စစ်ရေးတိုးတက်မှုသတင်းတွေကတော့ကြောက်ခမန်းလိလိပါပဲ။ဒီနေ့မှာလဲကရင်နီပြည်နယ်မှာတော်လှန်ရေးအဖွဲ့တွေကစစ်ကောင်စီရဲ့တိုက်ခိုက်ရေးလေယာဉ်တစ်စီးကိုပစ်ချနိုင်ခဲ့ကြောင်းအတည်ပြုနိုင်ခဲ့တယ်။ကရင်နီပြည်နယ်တောတွင်းမှာလေယာဉ်ပျက်ကိုရှာတွေ့ခဲ့တယ်လေ။ထိုလေယာဉ်ဟာ နိုဝင်ဘာ ၁၁ရက်က ပြုလုပ်ခဲ့တဲ့ ကရင်နီတပ်ပေါင်းစု၏ ၁၁၁၁ စစ်ဆင်ရေး တွင် စစ်ကောင်စီတပ်စခန်း ၇ခုကိုသိမ်းပိုက်နိုင်ခဲ့သည့်အပြင်တိုက်လေယာဉ်တစ်စီးကိုပစ်ခတ်နိုင်ခဲ့တာဖြစ်တယ်။လေယာဉ်မှုးနှစ်ဦးကတော့လေထီးနဲ့ခုန်ထွက်ပြီးလွတ်မြောက်နေပေမယ့်သူတို့ကိုဖမ်းဆီးရမိဖို့ဆက်လက်ရှာဖွေနေတယ်။စစ်ကောင်စီကတော့စက်ချို့ယွင်းပြီးပျက်ကျတာလို့အရှက်ပြေပြောနေပေမယ့်တော်လှန်ရေးအဖွဲ့တွေဘက်လေယာဉ်ပစ်စက်သေနတ်ကြီးတွေနဲ့ပစ်ချခဲ့တဲ့ဗီဒီယိုဖိုင်ကိုသက်သေအဖြစ်ထုတ်ပြန်ထားတယ်။ပျက်ကျခဲ့တဲ့လေယာဉ်ဟာအပေါ့စားတိုက်ခိုက်ရေးနဲ့အမောင်းသင်လေယာဉ်တစ်စီဖြစ်ပြီးဒေါ်လာသန်း၂၀လောက်တန်ကြေးရှိတယ်လို့ပြောကြတယ်။
ကရင်နီပြည်နယ်မှာပြီးခဲ့ဇွန်လမယ်စဲမြို့တိုက်ပွဲအတွင်းမှာလဲဂျက်လေယာဉ်တစ်စီးကိုပစ်ချနိုင်ခဲ့သေးတယ်။အဲ့တုန်းကအခုလောက်နယ်မြေမစိုးမိုးနိုင်တာကြောင့်လေယာဉ်ပျက်ကိုမရှာနိုင်ခဲ့ဘူး။နွေဦးတော်လှန်ရေးကာလ၊၂၀၂၃ခုနှစ်အရောက်မှာစစ်ကောင်စီရဲ့တိုက်ခိုက်ရေးလေယာဉ်နှစ်စီးကိုပစ်ချနိုင်ခဲ့ပါပြီ။ပစ်ချခဲ့အဖွဲ့ကလဲကရင်နီတပ်ပေါင်းစုတွေပဲဆိုတော့ကရင်နီပြည်နယ်ကတော်လှန်ရေးအဖွဲ့တွေလက်စောင်းထက်လွန်းတယ်။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


