အာဏာသိမ်းစစ်ကောင်စီအဖွဲ့ဝင်ဟောင်း ဒုတိယ ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကို နိုင်ငံတော်သစ္စာဖောက်ဖျက်မှု ၊ကိုယ်ကျိုးရှာမှု စွပ်စွဲချက်တွေနဲ့ ထောင်ဒဏ် နှစ် ၂၀ ချလိုက်တယ်လို့ ဒီနေ့ညပိုင်းမှာ စစ်ကောင်စီက သတင်းထုတ်လိုက်တယ်။ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းရဲ့လက်ထောက်ဖြစ်သူဗိုလ်မှူးချုပ်ဟောင်းရန်နောင်စိုးကိုလည်း အလားတူစွပ်စွဲချက်နဲ့ ထောင်ဒဏ် နှစ် ၂၀ ချပါသေးတယ်။သူတို့ ၂ ဦးကို စစ်တရားရုံးနဲ့စစ်ဆေး စီရင်တာလို့လည်း စစ်ကောင်စီက ဆိုထားတယ်။
ထောင်ချခံရတဲ့ ဒုတိယ ဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းဟာ စစ်ခေါင်းဆောင်ရဲ့ နေရာကိုဆက်ခံမယ့်သူလို့ ထင်ကြေးပေးခံခဲ့ရသူပါ။စစ်ခေါင်းဆောင်ဟာသူအယုံကြည်ရဆုံးလူတစ်ဦးကိုအခုလိုအရေးယူလိုက်တာဟာသူမှာယုံကြည်ရတဲ့သူမရှိတော့တာပြလိုက်တာပဲ။အခုလိုမျိုးပြင်းပြင်းထန်ထန်အရေးယူတာဟာလာဒ်စားမှုတစ်ခုထဲကြောင့်မဟုတ်ဘူးလို့ထင်ကြေးတွေထွက်ပေါ်နေတယ်။စစ်ခေါင်းဆောင်တွေရဲ့အတွင်းပိုင်းအပ်ကွဲကြောင်းတွေဟာတဖြည်းဖြည်းနဲ့ကြီးမားလာပြီလို့ပြောရမယ်။