အာဏာသိမ်းစစ်ကောင်စီက တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးမှု၈နှစ်ပြည့်အခမ်းအနားကိုနေပြည်တော်မှာကျင်းပနေတယ်။ထိုအခမ်းအနားကိုစစ်တပ်နဲ့သဘောတူညီမှုယူထားတဲ့တိုင်းရင်းသားအဖွဲ့ငယ်လေးတချို့တက်ရောက်နေကြတယ်။တကယ်တော့(NCA)ဆိုတာစစ်အာဏာသိမ်းပြီးနောက်ဘာမှအဓိပ္ပာယ်မရှိတော့ပါဘူး။စစ်တပ်ဟာ အကြမ်းဖက်နည်းနဲ့ အာဏာသိမ်းလိုက်တဲ့အခါမှာသဘောတူညီထားတဲ့အရာတွေအားလုံးကို ချိုးဖောက်လိုက်တာဘဲဖြစ်တယ်။ ဒီတော့ NCA စာချုပ်က အသက်ရှင်ရပ်တည်တို့မရတော့ဘူး၊ အကောင်အထည် ဖော်လို့ မရတော့ဘူး။ အာဏာသိမ်းလိုက်တဲ့အခါတိုင်းမှာ နိုင်ငံတကာမှာဘဲဖြစ်ဖြစ် ဒီ နိုင်ငံမှာဘဲ ဖြစ်ဖြစ် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုတာလည်းမရှိတော့ဘူး။စစ်အုပ်စုက သူတို့ကိုယ်တိုင်းကလည်း အာဏာသိမ်းပြီး အကြမ်းဖက်နည်းနဲ့ပြသနာကိုဖြေရှင်းလာတဲ့အခါမှာကျတော့NCAစာချုပ်ကရှိနေပါသေးတယ်၊ငြိမ်းချမ်းရေးဖြစ်စဉ်က ရှိနေ ပါသေးတယ်၊ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေလည်း ရှိနေပါသေးတယ်ဆိုပြီးဝါဒဖြန့်ထားတယ်။ နိုင်ငံတကာကိုလည်းလိမ်လည်လှည့်ဖြားထားတယ်။ပြည်တွင်းမှာလည်းဒီအတိုင်းပြောနေတယ်။ပြည်တွင်းမှာတော့သူတို့ပြောနေတဲ့(NCA)ဆိုတာကိုဘယ်သူမှအယုံအကြည်မရှိကြတော့ဘူး။ဒါဟာစစ်တပ်ရဲ့လိမ်လည်လှည့်ဖျားမှုတစ်ခုဆိုတာအားလုံးသိနေကြပြီ။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


