အင်ဒိုနီးရှားနိုင်ငံပိုင် ကုမ္ပဏီ ၃ ခုဟာ မြန်မာစစ်တပ်ကို လက်နက်တွေရောင်းချခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကြောင့် ဒီဖြစ်ရပ်ကို စုံစမ်းဖို့ မြန်မာ့အရေးဆောင်ရွက်သူတွေက အင်ဒိုနီးရှားလူ့အခွင့် အရေးကော်မရှင်ကို တိုင်တန်းလိုက်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံပိုင် လက်နက်ကုမ္ပဏီ ၃ ခုဖြစ်တဲ့ PT Pindad၊ PT PAL၊ PT Dirgrantara Indonesia ကုမ္ပဏီတွေဟာ အင်ဒိုနီးရှား ဥပဒေနဲ့ နိုင်ငံတကာ ဥပဒေတွေကို ချိုးဖောက်ပြီး မြန်မာစစ်တပ်အတွက် ထောက်ပံ့ရေးပစ္စည်းတွေ ရောင်းချခဲ့တယ်လို့ဆိုပြီး အင်ဒိုနီးရှားရှေ့နေချုပ်ဟောင်း မာဇူကီ ဒါရူစမန်၊ ချင်းလူ့အခွင့်အရေးအဖွဲ့(CHRO)၊ မြန်မာနိုင်ငံတာ ဝန်ခံမှုစီမံချက်(Myanmar Accountability Project) တို့က တိုင်ကြားလိုက်တာဖြစ်ပါတယ်။ အဲဒီသတင်း ကို ဘီဘီစီသတင်းဌာနမှာတင်ထားတာဖြစ်ပါတယ်။ မြန်မာစစ်တပ်ကိုလက်နက်တွေရောင်းပြီး ကိုယ်ကျိုး စီးပွားရှာ၊ ပြည်သူတွေကိုမစာမနာ တစ်ကိုယ်ကောင်းဖို့လုပ်နေတဲ့သူတွေ အများကြီးမှ တကယ့်ကိုအများ ကြီး။ ပြည်သူတွေက ဒုက္ခကိုရင်စည်းခံစားခဲ့ကြရတာသုံးနှစ်ဝန်းကျင်ရှိပါပြီ။
ဇွန် ၂၈၊ ၂၀၂၅။ (သောကြာ)
ကရင်နီပြည်နယ်မိုးဗြဲမြို့ကို စစ်တပ်ကအင်အားအလုံးအရင်းနဲ့ ထပ်မံတိုက်ခိုက်လာပါတယ်။မိုးဗြဲမြို့ကိုစစ်တပ်က အကြိမ်ကြိမ်ထိုးစစ် ဆင်နေပေမယ့်အခုချိန်ထိတော့မရရှိသေးပါဘူး။တချိန်ထဲမှာပဲ...