မနေ့ကရှမ်းမြောက်မှာ၁၀၂၇စစ်ဆင်ရေးကိုမြောက်ပိုင်းညီနောင်သုံးဖွဲ့ကစတင်လိုက်ချိန်နဲ့တပြိုင်နက်တောင်ပိုင်းကရင်ပြည်နယ်ဘက်မှာလဲKNUကကော့ကရိတ်မြို့ကိုဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ကော့ကရိတ်မြို့တွင်းကစရဖရုံးနဲ့သတင်းရဲတပ်ဖွဲ့ရုံးတို့ကိုသိမ်းပိုက်မီးရှို့လိုက်ပြီးစစ်ကောင်စီတပ်တွေကတော့မြို့ခံတပ်ရင်းစခန်းနဲ့ရဲစခန်းတွေကနေပြန်လည်ခုခံနေတယ်။ထိုတိုက်ပွဲဟာဒီနေ့ထိကော့ကရိတ်မြို့ပေါ်ရပ်ကွက်တွေအထိဆက်လက်ဖြစ်ပွားပြီးပြည်သူတချို့တော့ပိတ်မိနေတယ်။မနေ့ကတိုက်ပွဲတွေမှာဆိုစစ်တပ်ဖက်ကလေကြောင်းမလွှတ်ပေးနိုင်တော့ဘူး။လေကြောင်းပစ်ကူတွေအားလုံးရှမ်းမြောက်ကိုသွားနေရပြီလေ။မြောက်ပိုင်းမှာစစ်ဆင်ရေးတွေလုပ်နေချိန်တောင်ပိုင်းမှာလဲအချိန်ကိုက်စစ်တပ်ကိုတိုက်ခိုက်မှုတွေလုပ်လာတာဟာမြောက်ပိုင်းနဲ့တောင်ပိုင်းချိတ်ဆက်မှုတွေရှိနေပြီလားလို့တွေးမိတယ်။အရင်ကဆိုမြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့တောင်ပိုင်းအဖွဲ့တွေဟာတသီးတခြားဆီစစ်တပ်ကိုတော်လှန်ခဲ့ကြတာလေ။ဘာပဲဖြစ်ဖြစ်အခုလိုမျိုးတိုက်ပွဲတွေအချိန်ကိုက်တပြိုင်နက်လုပ်လာနိုင်တာဖက်ဆစ်စစ်တပ်ကိုအတော်အကြပ်ရိုက်စေလိမ့်မယ်။
မြောက်ပိုင်းက၁၀၂၇စစ်ဆင်ရေးအကြောင်းဆက်ပြောရရင်တော့မနေ့ကတနေ့ထဲတင်စစ်ကောင်စီတပ်စခန်း၄၀နီးပိုင်းသိမ်းပိုက်လိုက်နိုင်တယ်။အပိုဆုအဖြစ်သံချပ်ကာကားနှစ်စီးပါဖျက်စီးလိုက်နိုင်တယ်။ဒါ့အပြင်တရုတ်နယ်စပ်ကုန်သွယ်ရေးမြို့တစ်ခုဖြစ်တဲ့ချင်းရွေဟော်မြို့ကိုပါတော်လှန်ရေးအဖွဲ့တွေထိန်းချုပ်လိုက်တယ်။စစ်ဆင်ရေးကာလ၂၄နာရီအတွင်းရရှိတဲ့အောင်မြင်မှုတွေကကြောက်ခမန်းလိလိပါပဲ။မြောက်ပိုင်းညီနောင်ဒီနေ့မှာလဲအရှိန်အဟုန်ပြင်းစွာဆက်လက်ထိုးစစ်ဆင်နေပြီးသတင်းကောင်းတွေထပ်ကြားရဖို့ရှိတယ်။