မြန်မာပြည်ဧရိယာ၏ သုံးပုံ နှစ်ပုံခန့်ကို ခရီးသွားလာခွင့် တားမြစ်ပိတ်ပင်ကြောင်း ဗြိတိန်နိုင်ငံခြားရေး၊ ဓနဿဟာရနှင့် ဖွံ့ဖြိုးမှုရုံး(FCDO)ကထုတ်ပြန်လိုက်တယ်။ပြီးခဲ့သည့် ဇူလိုင်က တိုင်းနှင့် ပြည်နယ် ၈ ခုကို ခရီးသွားလာခြင်းမပြုရန်တားမြစ်ခဲ့ပြီးယခုထုတ်ပြန်ချက်မှာတနင်္သာရီတိုင်းထပ်တိုးပါဝင်လာခဲ့ခြင်းဖြစ်တယ်။ဗြိတိန်၏ ကန့်သတ်ချက်အရ ခရီးသွားလာခွင့် လုံးဝတားမြစ်သည့် တိုင်းနှင့်ပြည်နယ်တို့မှာ မွန်၊ ကချင်၊ ချင်း၊ ကရင်နီ(ကယား)၊ကရင်၊စစ်ကိုင်း၊မကွေး၊ရခိုင်ပြည်နယ်မြောက်ပိုင်းနှင့်အထက်ပါတင်္နသာရီတိုင်းဒေသများဖြစ်တယ်။ ရှမ်းပြည်နယ်၊ မန္တလေးနှင့် တင်္နသာရီတိုင်းတောင်ပိုင်းဒေသများ၊ စစ်တွေခရိုင်အပါအဝင် ရခိုင်ပြည်နယ် အလယ်ပိုင်းတို့ကိုလည်း သွားလာခွင့် တားမြစ်သော်လည်း မဖြစ်မနေသွားလာရန် လိုအပ်မှသာ သွားလာရန်လည်းအကြံပြုထားတယ်။
၂၀၂၁ဖေဖော်ဝါရီလစစ်တပ်အာဏာသိမ်းချိန်မှစပြီးပစ်ခတ်မှုဗုံးပေါက်ကွဲများအပါအဝင်အကြမ်းဖက်တိုက်ခိုက်မှုအများအပြား နိုင်ငံတဝန်း သိသာစွာဖြစ်ပွားနေပြီးရန်ကုန်နှင့် နေပြည်တော်အပါအဝင်တိုက်ခိုက်မှုများမှာ စစ်တပ်သို့မဟုတ်စစ်တပ်နှင့်ဆက်စပ်နေသာနေရာများကိုပဲအဓိကပစ်မှတ်ထားနေတာပါ။ဒါပေမယ့်ဗြိတိန်လိုနိုင်ငံမျိုးကဒီလိုသတိပေးထားတဲ့အတွက်တော်ရုံနိုင်ငံခြားသားခရီးသည်လာရောက်ဖို့ဆိုတာမဖြစ်နိုင်သလောက်ပဲ၊။ဒီလိုအချိန်မှာစစ်ကောင်စီကနိုင်ငံခြားသားခရီးသွားဝင်ရောက်မှုကိုမြင့်တင်မယ်လို့အရူးချီးပန်းလျှောက်ပြောနေသေးတယ်။