အာဏာသိမ်းစစ်ကောင်စီက တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးမှု၈နှစ်ပြည့်အခမ်းအနားကိုနေပြည်တော်မှာကျင်းပနေတယ်။ထိုအခမ်းအနားကိုစစ်တပ်နဲ့သဘောတူညီမှုယူထားတဲ့တိုင်းရင်းသားအဖွဲ့ငယ်လေးတချို့တက်ရောက်နေကြတယ်။တကယ်တော့(NCA)ဆိုတာစစ်အာဏာသိမ်းပြီးနောက်ဘာမှအဓိပ္ပာယ်မရှိတော့ပါဘူး။စစ်တပ်ဟာ အကြမ်းဖက်နည်းနဲ့ အာဏာသိမ်းလိုက်တဲ့အခါမှာသဘောတူညီထားတဲ့အရာတွေအားလုံးကို ချိုးဖောက်လိုက်တာဘဲဖြစ်တယ်။ ဒီတော့ NCA စာချုပ်က အသက်ရှင်ရပ်တည်တို့မရတော့ဘူး၊ အကောင်အထည် ဖော်လို့ မရတော့ဘူး။ အာဏာသိမ်းလိုက်တဲ့အခါတိုင်းမှာ နိုင်ငံတကာမှာဘဲဖြစ်ဖြစ် ဒီ နိုင်ငံမှာဘဲ ဖြစ်ဖြစ် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုတာလည်းမရှိတော့ဘူး။စစ်အုပ်စုက သူတို့ကိုယ်တိုင်းကလည်း အာဏာသိမ်းပြီး အကြမ်းဖက်နည်းနဲ့ပြသနာကိုဖြေရှင်းလာတဲ့အခါမှာကျတော့NCAစာချုပ်ကရှိနေပါသေးတယ်၊ငြိမ်းချမ်းရေးဖြစ်စဉ်က ရှိနေ ပါသေးတယ်၊ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေလည်း ရှိနေပါသေးတယ်ဆိုပြီးဝါဒဖြန့်ထားတယ်။ နိုင်ငံတကာကိုလည်းလိမ်လည်လှည့်ဖြားထားတယ်။ပြည်တွင်းမှာလည်းဒီအတိုင်းပြောနေတယ်။ပြည်တွင်းမှာတော့သူတို့ပြောနေတဲ့(NCA)ဆိုတာကိုဘယ်သူမှအယုံအကြည်မရှိကြတော့ဘူး။ဒါဟာစစ်တပ်ရဲ့လိမ်လည်လှည့်ဖျားမှုတစ်ခုဆိုတာအားလုံးသိနေကြပြီ။
ဇန်နဝါရီ ၂၉၊ ၂၀၂၅။ (ဗုဒ္ဓဟူး)
ဒီနေ့ဟာတရုတ်နှစ်ကူးနေ့ပါ။အရင်ကမြန်မာနိုင်ငံမှာ အစိုးရအဆက်ဆက်တရုတ်နှစ်ကူးကို ရုံးပိတ်ရက်သတ်မှတ်မပေးဘူး။အခုမင်းအောင်လှိုင်လက်ထက်ကျမှ တရုတ်ကိုအဖေခေါ်ပြီးရုံးပိတ်ရက်သတ်မှတ်လိုက်တယ်။တရုတ်နှစ်ကူးပွဲကိုတော့ ဒီနိုင်ငံမှာထူးထူးခြားခြားဘာမှမပြုလုပ်ကြပါဘူး။ရန်ကုန်ကတရုတ်တန်းတဝိုက်...