ရှမ်းမြောက်မှာညီနောင်သုံးဖွဲ့ဟန်ချက်ညီညီစခန်းသိမ်းမြို့သိမ်းတိုက်ပွဲတွေဆင်နွဲနေဆဲမှာပဲစစ်ကိုင်းကချင်နယ်စပ်ကထီးချိုင့်မြို့မှာအေအေနဲ့PDFပူးပေါင်းအဖွဲ့တွေစစ်မျက်နှာအသစ်ထပ်ဖွင့်လိုက်တယ်လို့ကြေငြာလိုက်တယ်။ထီးချိုင့်မြို့မှာပီးခဲ့တဲ့ရက်တွေထဲကတိုက်ပွဲတွေအပြင်းအထန်ဖြစ်နေပြီးအခုမှာတရားဝင်ကြေငြာလိုက်တာပါ။ကချင်KIAကလဲဒီနေ့မှာပဲမြစ်ကြီးနားဗန်းမော်လမ်းပေါ်ကစစ်ကောင်စီရဲ့အရေးပါတဲ့တပ်စခန်းတစ်ခုကိုထပ်သိမ်းတယ်။စစ်ကောင်စီကတော့KIAကိုသည်းခံနိုင်စွမ်းကုန်ဆုံးသွားပြီလို့မချိတင်ကဲပြောသွားတယ်။သည်းခံနိုင်စွမ်းကုန်ဆုံးသွားလဲစစ်ကောင်စီကKIAကိုစစ်ရေးအရဘာမှတုန့်ပြန်နိုင်စွမ်းမရှိတော့ပါဘူး။သူတို့လုပ်နေကြဖြစ်တဲ့အရပ်သားတွေကိုလေကြောင်းကဗုံးကြဲအကြမ်းဖက်သတ်ဖြတ်မှာပဲကြောက်ရတယ်။ပြောရရင်တော့၁၀၂၇စစ်ဆင်ရေးဟာရှမ်းမြောက်ကနေစစ်ကိုင်းကချင်နယ်စပ်အထိကျယ်ပြန့်လာတဲ့သဘောပဲ။
ရှမ်းမြောက်ဘက်မှာတော့ညီနောင်မဟာမိတ်အဖွဲ့တွေစစ်ကောင်စီစခန်းတွေကိုတစ်ခုပြီးတစ်ခုသိမ်းပိုက်လာလိုက်တာမန္တလေးတိုင်းနဲ့ရှမ်းပြည်နယ်နယ်စပ်မြို့ဖြစ်တဲ့နောင်ချိုမြို့အထိရောက်ရှိလာခဲ့ပါပြီ။နောင်ချိုမြို့ကိုတော်လှန်ရေးအဖွဲ့တွေဝိုင်းထားပြီးမြို့ထဲကစစ်သူပုန်တွေကတော့မြို့ပြင်ကစစ်တပ်တပ်ရင်းတွေဘက်ကိုထွက်ပြေးသွားတယ်လို့သိရတယ်။နောင်ချိုမြို့ဟာစစ်တပ်ရဲ့အဓိကစစ်တက္ကသိုလ်တွေရှိတဲ့ပြင်ဦးလွင်မြို့နဲ့မိုင်သုံးဆယ်ခန့်သာကွာဝေးတာကြောင့်စစ်ကောင်စီဟာအတော်လေးရှော့ရသွားတယ်။ပြင်ဦးလွင်ကျရင်မြန်မာနိုင်ငံရဲ့ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့မန္တလေးပါကျပြီလေ။ဒါပေမယ့်ညီနောင်မဟာမိတ်အဖွဲ့တွေဟာပြင်ဦးလွင်အထိတော့တက်လာမယ်မထင်ဘူး။နောင်ချိုကိုထိန်းထားခြင်းအားဖြင့်စစ်ကောင်စီရဲ့စစ်ဌာနချုပ်လာရှိုးကိုမန္တလေးဘက်ကရော၊တောင်ကြီးဘက်ကရောစစ်ကူပို့လို့မရနိုင်တော့ဘူး။လားရှိုးကိုအလိုလိုဝိုင်းချုပ်ပြီးသားဖြစ်သွားမယ်။စစ်ကောင်စီကတော့ဒီနေ့လားရှိုးလေဆိပ်ကိုလေယာဉ်တွေနဲ့စစ်ကူတွေပို့ပေးနေတယ်လို့သိရတယ်။ဒါပေမယ့်ထိုစစ်ကူတွေဟာလားရှိုးမြို့မကျသွားအောင်ပဲထိန်းလို့ရမယ်။စစ်တပ်ဘက်ကတန်ပြန်တိုက်စစ်ဖွင့်နိုင်မှာမဟုတ်သေးဘူး။
နိုဝင်ဘာ ၂၅၊ ၂၀၂၃။ (စနေ)
တော်လှန်ရေးအဖွဲ့တွေဟာစစ်ကိုင်းတိုင်းထဲကတတိယမြောက်မြို့အဖြစ်ရွှေပြည်အေးမြို့ကိုထပ်မံသိမ်းယူလိုက်နိုင်တယ်။ရွှေပြည်အေးမြို့ဟာစစ်ကိုင်းတိုင်းအထက်ပိုင်းကမြို့ကြီးတစ်ခုဖြစ်တဲ့ဟုမ္မလင်းမြို့အောက်ဘက်မှာတည်ရှိပြီးတော်လှန်ရေးအဖွဲ့တွေဟာပြီးခဲ့တဲ့နှစ်တုန်းကတစ်ခါသိမ်းပိုက်နိုင်ခဲ့ဘူးတယ်။အဲ့ဒီတုန်းကအခုလိုတနိုင်ငံလုံးမှာတိုက်ပွဲတွေမပြင်းထန်သေးတဲ့အတွက်စစ်တပ်ကအလုံးအရင်းနဲ့ပြန်လည်တိုက်ခိုက်လို့ပြန်ပေးလိုက်ရတယ်။အခုတော့အပြီးသိမ်းနိုင်လိုက်ပါပြီ။ ချင်းပြည်နယ်မှာလဲဒုတိယမြောက်မြို့တစ်ခုကိုထပ်မံသိမ်းပိုက်လိုက်နိုင်တယ်။ချင်းပြည်နယ်တောင်ပိုင်ကလိုင်လင်းပီမြို့လေးပါ။လတ်တလောမှာချင်းပြည်နယ်ထဲကဆက်သွယ်ရေးလမ်းကြောင်းတွေအကုန်လုံးကိုချင်းတော်လှန်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားနိုင်နေပြီလို့သိရတယ်။ဟားခါး၊မင်းတပ်မတူပီစတဲ့မြို့ကြီးတွေကိုဝင်ရောက်သိမ်းပိုက်ဖို့ပဲကျန်တော့တယ်။ထိုမြို့တွေကထိန်းချုပ်နိုင်ရင်အရင်ကပြောခဲ့သလိုပဲချင်းပြည်နယ်ဟာပထဝီအနေအထားအရပထမဆုံးလွတ်မြောက်နယ်မြေတစ်ခုဖြစ်လာလိမ့်မယ်။