ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် စတင်ခဲ့သည့် ကိုးကန့်တပ်မတော်(MNDAA) ၊ တအာင်း တပ်မတော်(TNLA) ၊ ရက္ခိုင့်တပ်တော်(AA) ညီနောင်မဟာမိတ်သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင် ရေးကို အာဏာသိမ်းစစ်ကောင်စီက တရုတ်ကျူးကျော်စစ်ဟုလူသိရှင်ကြား သတ်မှတ်ပြောဆိုလိုက်တယ်။ နောက်ဆက်တွဲအဖြစ်စစ်ကောင်စီထောက်ခံသူများက တရုတ်ဆန့်ကျင်ဆန္ဒပြမှုများကို မြန်မာနိုင်ငံအနှံ့တွင် ပြုလုပ်လာနေပါတယ်။စစ်ကောင်စီ ထောက်ခံသူများဖြစ်သည့် အမျိုးသားရေးအစွန်းရောက် မဘသ အဖွဲ့၀င်များသည် ပြီးခဲ့သည့် နို၀င်ဘာ ၁၉ ရက်နေ့က တရုတ်သံရုံးရှေ့မှာ ဆန္ဒပြမှုများပြုလုပ်ခဲ့တယ် ။အဓိကအားဖြင့် မြောက်ပိုင်းမှာ စစ်အကြီးအကျယ် ရှုံးပြီးတော့ တစ်ပြည်လုံးအနှံ့ တော်လှန်ရေးတွေ ပေါ်ပေါက်နေတဲ့ ကာလမှာ သူတို့ရဲ့အကျပ်အတည်းကို ကိုယ့်ကိုယ်ကိုပြန်ပြီး ဝေဖန်သုံးသပ်မှု မပြုဘဲနဲ့ အခြားလူပေါ် ပုံချတာပဲ။ တရုတ်က လက်နက်တွေ ပေးနေလို့ ဒီလိုဖြစ်တာလို့ သူတို့က ကောက်ချက်ချတာပေါ့။ တရုတ်အစိုးရမှ အကူအညီပေးနေမှုများကို ရပ်တန့်ပစ်ရန် တောင်းဆိုခဲ့ကြသည့် အမျိုးသားရေးအစွန်းရောက် မဘသ အဖွဲ့၀င်များကို စစ်ကောင်စီက ဆန္ဒပြခွင့်ပြုထားပြီး လုံခြုံရေး ယူပေးနေတယ်။အလားတူ နေပြည်တော်တွင်လည်း ထိုနေ့မှာပဲ တပြိုင်နက်တည်းပင် တရုတ်မုန်းတီးရေး လှုပ်ရှားဆန္ဒပြပွဲကို စစ်ကောင်စီက ကျင်းပပြုလုပ်ခွင့် ပေးခဲ့တယ်။
စစ်ကောင်စီဟာရှုံးနိမ့်နေတဲ့စစ်ပွဲကိုပြန်အဖတ်ဆယ်ဖို့အတွက်မြန်မာပြည်သူတွေကြားမှာတရုတ်မုန်းတီးရေးဝါဒမှိုင်းတိုက်ဖို့ကြိုးစားနေတာပါ။သူတို့အစီအစဉ်အထမြောက်လာရင်မြန်မာပြည်သူတွေရှမ်းမြောက်ကလက်နက်ကိုင်အဖွဲ့တွေကိုဆန်ကျင်ကြလိမ့်မယ်လို့စိတ်ကူးယဉ်နေတယ်။တကယ်တမ်းတော့မြန်မာပြည်သူတွေဟာတရုတ်ကိုမုန်းပါတယ်။စစ်တပ်ကအာဏာသိမ်းရဲတာဟာနောက်မှာတရုတ်ရဲ့ထောက်ခံမှုမဖြစ်မနေပါခဲ့လို့ပဲဆိုတာလူတိုင်းသိတယ်။ဒါပေမယ့်စစ်ကောင်စီမသိတာမြန်မာပြည်သူတွေတရုတ်မုန်းတာဟာစစ်ကောင်စီကိုမုန်းတာထက်အဆများစွာသာနေတယ်ဆိုတာပဲ။အဲ့ဒီတော့တဖက်လှည့်နဲ့လူထုကြားမှာတရုတ်မုန်းတီးရေးဝါဒဖြန့်ပြီးထွက်ပေါက်ရှာနေတဲ့စစ်ကောင််စီရဲ့အကြံအစည်ဟာအောင်မြင်မှာမဟုတ်ဘူး။ဒါ့အပြင်တရုတ်ကိုရန်သူအဖြစ်သတ်မှတ်လိုက်သလိုဖြစ်သွားတဲ့အတွက်နောက်ဆက်တွဲဆိုးကျိုးတွေကိုစစ်ကောင်စီအနေနဲ့ရင်ဆိုင်လာရနိုင်တယ်။တရုတ်ဆန့်ကျင်ရေးသဘောထားကိုပြသလိုက်တဲ့စစ်ကောင်စီဟာအဆုံးသတ်မှာ နိုင်ငံရေးအရကိုယ့်ကိုယ်ကိုလုပ်ကြံသတ်ဖြတ်မှုမျိုးတွေဖြစ်လာလိမ့်မယ်။သွေးရူးသွေးတန်းနဲ့လုပ်မိလုပ်ရာလုပ်နေတဲ့စစ်ကောင်စီဟာမကြာခင်ကျရှုံးတော့မှာပါ။