မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ပတ်လည်အင်းကျေးရွာစစ်ကောင်စီဂိတ်စခန်း တိုက်ခိုက်ခံရပြီးနောက် စစ်ကူလာသည့်ယာဉ်က လက်ဖက်ရည်ဆိုင်တစ်ဆိုင်ကို အကြောင်းမဲ့ဝင်ရောက်ပစ်ခတ်ရာ ပြည်သူ ၁၁ ဦးသေဆုံးသွားတယ်။
မန္တလေးမြောက်ဘက်မတ္တရာမြို့နယ်ထဲစိမ့်ဝင်နေတဲ့တော်လှန်ရေးအဖွဲ့တွေဟာ မိုးကုတ်-မန္တလေးလမ်းပေါ်ရှိ စစ်ကောင်စီဂိတ်စခန်းအားဝင်ရောက်တိုက်ခိုက်ခဲ့ကြတယ်။တိုက်ပွဲဖြစ်ပွားနေချိန်အနီးရှိလေကြောင်းကာကွယ်ရေးတပ်မှ စစ်ကားတစ်စီးထွက်လာပြီး အောင်ကံသာကျေးရွာရှိ လက်ဖက်ရည်ဆိုင်တစ်ဆိုင်အား ဝင်ရောက်ပစ်ခတ်ခဲ့တယ်။ထိုသို့ပစ်ခတ်မှုကြောင့် ပြည်သူ ၁၁ဦး သေဆုံးခဲ့ခြင်းဖြစ်တယ်။
ပစ်ခတ်သတ်ဖြတ်ခံရသူ ၁၁ဦးမှာ လက်ဖက်ရည်ဆိုင်နေရာပိုင်ရှင်၊ အငှားဖွင့်ထားသည့် ဆိုင်ရှင်နှင့် အောင်ကံသာ၊ ဥက္ကံနှင့် ပတ်လည်အင်းကျေးရွာများမှ ဒေသခံအရပ်သားများဖြစ်ကြောင်း၊ စစ်တပ်က ဆိုင်ထဲဝင်လာပြီး ရှိသမျှယောကျ်ားလေး၁၁ဦးအား အင်္ကျီချွတ်၊ မျက်လုံးအဝတ်စည်းပြီး မှောက်ခိုင်းကာ သေနတ်ဖြင့်ဆက်တိုက်ပစ်သတ်ခဲ့၍ ပွဲချင်းပြီးသေဆုံးခဲ့ခြင်းဖြစ်တယ်လို့သိရတယ်။ထို့အပြင် စစ်တပ်က လမ်းသွားလမ်းလာပြည်သူတစ်ဦးနှင့် အနီးရှိကျေးရွာမှ ပြည်သူတစ်ဦးကိုပါ ထပ်မံပစ်ခတ်သတ်ဖြတ်ခဲ့ရာ ယနေ့တစ်ရက်တည်း ဒေသခံပြည်သူ၁၃ဦး သတ်ဖြတ်ခံလိုက်ရတယ်။
စစ်ကူသွားတဲ့စစ်ကောင်စီဂိတ်စခန်းမှာ အင်အား ၅၀ခန့်ရှိပြီး တိုက်ခိုက်မှုကြောင့် စစ်သား ၂၀ခန့်သေဆုံး၍ ကျန်စစ်သားများထွက်ပြေးသွားကြောင်း၊စစ်သူပုန်တွေထိခိုက်ကျရှုံးမှုများလို့မဆိုင်တဲ့အရပ်သားတွေကိုမဲပြီးသတ်ဖြတ်သွားတာပဲ။