Military Coup Myanmar
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
  • mm Myanmar
  • en English
No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
No Result
View All Result
Military Coup Myanmar
No Result
View All Result

နိုဝင်ဘာ ၁၃၊ ၂၀၂၃။ (တနင်္လာ)

November 30, 2023
in အာဏာသိမ်း ဒိုင်ယာရီ
Share on FacebookShare on Twitter

စစ်ရေးတိုးတက်မှုသတင်းတွေကတော့ကြောက်ခမန်းလိလိပါပဲ။ဒီနေ့မှာလဲကရင်နီပြည်နယ်မှာတော်လှန်ရေးအဖွဲ့တွေကစစ်ကောင်စီရဲ့တိုက်ခိုက်ရေးလေယာဉ်တစ်စီးကိုပစ်ချနိုင်ခဲ့ကြောင်းအတည်ပြုနိုင်ခဲ့တယ်။ကရင်နီပြည်နယ်တောတွင်းမှာလေယာဉ်ပျက်ကိုရှာတွေ့ခဲ့တယ်လေ။ထိုလေယာဉ်ဟာ နိုဝင်ဘာ ၁၁ရက်က ပြုလုပ်ခဲ့တဲ့ ကရင်နီတပ်ပေါင်းစု၏ ၁၁၁၁ စစ်ဆင်ရေး တွင် စစ်ကောင်စီတပ်စခန်း ၇ခုကိုသိမ်းပိုက်နိုင်ခဲ့သည့်အပြင်တိုက်လေယာဉ်တစ်စီးကိုပစ်ခတ်နိုင်ခဲ့တာဖြစ်တယ်။လေယာဉ်မှုးနှစ်ဦးကတော့လေထီးနဲ့ခုန်ထွက်ပြီးလွတ်မြောက်နေပေမယ့်သူတို့ကိုဖမ်းဆီးရမိဖို့ဆက်လက်ရှာဖွေနေတယ်။စစ်ကောင်စီကတော့စက်ချို့ယွင်းပြီးပျက်ကျတာလို့အရှက်ပြေပြောနေပေမယ့်တော်လှန်ရေးအဖွဲ့တွေဘက်လေယာဉ်ပစ်စက်သေနတ်ကြီးတွေနဲ့ပစ်ချခဲ့တဲ့ဗီဒီယိုဖိုင်ကိုသက်သေအဖြစ်ထုတ်ပြန်ထားတယ်။ပျက်ကျခဲ့တဲ့လေယာဉ်ဟာအပေါ့စားတိုက်ခိုက်ရေးနဲ့အမောင်းသင်လေယာဉ်တစ်စီဖြစ်ပြီးဒေါ်လာသန်း၂၀လောက်တန်ကြေးရှိတယ်လို့ပြောကြတယ်။
ကရင်နီပြည်နယ်မှာပြီးခဲ့ဇွန်လမယ်စဲမြို့တိုက်ပွဲအတွင်းမှာလဲဂျက်လေယာဉ်တစ်စီးကိုပစ်ချနိုင်ခဲ့သေးတယ်။အဲ့တုန်းကအခုလောက်နယ်မြေမစိုးမိုးနိုင်တာကြောင့်လေယာဉ်ပျက်ကိုမရှာနိုင်ခဲ့ဘူး။နွေဦးတော်လှန်ရေးကာလ၊၂၀၂၃ခုနှစ်အရောက်မှာစစ်ကောင်စီရဲ့တိုက်ခိုက်ရေးလေယာဉ်နှစ်စီးကိုပစ်ချနိုင်ခဲ့ပါပြီ။ပစ်ချခဲ့အဖွဲ့ကလဲကရင်နီတပ်ပေါင်းစုတွေပဲဆိုတော့ကရင်နီပြည်နယ်ကတော်လှန်ရေးအဖွဲ့တွေလက်စောင်းထက်လွန်းတယ်။

Related Posts

မေ ၀၄၊ ၂၀၂၅။ (တနင်္ဂနွေ)
အာဏာသိမ်း ဒိုင်ယာရီ

မေ ၀၄၊ ၂၀၂၅။ (တနင်္ဂနွေ)

May 4, 2025

စစ်ကိုင်းငလျင်ကြီးလှုပ်ပြီးတာ တစ်လကျော်ကြာခဲ့ပါပြီ။ဒီတစ်လအတွင်းမှာ ငလျင်ဒဏ်သင့် ပြည်သူတွေရဲ့နေထိုင်မှုဘဝအခြေအနေကတော့ တိုးတက်လာခြင်းမရှိသေးပါဘူး။အိမ်ပြိုသွားပြီး...

မေ ၀၃၊ ၂၀၂၅။ (စနေ)
အာဏာသိမ်း ဒိုင်ယာရီ

မေ ၀၃၊ ၂၀၂၅။ (စနေ)

May 3, 2025

တရုတ်ရဲ့ဖိအားပေးမှုတွေဟာ တော်လှန်ရေးကို တဖြည်းဖြည်းနဲ့ ကျဥ်းထဲကြပ်ထဲရောက်လာနေပါပြီ။တော်လှန်ရေးက ၄...

မေ ၀၂၊ ၂၀၂၅။ (သောကြာ)
အာဏာသိမ်း ဒိုင်ယာရီ

မေ ၀၂၊ ၂၀၂၅။ (သောကြာ)

May 2, 2025

စစ်​ကောင်စီ နှင့် TNLA တို့၏ ကူမင်း​ဆွေး​နွေးပွဲသ​ဘောတူညီချက်မရ​ကြောင်း...

You can copy without credits to our site. We Need Freedom.

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • အဖွဲ့အစည်းများ (CDM)
  • mm Myanmar
  • en English