တနေ့ကစစ်ကိုင်းတိုင်းအထက်ပိုင်းရှိစစ်ကောင်စီတပ်၏အထိုင်စခန်း၊ရဲစခန်းတော်လှန်ရေးပူးပေါင်းအဖွဲ့တွေကတပြိုင်နက်ဝင်ရောက်တိုက်ခိုက်ခဲ့တယ်။အဲ့ဒီနေ့ထဲကကောလင်းမြို့မှာတိုက်ပွဲတွေဆက်လက်ပြင်းထန်နေခဲ့ပြီးဒီနေ့မှာတော့ခရိုင်မြို့ကြီးဖြစ်တဲ့ကောလင်းတစ်မြို့လုံးကိုPDFနှင့်မဟာမိတ်များသိမ်းပိုက်နိုင်လိုက်ပါတယ်။
နိုဝင်ဘာ ၃ ရက်မနက်မှ စတင်ခဲ့သော ကောလင်းမြို့သိမ်းတိုက်ပွဲမှာ ၃ ရက်ဆက်အပြင်းအထန်ဖြစ်ခဲ့ပြီး မြို့တွင်းကျန်ရှိနေသော စစ်သားများကို စစ်ကောင်စီကလေကြောင်းမှ အပြင်းအထန်စစ်ကူပေးခဲ့သော်လည်း ယနေ့နံနက်တွင်နောက်ဆုံးကျန်ရှိသောထွေအုပ်ရုံးကိုသိမ်းပိုက်နိုင်ခဲ့ကြောင်းသိရတယ်။တိုက်ပွဲကာလအတွင်းစစ်ကောင်စီတပ်တွေကရဲစခန်း၊စာသင်ကျောင်းစတဲ့နေရာတွေမှအဆင့်ဆင့်ခုခံခဲ့ပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်များနောက်ဆုံးကျန်ရှိသောကောလင်းမြို့ထွေအုပ်ရုံးရှိစစ်ကောင်စီတပ်ဖွဲ့ဝင်များကယနေ့နံနက်တွင် လက်နက်ချခဲ့ပြီးနောက်မြို့ကိုထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်တယ်။
ကောလင်းခရိုင်တွင်ပင်လယ်ဘူးမြို့ ၊ဝန်းသို ၊ကောလင်းမြို့သုံးမြို့ပါဝင်ပြီး ကောလင်းမြို့မှာ လူဦးရေ နှစ်သောင်းခွဲကျော်နေထိုင်သောမြို့ဖြစ်တယ်။ဒါ့ကြောင့် စစ်ကိုင်းတိုင်းတွင် တော်လှန်ရေးအဖွဲ့များက မြို့ သိမ်းတိုက်ပွဲအောင်မြင်စွာဆင်နွှဲနိုင်သည်မှာ ကောလင်းမြို့မှာ ပထမဆုံးဖြစ်လာတယ်။