Military Coup Myanmar
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
  • mm Myanmar
  • en English
No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
No Result
View All Result
Military Coup Myanmar
No Result
View All Result

သမ္မတလုပ်ပြီး နောက်ထက် ၁၀ နှစ် အာဏာ မတရားရာယူဖို့ မင်းအောင်လှိုင်ရည်ရွယ် နေတာလား

October 31, 2023
in သုံးသပ်ချက်များ
Reading Time:1 min read
Share on FacebookShare on Twitter

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ မဲစာရင်းမှားယွင်းမှုကြောင့် အာဏာထိန်းတယ်ဆိုတဲ့ စကားကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကတည်းက တွင်တွင်ကျယ်ကျယ် ပြောခဲ့ပေမယ့်လည်း ၁၈ လကျော်ကြာတဲ့အခါမှာ တော့ သူ့ အပြုအမူနဲ့ လုပ်ရပ်တွေက နောက်ထပ် ၁၀ နှစ် ရေရှည် အာဏာသိမ်း အုပ်ချုပ်ဖို့ စီမံကြိုးစားလာမှုတွေ တွေ့လာရပါတယ်။

ဩဂုတ်လ ၁၉ ရက်နေ့ညပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီက “ပြည်ထောင်စုအစိုးရ” ပြင်ဆင်ဖွဲ့စည်းခြင်းဆိုတဲ့ အမိန့် ကို ထုတ်ပြန်လာပြီး ၂၀၂၁ ခုနှစ် ဩဂုတ်လမှာ ဖွဲ့စည်းခဲ့တဲ့ “အိမ်စောင့်အစိုးရ” ဆိုတဲ့ စကားရပ်ကို ပေါ်တင်ပဲ ဖြုတ် ချပစ်လိုက်ပါတယ်။ ဒီအမိန့်စာကိုကြည့်ရင် သူတို့ဟာ အိမ်စောင့် အစိုးရ မဟုတ်တော့ဘဲ တရားဝင် ပြည် ထောင်စု အစိုးရ ဆိုတာမျိုးဖြစ်တယ်လို့ ပေါ်ပေါ်တင်တင် ကြေညာတာလည်းဖြစ်ပါတယ်။

၂၀၀၈ အခြေခံဥပဒေ ပါ ပုဒ်မတွေအရ အကြမ်းဖက်စစ်ကောင်စီက အိမ်စောင့် အစိုးရ အဖြစ် ဆောင်ရွက်ပြီး ရွေး ကောက်ပွဲကျင်းပကာ နိုင်တဲ့သူကို အာဏာလွှဲပေးမယ်လို့ အဓိပ္ပာယ်မဲ့စကားတွေ မင်းအောင်လှိုင် ပြောနေပေမယ့်လည်းအခြားတစ်ဘက်မှာ သူ့အနေနဲ့ အခြေခံဥပဒေအရ သမ္မသက်တမ်း ၂ ကြိမ် စုစု ပေါင်း ၁၀ နှစ် လုပ်လို့ရတယ်ဆိုတဲ့ ထုတ်ပြန်ချက်မျိုးတွေကိုလည်း ဩဂုတ် ၁၉ ရက်နေ့မှာပဲ ထုတ်ပြန်လာပါတယ်။

အကြမ်းဖက် ဖက်ဆစ် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဥပဒေကြောင်းအရ မြန်မာ နိုင်ငံသမ္မတအဖြစ် ၂ ကြိမ်ဆက်တိုက် ၁၀ နှစ်ကာလ အဖြစ် တာဝန်ယူ ဆောင် ရွက်နိုင်တယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စား လှယ်ကို ပြောဆိုကြောင်း အကြမ်းဖက်စစ်တပ်က ဩဂုတ်လ ၁၉ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

