Military Coup Myanmar
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
  • mm Myanmar
  • en English
No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
No Result
View All Result
Military Coup Myanmar
No Result
View All Result

နိုဝင်ဘာ ၁၇၊ ၂၀၂၃။ (သောကြာ)

December 2, 2023
in အာဏာသိမ်း ဒိုင်ယာရီ
Reading Time:1 min read
Share on FacebookShare on Twitter

ချင်းပြည်နယ်ဘက်မှာလဲ မြန်မာ – အိန္ဒိယနယ်စပ်ရှိ ရိဒ်ခေါဒါရ်မြို့ကို CNA ဦးဆောင်သည့် ပူးပေါင်းတပ် သိမ်းပိုက်လိုက်ပြီး မြို့ကို ထိန်းချုပ်ထားနိုင်ပြီ။လက်ရှိမြို့ပေါ်မှာတော့ စစ်သူပုန်တွေတစ်ယောက်မှ မရှိတော့ဘူး။ မြို့ထဲမှာ ရှိတဲ့ စခန်းနှစ်ခုလုံးကို သိမ်းထားတယ်။ဒါ့ကြောင့် မြန်မာ – အိန္ဒိယနယ်စပ်အမှတ်(၂)ကုန်သွယ်ရေးလမ်းကြောင်းကိုတော်လှန်ရေးအဖွဲ့တွေစိုးမိုးနိုင်ပြီပေါ့။ ၁၀၂၇စစ်ဆင်ရေးစကတည်းကချင်းပြည်နယ်မှာတိုက်ပွဲတွေငြိမ်သက်နေခဲ့ပေမယ့်အခုပွဲဦးထွက်မှာပဲရိဒ်ခေါဒါရ်ကိုသိမ်းပိုက်နိုင်ခြင်းဟာ ချင်းပြည်နယ်တွင် ပထမဆုံးအကြိမ်မြို့သိမ်းတိုက်ပွဲ အောင်မြင်မှုရခြင်းဖြစ်ပါတယ်။
တိုက်ပွဲတွေပြန်လည်ပြင်းထန်နေတဲ့ကရင်နီ(ကယား)ပြည်နယ်၏ ‘၁၁.၁၁ စစ်ဆင်ရေး’၏ တတိယနေ့ နှင့် စတုတ္ထနေ့တိုက်ပွဲများတွင် လွိုင်ကော်တက္ကသိုလ်ဝင်းတိုက်ပွဲအတွင်း တပ်စွဲထားသော စစ်ကောင်စီ၏ တပ်မ(၆၆) လက်အောက်ခံ ခမရ(၄၂၅) နှင့် ခမရ(၆) တပ်ရင်းတို့အား အပြီးသတ်ချေမှုန်းတိုက်ခိုက်ရာ တပ်ရင်းမှူးအပါအဝင် စစ်ကောင်စီတပ်သား ၁၀၀ကျော်သေဆုံးပြီး နောက်ဆုံးလက်ကျန်တပ်ဖွဲ့ဝင်များ လက်နက်ချအညံ့ခံပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့တယ်။

နိုဝင်ဘ ၁၄ရက်တစ်နေ့လုံး လွိုင်ကော်တက္ကသိုလ်ဝင်းတိုက်ပွဲအတွင်း တပ်စွဲထားသော စစ်ကောင်စီ၏ ခမရ(၄၂၅) တပ်ရင်းမှူးနှင့် ဒုရင်းမှူးအပါအဝင် တပ်ရင်းတစ်ရင်းလုံးနီးပါးသေဆုံးခဲ့ပြီး ခမရ(၆)၏ အင်အားတစ်ဝက်နီးပါးကိုပါ ချေမှုန်းနိုင်ခဲ့ကြောင်း အသိပေးထားသည်။နိုဝင်ဘာ ၁၅ရက်တွင် လွိုင်ကော်တက္ကသိုလ်ဝင်းအတွင်း ကျန်ရှိနေသော ခမရ(၆)မှ တပ်ဖွဲ့ဝင်များအား အပြီးသတ်ချေမှုန်းရန် စစ်ဆင်ရေးအား နံနက်ပိုင်းမှစ၍တိုက်ခိုက်ရာ ညနေပိုင်းတွင် ကျန်ရှိစစ်ကောင်စီတပ်ဖွဲ့များအား လက်နက်ချအညံ့ခံရန် အခွင့်အရေးပေးခဲ့ပြီးနောက် ဦးစီးသော စစ်ကောင်စီတပ်သား ၃၂ဦး လက်နက်ချ အညံ့ခံခဲ့တယ်။

စစ်ကောင်စီဟာလွိုင်ကော်မြို့ကို တော်လှန်ရေးအင် အားစုတွေ မထိန်းချုပ်နိုင်ရေး အပြင်းအထန် ကြိုးစားနေတယ်။လေကြောင်းကနေကို နာရီဝက် ခြားတစ်ခါ တစ်နေကုန်ဗုံးကြဲတယ်။ဒီနေ့အထိလည်း ကြဲနေတုန်းပဲ။နောက်တစ်ခုကလူထုကိုလူသားဒိုင်းအဖြစ်စစ်ကောင်စီကအသုံးချနေတယ်။လက်ရှိလွိုင်ကော်တက္ကသိုလ်မှာလဲဆရာတွေနဲ့ကျောင်းသားတချို့ပိတ်မိနေဆဲပဲ။ထိုသူတွေကိုယ်ကယ်ထုတ်နိုင်ဖို့ကရင်နီတော်လှန်ရေးအဖွဲ့တွေဆက်လက်ကြိုးစားနေတယ်။

 

Related Posts

မေ ၀၄၊ ၂၀၂၅။ (တနင်္ဂနွေ)
အာဏာသိမ်း ဒိုင်ယာရီ

မေ ၀၄၊ ၂၀၂၅။ (တနင်္ဂနွေ)

May 4, 2025

စစ်ကိုင်းငလျင်ကြီးလှုပ်ပြီးတာ တစ်လကျော်ကြာခဲ့ပါပြီ။ဒီတစ်လအတွင်းမှာ ငလျင်ဒဏ်သင့် ပြည်သူတွေရဲ့နေထိုင်မှုဘဝအခြေအနေကတော့ တိုးတက်လာခြင်းမရှိသေးပါဘူး။အိမ်ပြိုသွားပြီး...

မေ ၀၃၊ ၂၀၂၅။ (စနေ)
အာဏာသိမ်း ဒိုင်ယာရီ

မေ ၀၃၊ ၂၀၂၅။ (စနေ)

May 3, 2025

တရုတ်ရဲ့ဖိအားပေးမှုတွေဟာ တော်လှန်ရေးကို တဖြည်းဖြည်းနဲ့ ကျဥ်းထဲကြပ်ထဲရောက်လာနေပါပြီ။တော်လှန်ရေးက ၄...

မေ ၀၂၊ ၂၀၂၅။ (သောကြာ)
အာဏာသိမ်း ဒိုင်ယာရီ

မေ ၀၂၊ ၂၀၂၅။ (သောကြာ)

May 2, 2025

စစ်​ကောင်စီ နှင့် TNLA တို့၏ ကူမင်း​ဆွေး​နွေးပွဲသ​ဘောတူညီချက်မရ​ကြောင်း...

You can copy without credits to our site. We Need Freedom.

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • အဖွဲ့အစည်းများ (CDM)
  • mm Myanmar
  • en English