အခုရက်ပိုင်း ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့နယ်အတွင်းမှာ စစ်ကောင်စီ တပ်နဲ့ တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့အကြားတိုက်ပွဲတွေပြင်းထန်နေပါ တယ်။ ဒေသခံတစ်ထောင်ကျော်ဟာ အိုးအိမ်တွေစွန့်ပြီး စစ်ဘေးရှောင်နေကြရတယ်။ မြန်မာနိုင်ငံမှာ အခု ဆိုရင် စစ်ဘေးရှောင်နေရတဲ့သူတွေဘယ်လောက်တောင်များနေပြီလဲ။
အဲဒီစစ်ဘေးရှောင်စခန်းတွေမှာ လိုအပ်နေတဲ့ စားနပ်ရိက္ခာတွေကဘယ်မှာလဲ။ ဘယ်သူကထောက်ပံ့နေသလဲ။ ကျန်းမာရေးအရဆေးဝါး လိုအပ်ချက်တွေကို ဘယ်သူကဖြည့်ဆည်းပေးနေသလဲ။ ပြည်သူကနေ ပြည်သူကိုပဲ အချင်းချင်းကူညီကြ ရတာပါ။ စစ်ကောင်စီဟာ သူအာဏာရဖို့ ပြည်သူဘဝပေါင်းများစွာကို စတေးနေပါတယ်။ ကျွန်တော်တို့ အားလုံး ဘယ်တော့များမှ လွတ်မြောက်မှာလဲ။