နိုင်ငံခြားငွေရောင်းဝယ်ခွင့်ရထားတဲ့ကုမ္ပဏီအများအပြားကိုစစ်ကောင်စီကဆက်တိုက်ဆိုသလိုပိတ်သိမ်းလျက်ရှိတယ်။အခုနောက်ဆုံး ဆီဒိုးနားဟိုတယ်အပါအဝင် နိုင်ငံခြားငွေရောင်းဝယ်ခွင့်ရထားသည့် ကုမ္ပဏီ ၁၂၃ ခုကို စစ်ကောင်စီက နိုင်ငံခြားငွေရောင်းချခွင့် လိုင်စင်ရုတ်သိမ်းလိုက်တယ်။ဒါ့ကြောင့် စစ်ကောင်စီက လိုင်စင်ရုတ်သိမ်းလိုက်သည့်နိုင်ငံခြားငွေရောင်းဝယ်ခွင့်ကုမ္ပဏီမှာလေးလအတွင်း(၁၆၆)ခုထိ့ရှိလာတယ်။ယခင်က နိုင်ငံခြားငွေရောင်းဝယ်ခွင့်ကို ကုမ္ပဏီ ၂၀၀ ကျော် ကိုသာခွင့်ပြုထားလို့ထပ်တိုးခွင့်ပြုသော ကုမ္ပဏီမရှိရင် အနည်းငယ်သာကျန်ရှိတော့မယ်။ အခုလဲ ငွေလဲကောင်တာတွေက ဖွင့်တာရှိပေ့မယ့် စစ်ကောင်စီနှုန်းနဲ့အဝယ်ဘဲရှိပြီးအရောင်းမရှိပါဘူး။အမိန့်နှင့်ညွန့်ကြားချက်များကိုလိုက်နာခြင်းမရှိသောကြောင့်ယခုလိုလိုင်စင်ရုတ်သိမ်းရခြင်းဖြစ်သည်ဟုစစ်ကောင်စီဗဟိုဘဏ်ကအကြောင်းပြထားသော်လည်းပုဂ္ဂလိကနိုင်ငံခြားငွေရောင်းခွင့်ကို စစ်ကောင်စီကထိန်းချုပ်ချင်တဲ့သဘောပဲ။ စစ်ဗိုလ်ချုပ်တွေက ဒေါ်လာကို သူတို့ဘဲချုပ်ကိုင်ချင်လို့နိုင်ငံတွင်းကဒေါ်လာအရောင်းအဝယ်ကောင်တာတွေအားလုံးပိတ်မယ်သဘော့ရှိတယ်။ ငွေလဲလုပ်ငန်းကို သူတို့နဲ့ ပတ်သတ်သူတွေဘဲ လုပ်ကိုင်ခွင့်ရတော့မယ့်ပုံစံအတိုင်းဖြစ်လာတော့မယ်။
ဒါ့ကြောင့်စစ်ကောင်စီကငွေလဲလုပ်ငန်းကိုသူတို့အလွယ်တကူထိန်းချုပ်၍ရသည့်ဘဏ်များကိုသာလုပ်ကိုင်ခွင့်ပေးလိုပြီး ပုဂ္ဂလိက ငွေလဲကောင်တာလုပ်ငန်းများကို အပြစ်ရှာပြီး ရုတ်သိမ်းနေတာပါ။စစ်ကောင်စီကတစ်ဒေါ်လာကို၂၁၀၀ကျပ်သတ်မှတ်ထားပြီးထိုဈေးနှုန်းအတိုင်းရောင်းချရန်ဖိအားပေးနေတယ်။ ပြင်ပပေါက်ဈေးမှာ တစ်ဒေါ်လာကို ကျပ် ၃၄၀၀ ဝန်းကျင်ရှိနေတယ်။