ရန်ကုန်ကကိုယ်တွေရဲ့ဇာတိမြို့နယ်တစ်ခုမှာဒီရက်ပိုင်းဗုံးတွေဆက်တိုက်ဆိုသလိုပေါက်နေတယ်။တနိုင်ငံလုံးမှာစစ်ကောင်စီကိုတော်လှန်နေကြချိန်မြို့ပြပေါက်ကျားတွေလဲအငြိမ်မနေပဲရန်ကုန်ကမြို့နယ်တွေမှာစစ်သူပုန်တွေတပ်စွဲထားတဲ့အုပ်ချုပ်ရေးမှုးရုံးတွေ၊တရားရုံးတွေ၊မီတာရုံးတွေကိုပစ်မှတ်ထားဖောက်ခွဲတိုက်ခိုက်နေတာပါ။အောင်မြင်စွာဖောက်ခွဲတိုက်ခိုက်နိုင်ခဲ့တဲ့မြို့ပြပျောက်ကျားတွေကိုမမိတာကြောင့်စစ်သူပုန်တွေဟာအများပြည်သူကိုရှက်ရမ်းရမ်းကာလမ်းပေါ်မှာသွားလာနေတဲ့ဆိုင်ကယ်တွေကိုအကြောင်းမဲ့ဆက်တိုက်ဆိုသလိုဖမ်းဆီးနေတယ်။အရင်လိုလမ်းမကြီးတွေပေါ်မှာသွားလာနေတဲ့ဆိုင်ကယ်တွေကိုသာဖမ်းဆီးတာမဟုတ်ပဲရပ်ကွက်တွေထဲထိပါဝင်ရောက်ဖမ်းဆီးနေတယ်။အဲ့ဒီတော့အများပြည်သူတွေနဲ့ဆိုင်ကယ်နဲ့အသက်မွေးဝမ်းကျောင်းရှာတဲ့သူတွေအကုန်ဒုက္ခရောက်ကုန်တယ်။
ဒါ့အပြင်ဒီရက်ထဲပိုဆိုးတာကရန်ကုန်မှာစက်သုံးဆီတွေပြတ်လပ်နေတယ်။နိုဝင်ဘာ၁၀ရက်နေ့လောက်ကစပြီးအဓိကအားဖြင့်ဓာတ်ဆီပြတ်လပ်နေတာဒီနေ့နဲ့ဆို၇ရက်လောက်ရှိနေပြီ။ဆီဆိုင်အတော်များများမှာဆီမရတော့လို့ရနိုင်တဲ့ဆိုင်တွေမှာကားတွေတိုးကြိတ်တန်းစီနေရတယ်။ဆိုင်ကယ်တွေဆိုရင်လမ်းဘေးဆိုင်လေးတွေမှာတောင်ထည့်လို့မရနိုင်တော့ဘူး။ရတဲ့ဆိုင်တွေမှာလဲတစ်လီတာလေးထောင်ကျပ်လောက်ပေးဝယ်နေရတယ်။အရင်ကဒီလိုစက်သုံးဆီပြတ်ရင်အများဆုံးသုံးလေးရက်လောက်သာကြာတတ်ပြီးအခုတော့တပတ်လောက်ရှိတဲ့အထိအဆင်မပြေသေးဘူး။နောက်ပိုင်းဆိုရင်စက်သုံးဆီပြတ်လပ်မှုဟာတဖြည်းဖြည်းနဲ့အခြေအနေပိုဆိုးလာလိမ့်မယ်။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