အကြမ်းဖက် မင်းအောင်လှိုင်က လက်ရှိတွင် သူ့အနေနဲ့ နိုင်ငံကို မည်ကဲ့သို့ တိုးတက်ကောင်းမွန်အောင် ဆောင် ရွက်မယ် ဆိုသည့်စိတ်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ သူ တာဝန်ယူဆောင်ရွက်တဲ့ ကာလ အကန့်အသတ်ရှိကြောင်း၊ (ရေရှည်ဖွံ့ဖြိုးတိုးတက်ပြီး ချမ်းသာကြွယ်၀သည့်နိုင်ငံဖြစ်လာရန်) လာမယ့် ကာလတွင် အထွေ ထွေရွေးကောက်ပွဲ ကျင်းပပြုလုပ်၍ တာဝန်ထမ်းဆောင်မယ့် အစိုးရ အဖွဲ့ က သာ ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ ဥပဒေကြောင်းအရ မြန်မာနိုင်ငံတော်သမ္မတအဖြစ် ၂ ကြိမ်ဆက်တိုက် ၁၀ နှစ်တာကာလ အဖြစ် တာဝန်ယူ ဆောင်ရွက်နိုင်ကြောင်း၊ အဆိုပါကိစ္စများသည် ၁၀ နှစ်တာကာလအတွင်း အထွေထွေရွေးကောက်ပွဲ အနိုင်ရရှိမယ့် သမ္မတကသာ အကောင် အထည် ဖော်ဆောင်ရွက်ရမယ်လို့ ထုတ်ပြန်လာပါတယ်။

အကြမ်းဖက်စစ်တပ်ရဲ့ ထုတ်ပြန်ချက်မှာ မင်းအောင်လှိုင်က သမ္မတလုပ်မယ့် သဘော ပုံစံ( သို့မဟုတ်) ရွေးကောက်ခံ သမ္မတ၏ ဥပဒေအရ သက်တမ်းကာလကို ရှင်းပြသည့် ပုံစံ ဆိုတာကို ရှင်းရှင်းလင်းလင်းမဖော်ပြဘဲ လုံး ထွေးရေးသားတဲ့အပြင် ၂၀၀၈ အခြေခံ ဥပဒေအရ သမ္မတရာထူးဟာ အရွေးချယ်ခံ၊ အနိုင်ရမှသာလျှင် ၅ နှစ် ၂ ကြိမ် စုစုပေါင်း ၁၀ နှစ် တာဝန်ထမ်းဆောင်နိုင်တယ် ဆိုတာကိုလည်း ရှင်းရှင်းလင်းလင်း မဖော်ပြပါဘူး။

အကြမ်းဖက် စစ်တပ်ဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ မတိုင်မီ သတင်း စာရှင်းလင်းပွဲ လုပ်ပြီး စစ်တပ်အနေနဲ့ “အာဏာ မသိမ်းဘူးလို့ မှတ်ယူလို့ မရဘူး” ဆိုတဲ့ အဓိပ္ပာယ်မျိုးစုံထွက်တဲ့ စကားတွေ ပြောပြီး အာဏာကို သိမ်းယူဖို့ ကြိုးစားခဲ့တာလည်းဖြစ်ပါတယ်။

အခုတစ်ခါလည်း အဓိပ္ပာယ်မျိုးစုံထွက်တဲ့ ရေရှည် အာဏာယူဖို့ သဘောသက် ရောက်တဲ့ ထုတ်ပြန်ချက်တွေ ထုတ်ပြန်လာတာဖြစ်ပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်လို့လည်း ရေရှည် ဖမ်းဆီးချုပ်နှောင်ထားမယ့် သဘောတွေကို မင်းအောင်လှိုင်က ပြောလာပါတယ်။

ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေး နွေးရေး တောင်းဆိုမှုအပေါ် မင်းအောင်လှိုင်က ဒေါ်အောင်ဆန်းစုကြည် အပေါ် အခုထက်ပိုမို အရေးယူဆောင်ရွက်မှုတွေ ပြုလုပ်နိုင်ပေမယ့်လည်း သက်ညှာသော အား ဖြင့် မပြုလုပ်ခဲ့တာ ဖြစ်ကြောင်း၊ တရားစီရင်မှုများ ပြီးဆုံးပြီးနောက် ၎င်းတို့ ၏ လုပ်ဆောင်ချက်အပေါ် ဒေါ်အောင်ဆန်းစုကြည်၏ တုံ့ပြန်လာမှုများကို မူ တည် ၍ ဒေါ်အောင်ဆန်းစုကြည်အပေါ် စဉ်းစားဆောင်ရွက်သွားမယ်လို့ ပြောဆိုသွားပါတယ်။ ဒ

