ပြီးခဲ့တဲ့ စက်တင်ဘာ ၂၆ ရက် ကနေ အောက်တိုဘာ ၄ ရက်နေ့ အထိ တစ်ပတ်အတွင်း စစ်ကိုင်း ၊ မကွေး နဲ့ ချင်း က အရပ်သားပြည်သူအချို့ကို အကြမ်းဖက်မှုတွေလုပ်တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ စစ်ခုံရုံးတွေကနေ ထောင်ဒဏ် ချမှတ်ခဲ့တဲ့ရပ်သားပြည်သူ ၁၉ ဦး အထိရှိတာကို အချက်အလက်စုဆောင်းမှုအရ သိရတယ် လို့ ဘီဘီစီသတင်းမှာဖတ်ရတယ်။ အပြစ်မဲ့ပြည်သူတွေကို ဖမ်းဆီး၊ ထောင်ထဲမှာ အမျိုးစုံနှိပ်စက်နဲ့ ဘဝ တွေက အရှင်လတ်လတ်ငရဲကျခံနေရသလိုပဲ။ ထောင်ထဲကထွက်လာရင်လည်း အကောင်းအတိုင်းမ ဟုတ်တော့ဘဲ အိုနာကျိုးကန်းဖြစ်သွားတဲ့သူတွေ ဒုနဲ့ဒေး။
အောက်တိုဘာ ၂၁၊ ၂၀၂၅။ (တနင်္လာ)
မြန်မာ-အိန္ဒိယ နယ်စပ် ကုန်သွယ်ရေးရဲ့ အဓိက လမ်းမကြီးတစ်ခုဖြစ်တဲ့...


