ပြီးခဲ့တဲ့ စက်တင်ဘာ ၂၆ ရက် ကနေ အောက်တိုဘာ ၄ ရက်နေ့ အထိ တစ်ပတ်အတွင်း စစ်ကိုင်း ၊ မကွေး နဲ့ ချင်း က အရပ်သားပြည်သူအချို့ကို အကြမ်းဖက်မှုတွေလုပ်တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ စစ်ခုံရုံးတွေကနေ ထောင်ဒဏ် ချမှတ်ခဲ့တဲ့ရပ်သားပြည်သူ ၁၉ ဦး အထိရှိတာကို အချက်အလက်စုဆောင်းမှုအရ သိရတယ် လို့ ဘီဘီစီသတင်းမှာဖတ်ရတယ်။ အပြစ်မဲ့ပြည်သူတွေကို ဖမ်းဆီး၊ ထောင်ထဲမှာ အမျိုးစုံနှိပ်စက်နဲ့ ဘဝ တွေက အရှင်လတ်လတ်ငရဲကျခံနေရသလိုပဲ။ ထောင်ထဲကထွက်လာရင်လည်း အကောင်းအတိုင်းမ ဟုတ်တော့ဘဲ အိုနာကျိုးကန်းဖြစ်သွားတဲ့သူတွေ ဒုနဲ့ဒေး။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