မင်းအောင်လှိုင်အနေနဲ့ ခဏတာ တာဝန်ယူတာဆိုရင် ဒီစကားကို ပြောစရာ အကြောင်းမရှိပါဘူး။ စစ်တပ်က ကျင်းပမယ် ဆိုတဲ့ ရွေးကောက်ပွဲအရ ဖြစ်ပေါ်လာမယ့် သမ္မတနဲ့ အစိုးရကသာ ဒေါ်အောင်ဆန်းစုကြည် နဲ့ပတ်သက်လို့ ဆုံးဖြတ်ရမှာဖြစ်ပြီး ခဏ တာဝန်ယူတယ်ဆိုတဲ့ မင်းအောင်လှိုင်အနေနဲ့ ရေရှည်အခြေ အနေ အတွက် အဖြေပေးစရာလည်း မလိုလှပါဘူး။

မင်းအောင်လှိုင်အနေနဲ့ ရေရှည် အနည်းဆုံး ၁၀ နှစ်အုပ်ချုပ်ဖို့ ကြံစည်ကြိုးပမ်းနေတာကြောင့်သာ ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်လို့ ဒီလို ရေရှည် စီမံချက် စကားထုတ်ပြောလာတာဖြစ်ပါတယ်။

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ သူအာဏာရရှိရေးအတွက် လူထု ရွေးကောက်ခံ အစိုးရဆီက အာဏာသိမ်းယူပြီး ပြည်သူထောင်ချီ သတ်ဖြတ် ၊ သောင်းချီ ထောင်သွင်းအကျဉ်းချကာ တစ်နိုင်ငံလုံးကို ညှဉ်းပန်းနှိပ်စက်မှုတွေ လုပ်ဆောင်နေတယ်ဆိုတာ သူ့လုပ်ရပ်နဲ့ အပြုအမူတွေက အချိန်ကြာလာတာနဲ့အမျှ ထင်ရှားပေါ်လွင် လာနေတာလည်းဖြစ်ပါတယ်။

“သူ မလုပ်ရဲတာ မရှိဘူး” လို့ ပြောဆိုခဲ့တဲ့ မင်းအောင်လှိုင်က သူ့အာဏာ အတွက် အာဆီယံ၊ ကုလသမဂ္ဂနဲ့ နိုင်ငံ တကာကို လည်း ဂရုမစိုက်တဲ့အပြင် နောက်ထပ် မတရား ဖမ်းဆီး သတ်ဖြတ်ညှဉ်းပန်းနှိပ်စက်မှုတွေ ဆက်လက် လုပ် ဆောင်မယ့် သဘောထားတွေကိုလည်း ဆက်လက် ပြသနေတာဖြစ်ပါတယ် ။

SOURCE – KHIT THIT

Related Posts

“စစ်တပ်ကို ဘယ်လို အလဲထိုးမလဲ”
သုံးသပ်ချက်များ

“စစ်တပ်ကို ဘယ်လို အလဲထိုးမလဲ”

June 3, 2025

"စစ်တပ်ကို ဘယ်လို အလဲထိုးမလဲ"   အထွေထွေထိုးစစ်ကြီး...

သုံးသပ်ချက်များ

အပစ်မရပ်ကြသူများ

April 30, 2025

အပစ်မရပ်ကြသူများ ခုရက်ပိုင်း ပွဲသတင်းတွေ တော်တော်လေး စိတ်နေတယ်။...

ဧပြီ ၀၁၊ ၂၀၂၅။ (အင်္ဂါ)
သုံးသပ်ချက်များ

ဘယ်သူ့​ကြောင့်လဲ

April 19, 2025

မန္တလေးငလျင်ကြီးလှုပ်ပြီးသွားတဲ့အခါ နိုင်ငံတကာကအကူအညီပေးတဲ့အဖွဲ့တွေအလျှင်အမြန်ရောက်လာပြီး နည်းပညာအကူအညီနှင့် ဒေသခံတွေပူးပေါင်းပြီး ကယ်တင်ကြတဲ့အတွက်...

You can copy without credits to our site. We Need Freedom.

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • အဖွဲ့အစည်းများ (CDM)
  • mm Myanmar
  • en English