မနေ့ကKIAသိမ်းပိုက်ရရှိခဲ့တဲ့အောင်ဂျာယန်စခန်းဟာစစ်ကောင်စီအတွက်အရေးပါတဲ့စခန်းကြီးတစ်ခုဖြစ်တယ်။ထိုစခန်းဟာလိုင်ဇာအနီးကနန့်ဆမ်ယန်ကိုသိမ်းဖိုးလက်နက်ရိက္ခာတွေတစ်ထောက်နားစုပုံလေ့ရှိတဲ့စခန်းဖြစ်တာကြောင့်KIAအသည်းအသန်တိုက်ယူထားတာပါ။အခုထိုစခန်းကိုသိမ်းပိုက်နိုင်ခြင်းကြောင့်စစ်ကောင်စီရဲ့လိုင်ဇာကိုခြိမ်းခြောက်ဖို့လုပ်နေတဲ့အိမ်မက်လဲပျက်ပြယ်သလောက်ဖြစ်သွားပါပြီ။ဇူလိုင်လထဲကစစ်ကြောင်းထိုးနေတဲ့နန့်ဆမ်ယန်ကိုလဲသိမ်းပိုက်ဖို့မဖြစ်နိုင်တော့ပါဘူး။ဒါ့အပြင်KIAအတွက်ဗန်းမော်မြစ်ကြီးနားလမ်းပိုင်းကိုထိန်းချုပ်ဖို့အခွင့်ပိုသာသွားပါပြီ။
KIAကတော့ဌာနချုပ် လိုင်ဇာအနီးရှိ မုန်လိုင်ခတ်စစ်ရှောင်စခန်းကို စစ်ကောင်စီက အောက်တိုဘာ ၉ရက်တွင် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက်စစ်တပ်ကိုတိုက်စစ်ဖွင့်လာခဲ့ပြီးစခန်းသိမ်းတိုက်ပွဲစစ်ဆင်ရေးများကိုသုံးရက်ဆက် ပြုလုပ်လာကာ စခန်းသိမ်းတိုက်ခိုက်မှုအားလုံး အောင်မြင်နေတာကိုတွေ့ရတယ်။