နိုင်ငံတဝန်းစစ်ကောင်စီကိုတိုက်ခိုက်နေတဲ့စစ်မျက်နှာတွေတစ်ခုပြီးတစ်ခုပွင့်နေချိန်မှာနွေဦးတော်လှန်ရေးကာလမှာလက်သံပြောင်တဲ့အဖွဲ့တစ်ခုဖြစ်တဲ့KNDFကလဲငြိမ်မနေပါဘူး။မြောက်ပိုင်းသုံးဖွဲ့ရဲ့၁၀၂၇စစ်ဆင်ရေးမှာပူးပေါင်းတဲ့အနေနဲ့KNDFကကရင်နီပြည်နယ်မှာစစ်ကောင်စီကို၁၁၀၇စစ်ဆင်ရေးစတင်ပြီလို့ကြေညာပြီးမယ်စဲမြို့နယ်ထဲကစစ်ကောင်စီတပ်စခန်းတွေကိုစတင်တိုက်ခိုက်သိမ်းပိုက်ပါတော့တယ်။စစ်ကောင်စီစခန်းသုံးခုကိုသိမ်းပိုက်နိုင်ခဲ့ပြီးစစ်သူပုန်၂၀ဦးထက်မနည်းသေဆုံးကာလက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရမိတယ်။နေပြည်တော်နဲ့အနီးဆုံးဖြစ်တဲ့ကရင်နီပြည်နယ်မှာပါထိုးစစ်တွေစရင်တော့စစ်ကောင်စီအတွက်အတော်အကြပ်အတည်းဆိုက်လာလိမ့်မယ်။
စစ်ကိုင်းတိုင်းဘက်မှာလဲမြို့သိမ်းအောင်ပွဲခံမှုတွေဆက်နေတယ်။ကောလင်းနဲ့ခမ်းပတ်မြို့တွေကိုတော်လှန်ရေးအဖွဲ့တွေသိမ်းယူပြီးနောက်ဒီနေ့မှာလဲကောလင်းမြို့နားကပင်လည်ဘူးမြို့ကိုပါထပ်မံသိမ်းပိုက်ရရှိတယ်။ကောလင်းမြို့ကျပြီးနောက်ပင်လည်ဘူးမြို့ကစစ်ကောင်စီတပ်သားတွေအလံဖြူထောင်ပြီးလက်နက်ချလာတာလို့သိရတယ်။ဒီရက်ပိုင်းတော်လှန်ရေးအဖွဲ့တွေဘက်သိမ်းနိုင်တဲ့မြို့တွေခပ်စိတ်စိတ်ဖြစ်လာတယ်။ဒီပုံစံအတိုင်းဆိုရင်စစ်ကိုင်းကချင်နယ်စပ်ကမြို့တွေတစ်ခုပြီးတစ်ခုသိမ်းပိုက်နိုင်လာလိမ့်မယ်ထင်တယ်။
ဇူလိုင် ၂၁၊ ၂၀၂၄။ (တနင်္ဂနွေ)
တရုတ်ရဲ့ဖိအားပေးမှုကြောင့်ကိုးကန့်တပ်တော်MNDAAကဒီလကုန်ထိအပစ်ရပ်ဦးမယ်လို့ကြေညာလိုက်ပါတယ်။ပြီးခဲ့တဲ့ရက်တွေကလဲတရုတ်မှာညီလာခံရှိလို့ဆိုပြီးလေးရက်ကြာတဖက်သတ်အပစ်ရပ်ပြီးပြီ။အခုလဲထပ်ပြီးအပစ်ရပ်ရဦးမယ်တဲ့။ တရုတ်ဟာ၁၀၂၇စစ်ဆင်ရေးအပိုင်း၂ဆင်နွဲနေတဲ့မြောက်ပိုင်းမဟာမိတ်တပ်တွေကိုနည်းလမ်းမျိုးစုံသုံးပြီး ဖိအားပေးနေပါတယ်။MNDAAအဖွဲ့လားရှိုးကိုစတိုက်တဲ့ဇူလိုင်၃ရက်နေ့ကစပြီးလောက်ကိုင်မြို့ကိုလျပ်စစ်မီးတွေဖြတ်တောက်ခဲ့တယ်။ဒါ့အပြင်MNDAAထိန်းချုပ်ထားတဲ့နယ်စပ်ကုန်သွယ်ရေးဂိတ်တွေကိုလဲတရုတ်ဘက်ကပိတ်ပစ်ခဲ့တယ်။အခုလဲမကြာခဏအပစ်ရပ်ခိုင်းနေပြန်ပြီ။ တရုတ်ဟာတော်လှန်ရေးအဖွဲ့တွေဘက်ရောစစ်ကောင်စီဘက်ကိုပါပြိုင်တူဖိအားပေးပြီးသူလိုချင်တဲ့လမ်းကြောင်းကို ရောက်အောင်ပုံသွင်းနေပါတယ်။စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကိုလဲ...