စစ်ကောင်စီကအမွန်းတင်လေ့ရှိပြီးဗကပ၏ ရက်၄၀ကျော်ကြာတိုက်ခိုက်မှု ကာကွယ်နိုင်ခဲ့သည်ဆိုသော ကွမ်းလုံမြို့အားစစ်ကောင်စီတပ်က၁၂ရက်အကြာတွင်လက်လွှတ်ဆုံးရှုံးရပါပြီ။
၁၀၂၇စစ်ဆင်ရေး အစိတ်အပိုင်းတစ်ခုဖြစ်သည့် ကိုးကန့်ဒေသတောင်ပိုင်း၊ သံလွင်မြစ်အရှေ့ဘက်ခြမ်းရှိ ကွမ်းလုံမြို့လွတ်မြောက်ရေးတိုက်ပွဲကို နိုဝင်ဘာ ၁ရက်တွင် စတင်ဖော်ဆောင်ခဲ့ရာ ကွမ်းလုံတံတားကို ဦးစွာသိမ်းပိုက်ပြီး မြို့တွင်းရှိစစ်ကောင်စီတပ်တွေကိုသုတ်သင်ရှင်းလင်းကာ စစ်ကောင်စီလက်အောက်ခံ ရဲစခန်း ၊ ယာဉ်ထိန်းရဲများနှင့် မြို့နယ်အုပ်ချုပ်ရေးရုံးများကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်။နိုဝင်ဘာ ၂ရက်မှာ စစ်ကောင်စီတပ်စခန်းတစ်ခုကို ထပ်မံသိမ်းပိုက်ပြီး ကွမ်းလုံမြို့ (သံလွင်မြစ်အရှေ့ဘက်ခြမ်း)ကို ထိန်းချုပ်နိုင်ခဲ့တယ်။ယခုအချိန်တွင်ကိုးကန့်(MNDAA)နှင့်မဟာမိတ်အဖွဲ့တို့သည်ကွမ်းလုံမြို့နယ်တစ်ခုလုံးအတွင်းရှိစစ်ကောင်စီတပ်ဖွဲ့ဝင်အားလုံးကိုရှင်းလင်းနိုင်ခဲ့ပြီးကွမ်းလုံမြို့ကိုလုံးဝထိန်းချုပ်နိုင်ခဲ့ပါပြီ။ကွမ်းလုံမြို့သိမ်းတိုက်ပွဲအတွင်းကွမ်းလုံဗျူဟာကုန်း၊ခမရ(၃၁၂)တပ်စခန်း၊ကွမ်းလုံရဲစခန်း၊ကွမ်းလုံးတံတားဟောင်း၊ ကွမ်းလုံတံတားသစ်နှင့် စစ်ကောင်စီတပ်စခန်းများအပါအဝင်သံချပ်ကာယာဉ် ၃စီး၊ (၁၂၂) မမ အတွဲလိုက်ဒုံး၊ ၁၂၂ မမ ဟောင်ဝစ်ဇာအမြောက်နှင့် စစ်ကားများစွာ ၊ လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရရှိခဲ့တယ်။တော်လှန်ရေးအဖွဲ့တွေကိရမ်းသမ်းပစ်ခတ်နေတဲ့အတွဲလိုက်ဒုံးယာဉ်တွေသိမ်းဆည်းနိုင်ခဲ့တာတော့ဒါပထမဆုံးအကြိမ်ပဲ။
လွန်ခဲ့သည့်နှစ်ပေါင်း၅၀ကျော်၁၉၇၀ပြည့်နှစ်နောက်ပိုင်းတွင်ဗမာပြည်ကွန်မြူနစ်ပါတီ(ဗကပ)တပ်များက ကွမ်းလုံကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ရက်ပေါင်း ၄၀ကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့သော်လည်း စစ်တပ်စခန်းများ မသိမ်းယူနိုင်ခဲ့ဘဲ ဗကပများအရေးနိမ့်ခဲ့တယ်။ ထိုစဉ်ကတည်းက ကွမ်းလုံကို စစ်အစိုးရက ထိန်းချုပ်ခဲ့ပြီးကွမ်းလုံသည် စစ်ရေးမဟာဗျူဟာအရ အလွန်အရေးကြီးသောကြောင့် မြန်မာစစ်တပ်မှ၎င်းတပ်စခန်းကိုအလွန်ခိုင်မာတဲ့ခံတပ်တစ်ခုအဖြစ်အထူးဂရုပြုတည်ဆောက်ခဲ့တယ်။ယခုတစ်ကြိမ်ကိုးကန့်(MNDAA)နှင့်မဟာမိတ်အဖွဲ့တို့မှကွမ်းလုံဒေသကိုပြန်လည်သိမ်းပိုက်နိုင်ခဲ့သောအောင်မြင်မှုသည်သမိုင်းကြောင်းတွင်အလွန်အရေးကြီးလှသည့်ဖြစ်ရပ်တစ်ခုအဖြစ်ပြောလို့ရတယ်။ကွန်းလုံကျဆုံးခြင်းကြောင့်စစ်ကောင်စီကိုစစ်ရေးအရရော၊စိတ်ဓာတ်ရေးရာရောသိက္ခာပိုင်းပါအကြီးအကျယ်ထိခိုက်စေခဲ့တယ်။