ပဲခူးမြို့ ရေကြီးရေလျှံမှုတွင် စစ်ကောင်စီတပ်က ရေဘေးရှောင်ဒေသခံများကို ကယ်ဆယ် ပေးနေသည်ဟု ဝါဒဖြန့်ထားသော်လည်း ရေကြီးမှုကြောင့် ရပ်ကွက်များ အတွင်း ပိတ်မိနေပြီး အကူအညီများလိုအပ်နေသည့် ပြည်သူ သောင်းချီရှိနေတယ်။ရေကြီးမှုကြောင့် ပဲခူးမြို့အတွင်းပိုင်း နေရာအချို့မှာ အင်တာနက်လိုင်းနှင့် ဖုန်းလိုင်းအချို့ပါ ပြတ်တောက်ခဲ့သည့်အတွက် ပိတ်မိနေသည့်ပြည်သူများနှင့် အဆက်အသွယ်ရရှိခြင်းမရှိကာ ကူညီကယ်ဆယ်ရန် အခက်အခဲရှိနေတယ်။အချို့နေရာတွေ လိုင်းတွေပြတ်နေတာ။ ဘယ်နေရာမှာ ဘယ်လိုဖြစ် နေတယ်ဆိုလည်း ဆက်သွယ်မရဘူး။ အချို့က နေအိမ်တွေထဲမှာ ပိတ်မိနေတယ်။ ရေဘေးရှောင်ပြည် သူ သောင်းချီရှိလာနေပြီ။ အစားအသောက် အခက်အခဲရှိတယ်။ အကူအညီတွေ မရတဲ့နေရာတွေ အများကြီးရှိတယ်။
ပဲခူးတိုင်းအတွင်းရှိဆည်တွေရဲ့ ရေပိုလွှဲများမှ ရေကျော်၍ စီး၀င်လာသည့်အတွက် ပဲခူးမြို့နယ်အတွင်းရှိ ရပ်ကွက်များတွင် ရေကြီးရေလျှံ နစ်မြုပ်မှုများ ဖြစ်ပေါ်လာပြီး အချို့ရပ်ကွက်များတွင် ရေ ဆယ်ပေနီးပါးအထိ မြင့်တက်နေတယ်။ပဲခူးမြို့တွင် ရေကြီး ရေလျှံမှုဖြစ်ပေါ်တိုင်း ရေနစ်မြုပ်လေ့မရှိသည့်ရပ်ကွက်များ အတွင်းသို့ပါ ရေ၀င်ရောက်လာပြီး ရေလေးပေအထက် မြင့်တက်လာတာကြောင့် အရေးပေါ်တိမ်း ရှောင်မှုမပြုလုပ်နိုင်သည့် ပြည်သူများနေအိမ်များအတွင်း ပိတ်မိနေပြီး ကယ်ဆယ်ရေးလုပ်ဆောင်နေသူများ ကူညီရန် သွားရောက်နိုင်ခြင်းမရှိတော့ဘူး။ရေကြီးမှုကြောင့် ကားလမ်းများပါ ရေနစ်မြုပ်နေပြီး အမြန်လမ်း ၃၉ မိုင်မှစ၍ရေနစ်မြုပ်နေတယ်။ထို့ပြင်ရန်ကုန်၊မန္တလေးရထားလမ်းပိုင်းနှင့်ပဲခူးမော်လမြိုင်ရထားလမ်းများပါ ရေကျော် နေသောကြောင့် လူစီးရထားခရီးစဉ်များ ရပ်နားထားရတယ်။