ပြည်ပကိုသွားရောက်အလုပ်လုပ်ကိုင်မယ့်သူတွေ ပတ်စ်ပို့စ်သက်တမ်းတိုးတဲ့အခါ အခွန်ကင်းရှင်း ကြောင်း ထောက်ခံချက် တင်ပြနိုင်မှ သက်တမ်းတိုးပေးမယ်လို့ စစ်ကောင်စီက ထပ်ကြေညာလာပါတယ်။အလုပ်အကိုင်နိုင်ငံကူးလက်မှတ် (Passport for Job – PJ) နဲ့ သင်္ဘောသားနိုင်ငံကူးလက်မှတ်( Passport for Seaman-PS)အမျိုးအစားတွေကိုင်ဆောင်ထားသူတွေသက်တမ်းတိုးလျှောက်တဲ့အခါအခွန်ကင်းရှင်းကြောင်း ထောက်ခံချက်တင်ပြရမယ်လို့စစ်ကောင်စီက သတ်မှတ်လိုက်တာပါ။ပြည်တွင်းအခွန်ဦးစီးဌာန က ထုတ်ပေးတဲ့ အခွန်ကင်းရှင်းကြောင်း ထောက်ခံချက် ယူလာရမယ်ဆိုတာကို ရန်ကုန်မြို့မှာရှိတဲ့ နိုင်ငံကူးလက်မှတ်ရုံးမှာ ကြေညာထားတာလို့ သိရတယ်။
ထိုအခွန်တွေကိုလက်ရှိအောက်တိုဘာလ၁ရက်နေစတင်ပြီးအခွန်ကောက်မှာပါ။အခွန်မဆောင်ထားရင်ပတ်စပို့သက်တမ်းမတိုးပေးဘူးလို့စစ်ကောင်စီကခြိမ်းခြောက်ထားသေးတယ်။ပြည်သူတွေရဲ့ချွေးနည်းစာတွေနဲ့ပြည်သူတွေကိုပြန်သတ်နေတဲ့စစ်အုပ်စုလက်အောက်ကအမြန်လွတ်မှဖြစ်မှာပါ။