ကချင်ပြည်နယ် ရွှေကူမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း ၂ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းတပ်ဖွဲ့ က မနေ့က မနက်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။ရွှေကူ-ဗန်းမော် လမ်း ပေါ်ရှိ စစ်ကောင်စီ၏ ခမရ(၆၀၂) အထိုင်စခန်းနှင့် ခလရ(၅၆) တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်တယ်။စစ်သူပုန်တွေ ရွှေကူမြို့ဘက် ဆုတ်သွားကြတယ်။ စခန်းအကုန် မီးရှို့လိုက်ပြီ။
KIAနှင့် စစ်ကောင်စီတပ်တို့သည် မြစ်ကြီးနား -ဗန်းမော်လမ်းတလျှောက်တွင်လည်း တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး စစ်ရေးတင်းမာနေတယ်။ ထိုဒေသရှိ စစ်ကောင်စီတပ်ကို KIAက ပိတ်ဆို့ထား၍ စစ်ကောင်စီဘက်က ခဲယမ်း၊ ရိက္ခာများကို လေကြောင်းမှ လေထီးချ ပို့ဆောင်နေရသည့် အခြေအနေပါ။ မြေပြင်မှ လာသည့် စစ်ကောင်စီထောက်ပို့ စစ်ကူယာဉ်တန်းများကိုလည်း KIAက ကြားဖြတ်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့၍ စစ်ကောင်စီတပ် ယာဉ်တန်းတစ်ခုလုံး ပျက်စီးထိခိုက်ခဲ့သည့် အခြေအနေမျိုးရှိနေတယ်။