စစ်ကိုင်းတိုင်း တန့်ဆည်မြို့ပေါ်မှာ စစ်အုပ်စု စီးနင်းအထိုင်ချ တပ်စွဲနေတဲ့ စခန်းနေရာနှစ်ခုကို တော်လှန်ရေးတပ်တွေက စီးနင်းဝင်ရောက် တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်အုပ်စုနဲ့ပျူ (၂၀)ကျော် သေပြီး သေနတ်(၁၄)လက် အပါအဝင် လက်နက်ခဲယမ်း အများအပြား သိမ်းဆည်း ရရှိတယ်။တန့်ဆည်မြို့ပေါ်က စစ်အုပ်စု အထိုင်စခန်း နေရာတွေဖြစ်တဲ့ ဒေါင်းမင်းဆီဆိုင်ဟောင်းနေရာနဲ့ လူဝင်မှုကြီးကြပ်ရေး – လဝက ရုံးနေရာကို ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့တွေက သုံးနာရီကျော်ကြာ စခန်းသိမ်းတိုက်ပွဲ ဆင်နွှဲခဲ့တာလို့သိရတယ်။
တန့်ဆည်မြို့ပေါ်က စစ်အုပ်စု စခန်းတွေကို တော်လှန်ရေးတပ်တွေက စခန်းသိမ်း တိုက်ခိုက်ပြီးချိန် စစ်အုပ်စုက လူနေရပ်ကွက်တွေထဲ လက်နက်ကြီးနဲ့ ရမ်းကားပစ်ခတ် သောင်းကျန်းတာကြောင့် တန့်ဆည်မြို့ လမ်းဆုံမြို့က နေအိမ်ထဲမှာ အိပ်ပျော်နေတဲ့ အသက်ခြောက်နှစ်ဝန်းကျင် ကလေးငယ်တစ်ဦး လက်နက်ကြီးကျည်ထိကာ ဆုံးပါးသွားပါတယ်။ကလေးလေးက ခြေထောက်ကို လက်နက်ကြီးကျည် ထိတာ။ အချိန်မီ ဆေးရုံဆေးခန်း မသွားရဲလို့ သွေးထွက်လွန်ပြီး ဆုံးတာပါ။လက်ရှိမှာစစ်အုပ်စုက ဆက်လက် အကြမ်းဖက် သောင်းကျန်းဖို့ အင်အားအများအပြားနဲ့ တန့်ဆည်မြို့ဘက် တက်လာနေတယ်လို့သိရတယ်။