ကုန်ဈေးနှုန်းတွေကကြီး၊ အကူအညီအထောက်အပံ့တွေကလည်း အရင်လို ပုံမှန်မရတော့တဲ့ ရခိုင်ပြည်နယ်က စစ်ရှောင်စခန်း တွေမှာ တချို့စစ်ဘေးရှောင် ပြည်သူတွေ ဆန်ကွဲစားရတဲ့အခြေ အနေကြုံနေရကြောင်း၊ ထမင်းအငတ်မခံနိုင်လို့ ဆန်ကွဲကိုပဲ သည်းခံစား နေရတာ နှစ်ပေါက်လာပြီဖြစ် ကြောင်း စစ်ရှောင်စခန်းကလူတွေပြောတဲ့သတင်းတစ်ပုဒ်ဖတ်လိုက်ရတယ်။ ဘဝတွေများဘယ်လောက် အထိ ခါးနေဦးမှာလဲ။ ရခိုင်တင်မဟုတ်ပါဘူး။ မြန်မာနိုင်ငံအထက်ပိုင်း၊ အောက်ပိုင်း အများကြီးမှ တကယ့် ကိုအများကြီးပါပဲ။ မင်းအောင်လှိုင်တစ်ယောက်ကြောင့် အကုန်လုံးဒုက္ခရောက်ကြရတယ်။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


