖြတ်မှုနဲ့တခဲနက်ယုံကြည်ထောက်ခံမှုကို နွေဦးဘဏ်ကတဆင့် သမိုင်းဝင် သက်သေပြလိုက်တာပဲ။နွေဦးဘဏ် ရှယ်ယာတွေဟာ တော်လှန်ရေးပြီးရင်မြတ်မှာသေချာတဲ့အတွက် တော်လှန်ရေးအတွက်လည်းပံ့ပိုးပြီးသားဖြစ်သလို ၊ရင်းနှီးမြှပ်နှံမှု ကောင်းလည်းဖြစ်တာကြောင့်ပြည်သူတွေကအလုအယက်ဝယ်ယူခဲ့ကြတယ်။ထိုငွေတွေကိုလက်ရှိတော်လှန်ရေးကာလစစ်ရေးဆိုင်ရာကိစ္စတွေမှာအရေးပေါ်လိုအပ်တဲ့အသုံးစားရိတ်မျိုးတွင်အသုံးပြုသွားမှာဖြစ်တယ်လို့NUGကပြောထားတယ်။
စစ်ဆင်ရေးတွေအကြောင်းကိုဆက်ရရင်ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီမြို့နယ်၊ ရေဇွာမြို့ကို ချင်းကာကွယ်ရေးပူးပေါင်းအဖွဲ့များက နံနက်ပိုင်းတွင် သိမ်းပိုက်လိုက်ပါတယ်။ကာကွယ်ရေးအဖွဲ့များ နယ်မြေစိုးမိုးမှုအားကောင်းသည့် ချင်းပြည်နယ်တွင် နိုဝင်ဘာလတွင်း ရိခေါဒါရ်မြို့၊ လိုင်လင်းပီမြို့တို့ကို ကာကွယ်ရေးအဖွဲ့များက သိမ်းပိုက်ထိန်းချုပ်ထားပြီး ရေဇွာမြို့သည် တတိယမြောက် သိမ်းပိုက်နိုင်ခဲ့သည့် မြို့ဖြစ်တယ်။ရေဇွာမြို့ဟာ ရပ်ကွက် ၄ ခု၊ အိမ်ခြေ ၅၂၀ ကျော်ရှိပြီး လူဦးရေ ၂၆၀၀ ကျော် နေထိုင်တဲ့မြို့လေးတစ်မြို့ပါ။စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ရေဇွာမြို့ ရဲစခန်းနှင့် စစ်ကောင်စီ တပ်စခန်းကုန်းအပါအဝင် မြို့ထဲနေရာတချို့တွင် တပ်စွဲထားခြင်းဖြစ်ပြီးမြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်မှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ၁ ဦး အပါအဝင် စစ်သား ၃၀ ကျော်ကို စစ်သုံ့ပန်း အဖြစ် ဖမ်း ဆီးရရှိမိတယ်။ရေဇွာမြို့သည် စစ်ကောင်စီတပ်ရင်းတပ်ဖွဲ့များ အခြေစိုက်ထားရာ ပြည်နယ်မြို့တော် ဟားခါးနှင့် မိုင် ၁၀၀ ကျော်သာ ကွာဝေးပြီး မတူပီမြို့နှင့် မိုင် ၆၀ အကွာအဝေးတွင် ရှိသော်လည်း စစ်ကူရောက်မလာခဲ့ပါဘူး။